ရုတ်တရက် နှလုံးသွေးကြောပိတ်ဆို့ခြင်းဆိုတာဟာ ယနေ့ခေတ်လို တိုးတက်ပြောင်းလဲနေတဲ့ ခေတ်ကြီးမှာ စောစောစီးစီး သေဆုံးမှုကိုဖြစ်စေနိုင်တဲ့ အဓိကအကြောင်းအရင်းတွေထဲက တစ်ခုအပါအဝင်ဖြစ်ပါတယ်။

ဒါပေမယ့် မုန်တိုင်းမလာခင် လေပြေအရင်လာတယ်ဆိုသလိုပဲ ရောဂါဆိုးကိုယ့်ဆီဖြစ်မလာခင် အရင်ပေါ်တတ်တဲ့ လက္ခဏာရပ်တွေက ဘာဖြစ်မလဲဆိုတာ ကြိုသိထားမယ်ဆိုရင် ကာကွယ်လို့ရနိုင်ပြီပေါ့။

အခုတခါဖော်ပြပေးမယ့် လက္ခဏာရပ်တွေကတော့ မိန်းကလေးတွေမှာ အဖြစ်များတဲ့ လက္ခဏာရပ်တွေဖြစ်ပါတယ်။

နောက်ကျော၊ ဇက်၊ မေးရိုးနှင့် လက်မောင်းတွေနာကျင်ခြင်း

Source: ambarspa.cl

ရုတ်တရက်နှလုံးသွေးကြောပိတ်ဆို့ခြင်းဟာ ရင်ဘတ် သို့မဟုတ် ဘယ်ဖက်လက်တွေမှာ နာကျင်ဝေဒနာကို ခံစားရခြင်းနဲ့ ဆက်စက်နေတတ်တာကြောင့် ဒီလိုလက္ခဏာတွေဟာ အတန်ငယ်ရှုပ်ထွေးနိုင်ပါတယ်။ နာကျင်ဝေဒနာဟာ ရုတ်ချည်းဆိုသလို ပေါ်ပေါက်လာပြီး တဖြည်းဖြည်းနဲ့ဆိုးရွားလာနိုင်ပါတယ်။ ညဖက်တစ်ရေးနိုးချိန်မှာတောင် အိပ်ရာကနိုးလာလောက်တဲ့အထိ နာကျင်စေမှာဖြစ်တာကြောင့် ဒီလိုမူမမှန်တဲ့ လက္ခဏာတွေ ကြုံလာရပြီဆိုရင် ဆရာဝန်နဲ့ပြသကြည့်ပါ။

ဝမ်းဗိုက် အင်မတန်စူးအောင့်ခြင်း

Source: Bustle

ရုတ်တရက်နှလုံးသွေးကြောပိတ်ဆို့ခြင်းရဲ့ အချက်ပြချက်တွေဟာ အစာအဆိပ်သင့်ခြင်း၊ ဖျားနာခြင်း သို့မဟုတ် ပြင်းပြင်းထန်ထန် ရင်ပူရင်ဆာဖြစ်ခြင်းတို့ရဲ့ လက္ခဏာတွေနဲ့ ဆင်တူလို့ အမှတ်မှားနိုင်ပါတယ်။

ဇောချွေးပြန်ခြင်း

Source: Secret

အမျိုးသမီးများကြားမှာ အဖြစ်များတဲ့ နောက်ထပ်လက္ခဏာတစ်ခုဖြစ်ပြီးတော့ စိတ်ဖိစီးမှုတွေနဲ့လည်း တစ်မျိုးတစ်ဖုံ စပ်ဆက်နေနိုင်ပါတယ်။ သို့သော်လည်း ဒီလိုလက္ခဏာမျိုးကို တခါမှမကြုံဖူးဘူးဆိုပါက ဆရာဝန်နဲ့ ပြသကြည့်သင့်ပါတယ်။

အသက်ရှူမဝဖြစ်ပြီး မူးဝေခြင်း

Source: Zee News

အကြောင်းအရင်းမရှိဘဲ အသက်ရှူရခက်ခဲလာခြင်းဟာလည်း ရုတ်တရက်နှလုံးသွေးကြောပိတ်ဆို့ခြင်းနဲ့ ဆက်စပ်နိုင်သလို အထူးသဖြင့် နောက်ထပ်လက္ခဏာရပ်တစ်ခုပါ ဆက်စပ်ပြီးပေါ်လာရင်တော့ သေချာပါတယ်။

ပင်ပန်းနွမ်းလျခြင်း

Source: Harvard Health – Harvard University

အကြာကြီးအနားယူပြီးတာတောင်မှ ပင်ပန်းနွမ်းလျမှုကို ပြင်းပြင်းထန်ထန်ခံစားနေရပြီး ပုံမှန်သန့်စင်ခန်းသွားတာလောက်ကိုတောင် မလုပ်နိုင်တော့ဘူးဆိုရင်တော့ ကိုယ့်ရဲ့နှလုံးသွေးကြောအလုပ်လုပ်မှုစနစ်ကို သေချာအာရုံစိုက်ဖို့ လိုအပ်နေပါပြီ။

ရင်ဘတ်အောင့်ခြင်း

Source: Medical News Today

ရင်ဘတ်အောင့်ခြင်း၊ နေလို့ထိုင်လို့မကောင်းဘူး၊ ရင်ပူခြင်း သို့မဟုတ် ရင်ဘတ်မှာဖိအားတစ်ခုခုရှိနေသလိုမျိုး ခံစားနေရတာမျိုးတွေက မိနစ်အနည်းငယ်အတွင်း ပျောက်မသွားပါက ဆရာဝန်နဲ့ချက်ချင်းသွားရောက်ပြသလိုက်ပါ။