အများစုက လုပ်ငန်းခွင်မှာကနေ အနားယူပြီးရင် ဥယျာဉ်စိုက်မယ် ၊ အားကစားလုပ်မယ် ၊ ခရီးသွားမယ် စသဖြင့် အတွေးတွေနဲ့ နေရတာလွယ်ကူမယ်လို့ မျှော်လင့်တတ်ကြပါတယ်။ ဒါပေမယ့် အငြိမ်းစားယူပြီးရင် စိတ်ဓာတ်ကျတာက တစ်ချို့လူတွေအတွက်တော့ သဘာဝပါပဲ။ လေ့လာတွေ့ရှိချက်တွေအရ အငြိမ်းစားယူတဲ့ သုံးယောက်မှာ တစ်ယောက်က စိတ်ကျရောဂါကို ခံစားနေရပါတယ် ။

ဒါဆို စိတ်ကျရောဂါကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲ ?

ချိတ်ဆက်နေပါ

အထီးကျန်မှုကို တိုက်ဖျက်ဖို့ လူမှုရေးလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်ပါ။ အလုပ်မှာ မတွေ့ရတော့ပေမဲ့ သူငယ်ချင်းတွေ၊ မိသားစုနဲ့ လုပ်ဖော်ကိုင်ဖက်ဟောင်းတွေနဲ့ အဆက်အသွယ်ရှိပါစေ။

လုပ်ရိုးလုပ်စဉ်တစ်ခု ဖန်တီးပါ

စာဖက်တာ လေ့ကျင့်ခန်းလုပ်တာ ဒါမှမဟုတ် ဝါသနာပါတာတစ်ခုခုလုပ်ဖို့ နေ့စဉ်အချိန်ဇယား သို့မဟုတ် လုပ်ရိုးလုပ်စဉ်တစ်ခု ဖန်တီးပါ။

စိတ်ဝင်စားမှုအသစ်ရှာပါ

အငြိမ်းစားယူပြီးရင် အားလပ်ချိန်တွေက အရင်ကထက်များလာပြီမလို့ အရင်တုန်းက အချိန်မရှိတုန်းက သတိမထားမိခဲ့တဲ့ ဝါသနာ ဒါမှမဟုတ် စိတ်ဝင်စားမှုကို ရှာဖို့ အခွင့်အရေးတစ်ခုပါပဲ။

ကျန်းမာရေးကို ထိန်းသိမ်းပါ

လေ့ကျင့်ခန်းပုံမှန်လုပ်တာ ၊ မျှတတဲ့အစားအစာစားတာ ၊ လုံလောက်တဲ့အိပ်ချိန်ရှိတာတွေက ကျန်းမာရေးအတွက် အရေးကြီးတဲ့အချက်တွေပါပဲ။ ပ်ပိုင်းဆိုင်ရာ ကျန်းမာရေးက စိတ်ခံစားချက်နဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက်လည်း အရေးကြီးတာမလို့ ကျန်းမာရေးကို ထိန်းသိမ်းပါ။

သတိပဋ္ဌာန် ကျင့်ပါ

စိတ်ဖိစီးမှုကို လျော့ကျစေပြီး စိတ်ပိုင်းဆိုင်ရာ ခံနိုင်ရည်ရှိမှုကို တိုးမြင့်စေဖို့ သတိပဋ္ဌာန်နည်းလမ်းအချို့ကို စမ်းကြည့်ပါ။

ပြောင်းလဲဖို့ကြိုးစားပါ

အငြိမ်းစားယူပြီးနောက်ပိုင်း ကြုံလာရသမျှကို အပြုသဘောဆောင်ပြီး လက်ခံဖို့ ၊ အတွေ့အကြုံသစ်တွေကို စမ်းကြည့်ဖို့ ကြိုးစားပါ။