ပျားရည်မှာ အမြင်အာရုံကျန်းမာရေးအတွက်အရေးကြီးတဲ့ အာဟာရဓာတ်များစွာ ကြွယ်ဝရုံသာမက ဇင့်ကဲ့သို့ မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်များလည်း အများအပြားပါဝင်ပါတယ်။ အမြင်အာရုံကိုလည်း တိုးတက် ကောင်းမွန်စေတဲ့အပြင် ရောင်ရမ်းမှုနဲ့ မျက်စိပိုးဝင်တာတွေကိုလည်း သက်သာစေပါတယ်။ မျက်လုံးနီတာ၊ ယားယံတာ၊ ယားယံတာတွေကို သက်သာစေဖို့ဆို ပျားရည်အနည်းငယ်နဲ့ မျက်လုံးကို ပွတ်တိုက်ပေးရုံပါပဲ။

ဒါတွေကတော့ မျက်လုံးအတွက် ပျားရည်ရဲ့အသုံးဝင်လွန်းတဲ့အချက်တွေပါ။

ပင်ပန်းနေတဲ့မျက်လုံးတွေကို လန်းဆန်းစေပါတယ်

ကွန်ပြူတာရှေ့မှာ နာရီပေါင်းများစွာ ထိုင်ရလို့ မျက်လုံးညောင်းလာရင် ပျားရည်ကို မျက်ခွံပေါ်လိမ်းပေးပါ။ နာရီဝက်ကြာပြီးရင် ပျားရည်ကို ရေအေးနဲ့ဆေးကြောပါ။ မျက်လုံးကို လန်းဆန်းစေပါတယ်။

Dry Eye Syndrome ကို လျှော့ချပေးပါတယ်

Dry Eye Syndrome ရဲ့ လက္ခဏာ မျက်လုံးတွေနာတာ ယားတာ နီတာ ဝါးတာတွေဖြစ်လာရင် သင်လုပ်ရမှာက ပျားရည်ကို ရေနွေးနွေးလေးနဲ့ဖျော်ပြီး မျက်လုံးကို သေချာဆေးကြောပါ။ ညအိပ်ရာဝင်ခါနီးတိုင်း လုပ်ပေးရင် အကျိုးသက်ရောက်မှုကို သိနိုင်မှာပါ ။

Macular Degeneration ကို ကာကွယ်ပေးပါတယ်

အသက်ကြီးလာတာနဲ့အမျှ အမြင်အာရုံတွေက အားနည်းလာပါတယ်။ ပျားရည်မှာ မျက်လုံးကြွက်သားများကို ကျန်းမာစေပြီး အကောင်းဆုံးလုပ်ဆောင်နိုင်စေဖို့ ကူညီပေးတဲ့ Antioxidant ဂုဏ်သတ္တိများ အပြည့်ပါဝင်ပါတယ်။ ဒါကြောင့် အသက် 25 နဲ့ 50 ဆိုရင် ပျားရည်ကို ပုံမှန်အသုံးပြုခြင်းဖြင့် မျက်စိအားကောင်းစေမှာ သေချာပါတယ်။

Glaucoma မှကာကွယ်ပေးပါတယ်

Glaucoma ဆိုတာ မျက်လုံးရဲ့အရှေ့ဘက်မှာ အရည်များစုပုံနေတာမျိုးပါ။ ပျားရည်ကို မျက်စဉ်းဆေးအနေနဲ့ ပုံမှန်အသုံးပြုပေးရင် ဒီရောဂါဖြစ်နိုင်ခြေကို 50% (6) လျော့နည်းစေပါတယ်။

မျက်မြှေးရောင်ခြင်းကို သက်သာစေပါတယ်

[

ကလေးငယ်တွေမှာ အဖြစ်များတဲ့ ဓာတ်မတည့်ခြင်းကြောင့် မျက်လုံးများ ယားယံတာ နာတာမျိုးဖြစ်လာရင် ပျားရည်ကို မျက်စဉ်းဆေးအနေနဲ့ သုံးပေးပါ။ မျက်မြှေးရောင်ခြင်းကို သက်သာစေပြီး မျက်စိမျက်နှာပြင်ကျန်းမာရေးကို ထိန်းသိမ်းပေးနိုင်ပါတယ်။

မျက်လုံး အရေးအကြောင်းများကို လျှော့ချပေးပါတယ်

နောက်ထပ်အသုံးဝင်လွန်းတဲ့အချက်ကတော့ အိုမင်းခြင်းရဲ့ လက္ခဏာဖြစ်တဲ့ မျက်လုံးတစ်ဝိုက်မှာရှိတဲ့ အရေးအကြောင်းတွေနဲ့ အစင်းကြောင်းတွေကို အံ့သြစရာကောင်းလောက်အောင် လျှော့ချပေးနိုင်တာပါ။ မျက်စိမှိတ်ထားပြီး ပျားရည်အနည်းငယ်ကို လိမ်းပြီး 15 မိနစ်ခန့် ထားပေးပါ။ ပြီးရင် ရေနွေးနွေးလေးနဲ့ ဆေးချလိုက်ပါ။