ကင်ဆာရောဂါဟာ ရောဂါကိုစပြီးရှာဖွေတဲ့အချိန်ကစပြီး ဘဝလမ်းကြောင်းကိုပြောင်းလဲစေတဲ့ ကုသမှုအမျိုးမျိုးအထိ စိန်ခေါ်မှုများနဲ့ ပြည့်နှက်နေတဲ့ ခရီးပါ။ ကင်ဆာရောဂါကို တိုက်ဖျက်ရာမှာ ကြီးမားတဲ့ ခံနိုင်ရည်နဲ့ ရဲစွမ်းသတ္တိ လိုအပ်ပါတယ်။

မသေချာမရေရာမှုများနဲ့နေထိုင်ခြင်း သို့မဟုတ် ဓာတုကုထုံးနဲ့ ဓာတ်ရောင်ခြည်ကုထုံးများရဲ့ ဘေးထွက်ဆိုးကျိုးအမျိုးမျိုးက သည်းခံမှု ခံနိုင်ရည်ရှိမှုကို အမျိုးမျိုးစမ်းသပ်နေပါတယ်။ အသက်ရှင်ကျန်ရစ်သူတိုင်းဟာ စိတ်ပိုင်းဆိုင်ရာခိုင်ခိုင်မာမာနဲ့ ရောဂါကို တွန်းလှန်ခဲ့တာကြောင့် ဘဝရဲ့ နေ့ရက်တိုင်းကို အရင်ကထက် ပိုတန်ဖိုးထားကြပါတယ်။

ဒါကြောင့် ကင်ဆာရောဂါရှင်များ စိတ်ပိုင်းဆိုင်ရာခိုင်ခိုင်မာမာနဲ့ ကျန်းမာပျော်ရွှင်စွာနေထိုင်နိုင်ဖို့ အကြံပြုချက်များကို ဝေမျှလိုက်ပါတယ်။

ကျန်းမာသောလူနေမှုပုံစံနဲ့နေထိုင်ပါ

အာဟာရကြွယ်ဝတဲ့ အစားအစာကို အာရုံစိုက်ပြီး ရေဓာတ်ပြည့်ဝအောင် နေထိုင်ခြင်းဖြင့် ကျန်းမာတဲ့ နေထိုင်မှုပုံစံကို ခံယူပါ။ ပြုပြင်ထားတဲ့ အစားအစာများနဲ့ သကြားပါတဲ့ အစားအစာများ အချိုရည်များကို ရှောင်ကြဥ်ပါ။ ကျန်းမာရေးအတွက် ခွင့်ပြုထားတဲ့ ပုံမှန် ကိုယ်လက်လှုပ်ရှားမှုကို လုပ်ဆောင်ပါ။

မိမိကိုယ်ကို ဂရုစိုက်မှုကို ဦးစားပေးပါ

စိတ်ဖိစီးမှုကို လျှော့ချပါ။ အသက်ပြင်းပြင်းရှူလေ့ကျင့်ခန်း၊ တရားထိုင်ခြင်း၊ ယောဂကျင့်ခြင်း စတဲ့ စိတ်ဖိစီးမှုကို လျှော့ချဖို့ ကူညီပေးတဲ့လှုပ်ရှားမှုများကို လုပ်ဆောင်ပါ။

ပုံမှန်စစ်ဆေးပါ

ဆရာဝန်နဲ့ ပုံမှန်နောက်ဆက်တွဲ ချိန်းဆိုမှုတွေက ကျန်းမာရေးကို စောင့်ကြည့်ဖို့၊ ကုသမှုဆိုင်ရာ နောက်ဆက်တွဲများနဲ့ စိုးရိမ်မှုများကို ဖြေရှင်းဖို့အတွက် မရှိမဖြစ်လိုအပ်ပါတယ်။ သတိပြုမိတဲ့ လက္ခဏာအသစ်များ ဒါမှမဟုတ် အပြောင်းအလဲများကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပါ။

ကင်ဆာအကြောင်းပိုမိုလေ့လာပါ

သီးခြားကင်ဆာအမျိုးအစား၊ ကုသမှုရဲ့ ရေရှည်ဘေးထွက်ဆိုးကျိုးများနဲ့ အကြံပြုထားတဲ့ လူနေမှုပုံစံပြောင်းလဲခြင်းအကြောင်း သင့်ကိုယ်သင် အသိပညာပေးပါ။

ကင်ဆာအန္တရာယ်များကို ရှောင်ကြဉ်ပါ

ကြိုတင်ကာကွယ်မှုကို ဦးစားပေးလုပ်ဆောင်ပါ။ကင်ဆာစစ်ဆေးမှုများအပြင် သင့်အသက်အရွယ်နဲ့ ဖြစ်နိုင်ချေရှိတဲ့ရောဂါများအတွက် စစ်ဆေးမှုများကိုလည်း လိုက်နာပါ။