ရေထဲမှာ ယောဂလုပ်လို့ရတယ်ဆိုတာ သိပါရဲ့လား ? ယောဂလို့ပြောလိုက်ရင် အများစုက ပုံမှန်အားဖြင့် ယောဂကို ဖျာပေါ်မှာဘဲ လေ့ကျင့်လို့ရတယ်လို့ သိထားကြပေမယ့် တကယ်တော့ ရေထဲမှာလည်း ယောဂလုပ်လို့ရပါတယ် ။ Aqua Yoga က စိတ်ရောကိုယ်ပါ အကျိုးရှိစေပြီး သက်ရောက်မှု နည်းတဲ့ လေ့ကျင့်ခန်းပါ။  ဒါကတော့ ရေထဲမှာလုပ်ရတဲ့ Aqua Yoga ရဲ့ကောင်းကျိုးတွေပါ။

ရေက အာရုံခံစားမှုကို သက်သာစေတာကြောင့် သင့်ခန္ဓာကိုယ်ကို အေးချမ်းစေနိုင်ပါတယ်။

ခန္ဓာကိုယ်တစ်ခုလုံးရဲ့လှုပ်ရှားမှုကို တိုးစေပြီး ပျော့ပြောင်းမှုနဲ့ရွေ့လျားမှုကို တိုးတက်ကောင်းမွန်အောင် ကူညီပေးနိုင်ပါတယ်။

အသက်ရှုလမ်းကြောင်းကို ကောင်းစေပြီး ပင်ပန်းနွမ်းနယ်မှုကို လျှော့ချပေးနိုင်ပါတယ်။

ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားဖို့အတွက်လည်း အထောက်အကူဖြစ်စေပါတယ်။

အာရုံကြောစနစ်ကို ပြေလျော့စေတာမလို့ စိတ်ကိုတည်ငြိမ်စေပြီး စိတ်ဖိစီးမှုကို လျော့စေတာမလို့ ညဘက် အိပ်မပျော်တာမျိုးတွေကို သက်သာပျောက်ကင်းစေပါတယ်။

စိုးရိမ်ပူပန်မှုနဲ့ တခြားစိတ်ကျန်းမာရေးပြဿနာတွေကိုလည်း သက်သာစေပါတယ်။

ကြွက်သားတွေကို သန်မာတင်းရင်းစေပြီး သွေးလည်ပတ်မှုကို အားကောင်းစေပါတယ်။