ကျွန်ုပ်တို့အများစုက ညဘက်မှာ ဘာမှမစားတော့ဘူးလို့ ဆုံးဖြတ်ချက်ချထားပေမယ့် ဗိုက်ဆာတဲ့အချိန်တိုင်း မနေနိုင်ဘဲ စားမိတတ်ကြပါတယ်။ ညဘက်ရောက်တဲ့အချိန် Mukbang Video တွေ၊ ဟမ်ဘာဂါ၊ ကြက်ကြော်၊ အာလူးကြော်နဲ့ ခေါက်ဆွဲပြုတ်တွေက သင့်ကို လက်ပြခေါ်နေတတ်ပါတယ်။ စားလိုက်တဲ့အချိန်မှာတော့ ခဏတာဗိုက်ဆာတာပျောက်သွားပေမယ့် နောက်နေ့မှာ ဗိုက်ထဲမအီမသာ ဖြစ်နေတတ်ပါတယ်။ ညဘက် အစားလျှော့စားတဲ့အချိန်ဆိုရင် နောက်နေ့ ပေါ့ပေါ့ပါးပါးနဲ့ ပိုနေလို့ကောင်းတာ သတိထားမိပါလိမ့်မယ်။ ဒီတော့ ညဘက်အများကြီးစားမိတတ်တဲ့ အကျင့်ကို ရှောင်နိုင်မယ့် နည်းလမ်းတွေကို ပြောပြပေးချင်ပါတယ်နော်။

၁။ များများစားပါ

Source: The Conversation

မနက်ပိုင်းနဲ့ နေ့လည်ပိုင်းမှာ များများစားပေးပါ။ တစ်နေ့လုံးဘာမှမစားမိဘဲ မနေပါနဲ့။ အမျှှင်ဓာတ်၊ ပရိုတင်းဓာတ်၊ ကျန်းမာတဲ့အဆီကြွယ်ဝတဲ့အစားအသောက်တွေနဲ့ အသီးအရွက်တွေကို များများစားပေးပါ။ ဒီအစားအစာတွေကိုစားထားတဲ့အခါ ဗိုက်ဆာဖို့ အခွင့်အရေးနည်းသွားပါတယ်။

၂။ တက်တက်ကြွကြွနေပါ

နေ့လည်ပိုင်းမှာ တက်တက်ကြွကြွနေပေးတာက ဇီဝဖြစ်စဉ်ကို ပိုမြန်စေပါတယ်။ လှုပ်လှုပ်ရှားရှားနေပေးတာကြောင့် နေ့လည်ချိန်ကတည်းက ဗိုက်ဆာပြီး စားဖို့ သတိရစေပါတယ်။ လေ့ကျင့်ခန်းမလုပ်ခင်နဲ့ လုပ်ပြီးနောက်မှာ စားပေးဖို့ မမေ့ပါနဲ့။

၃။ ကျန်းမာရေးနဲ့ညီညွတ်တာတွေစားပေးပါ

သရေစာကို ညဘက်မှာ တောင့်တတတ်တာက သရေစာအစားများလို့ပါ။ အဆိပ်ရှိတဲ့ အစားအသောက်က အဆိပ်ရှိတဲ့ အရာကိုပဲ တောင့်တနေတတ်ပါတယ်။ အသီးအရွက်တွေကို ပိုတောင့်တတဲ့ စိတ်ဖြစ်စေချင်ရင် အသီးအရွက်ပိုစားပေးပါ။

၄။ မအိပ်တာ

ညဘက်အိပ်ရေးမဝတာက ဆိုးကျိုးအများအပြားဖြစ်စေပါတယ်။ အိပ်ရေးမဝတဲ့အခါ အဆီများတဲ့ အစားအသောက်တွေကို ပိုတောင့်တတတ်ပါတယ်။ အိပ်ချိန်ကို အနည်းဆုံး (၇) နာရီရအောင်ထားပေးပါ။

၅။ ဝယ်တဲ့အခါ

စျေးထွက်ကတည်းက ကျန်းမာရေးနဲ့ညီညွတ်တာတွေပဲ ဝယ်ပါ။ ရေခဲသေတ္တာထဲမှာ အသီးအရွက်တွေပဲ နေရာယူထားပါစေ။ လိမ္မော်သီး၊ ပန်းသီး၊ ဘယ်ရီသီးနဲ့ ဒိန်ချဉ်စတာတွေပါ။

၆။ လက်ရှိကာလမှာပဲနေပါ

ကိုယ်စားချင်တဲ့ အဆီများတဲ့အစားအသောက်တွေကို မစားခင် အရင်စဉ်းစားပါ။ စားဖို့ လက်လှမ်းလိုက်တဲ့အချိန်တိုငး်သင့်ရဲ့ ရည်မှန်းချက်ကို သတိရပေးပါ။

၇။ ချရေးပါ

Source: Freepik

ကိုယ်စားတဲ့ အစားအသောက်တွေကို ချရေးထားပါ။ ကိုယ်စားသမျှကို ရိုးရိုးသားသားရေးပေးပါ။ နေ့လည်က စားထားတာတွေကို ပြန်စဉ်းစားကြည့်တဲ့အခါ ညဘက်မှာ လျှော့စားဖို့ သတိပေးသလို ဖြစ်စေပါတယ်။