လူတော်တော်များများက သီချင်းနားထောင်ရတာကို သဘောကျကြပါတယ်။ ဂီတက စိတ်ခံစားချက်ကို မြှင့်တင်ပေးပြီး ခံစားချက်များကို လွှမ်းမိုးနိုင်တာကြောင့် စိတ်ခံစားချက်ကို ပိုပြီးကောင်းမွန်စေပါတယ်။ ဒါတာင်မကသေးပါဘူး။ သီချင်းနားထောင်တာက စိတ်ကို Relax ဖြစ်စေရုံသာမက စိတ်ကျန်းမာရေးကိုလည်း အများကြီးအထောက်အကူပြုပါတယ်။

လေ့လာမှုတစ်ခုအရ ဂီတကုထုံးက လူနာများကြားမှာ စိုးရိမ်ပူပန်မှုနဲ့ နာကျင်မှုကို ထိရောက်စွာ လျှော့ချပေးနိုင်ကြောင်း တွေ့ရှိခဲ့ပါတယ်။ ဒါကြောင့် သင်စိတ်ပင်ပန်းလာတဲ့အခါမျိုးမှာ အာရုံကြောတွေကို ငြိမ်သက်စေပြီး စိုးရိမ်ပူပန်မှုတွေကို ဖယ်ရှားဖို့ အကြိုက်ဆုံးသီချင်းတစ်ပုဒ်ကို နားထောင်ကြည့်ပါ။

အိပ်မပျော်တာက စိတ်ကျန်းမာရေးကို တိုက်ရိုက်အကျိုးသက်ရောက်စေနိုင်တာမလို့ အိပ်ရေးမဝတဲ့အခါ စိတ်က ဂနာမငြိမ်ဖြစ်နိုင်ချေများပါတယ်။ ညဘက်အိပ်ခါနီး သီချင်းနားထောင်ကြည့်ပါ။ အရွယ်ရောက်ပြီးသူတွေရဲ့ အိပ်မပျော်တဲ့ပြဿနာကို ဖြေရှင်းနို်င်ဖို့ အထောက်အကူပြုပါတယ်။

စိတ်ဖိစီးမှုက သင့်ရဲ့စိတ်ကျန်းမာရေးကို ထိခိုက်စေပါတယ်။ လေ့လာမှုတစ်ခုအရ ဂီတက ကော်တီဆောလို စိတ်ဖိစီးမှုဟော်မုန်းများ ထုတ်လုပ်မှုကို လျှော့ချပေးနိုင်ကြောင်း တွေ့ရှိခဲ့ပါတယ်။ ဒါကြောင့် နောက်တစ်ကြိမ် စိတ်ဖိစီးမှုတွေများရင် သီချင်းနားထောင်ပြီး အနားယူလိုက်ပါ။

လေ့လာမှုတစ်ခုအရ ဂီတဟာ မှတ်ဉာဏ်နဲ့ သိမြင်နိုင်စွမ်းကို တိုးတက်ကောင်းမွန်စေကြောင်း တွေ့ရှိခဲ့ပါတယ်။ ဒါ့အပြင် မှတ်ဥာဏ်ဆိုင်ရာလုပ်ဆောင်ချက်တွေကိုလည်း တိုးတက်စေတာမလို့ သင့်ရဲ့မှတ်ဥာဏ်အားကောင်းစေဖို့အတွက် မကြာမကြာ သီချင်းနားထောင်ပေးပါ။