အစားအစာထုတ်လုပ်သူတချို့က ဓာတုပစ္စည်းတွေ၊ စွဲလမ်းစေတဲ့ ဓာတ်တွေကို အစားအစာထဲမှာ ထည့်သွင်းကြသလို တချို့က အစားအစာတောင် အတုထုတ်သူတွေလည်းရှိပါတယ်။

ဒီလို အစားအစာတွေ စားသုံးမိလို့ အခက်မသင့်ရင် အစာအဆိပ်သင့်တာကို ဖြစ်စေတတ်ပါတယ်။

ဒါ့ကြောင့် အစာအဆိပ်သင့်တာမဖြစ်အောင် သိထားသင့်တဲ့ နည်းလမ်းလေးတွေကို ဝေမျှချင်ပါတယ်။

ဆန်

Source: pakrice.pk

တချို့ ဆန်တွေက ဆန် အစစ်တွေ မဟုတ်တော့ဘဲ ဓာတုနည်းအရ သို့ အာလူးကနေ ထုတ်လုပ်ထားတဲ့ ဆန်တွေလည်း ရှိနေပါပြီ။

ပွင့်ပွင့်လင်းလင်းပြောရရင် ဆန်အတုလို့ ပြောနိုင်ပါတယ်။ ဆန်ပုံစံအတိုင်းဖြစ်ပေမယ့် အရသာတော့ မကောင်းပါဘူး။

ဘယ်လို စစ်ဆေးမလဲ

ဆန် လက်ဖက်ရည်ဇွန်း ၁ ဇွန်းစာကိုယူပြီး မီးရှို့ ကြည့်လိုက်ပါ။ ဆန်အတုက ပလပ်စတစ်အနံ့လိုမျိုး မီးခိုးမည်းမည်းထွက်လာပါလိမ့်မယ်။

ပျားရည်

Source: emweddingavors.com

တချို့ ပျားရည် ထုတ်လုပ်တဲ့သူတွေက ပျားရည် အလေးချိန်များအောင် အင်္ကျီကပ်တဲ့ ကော်လိုမျိုးကို ထည့်တတ်ကြပါတယ်။

ဘယ်လို စစ်ဆေးမလဲ

ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်းကို ရေ အနည်းငယ်နဲ့ အတူ ခွက်ထဲကိုထည့်ပါ။

Iodine အနည်းငယ်ထည့်လိုက်ရင် အရောင်က အနက်ရောင်ဘက်ကိုပြောင်းသွားရင် ကော်ရောထားပါတယ်။

ဝိုင်

Source: www.winespectator.com

သောကြာနေ့ညလေးကို ဝိုင်လေး သောက်ပြီး ဖြတ်သန်းဖို့ စဉ်းစားချိန်မှာ ဝိုင်အတုနဲ့တွေ့ရင်တော့ ပျော်စရာလေးတွေ ပျက်သွားမှာပါ။

ဘယ်လို စစ်ဆေးမလဲ

စားပွဲပေါ်မှာ Baking Soda စားပွဲတင်ဇွန်း ၁ ဇွန်းကို တင်ထားလိုက်ပါ။ ဝိုင်စက်အနည်းငယ်ချက်လိုက်ပါ။ အပြာရောင်ပြောင်းသွားရင် ကောင်းပါတယ်။ ဝိုင်စစ်ပါတယ်။ ဒါပေမယ့် တခါတလေ ဝိုင် အပြင်းစားတွေက အရောင်မပြောင်းတတ်ပါဘူး။