ဖိအိပ်မိလို့ပဲဖြစ်ဖြစ်၊ အလေးမထားလို့ပဲဖြစ်ဖြစ် အကြောင်းအမျိုးမျိုးကြောင့် လက်မောင်းနာနေတာကို သက်သာအောင်လုပ်ပေးနိုင်မယ့် သဘာဝနည်းလမ်းကောင်းတွေကို မျှဝေပေးလိုက်ပါတယ်။

Massage လုပ်ပေးခြင်း

အရင်ဆုံး အုန်းဆီ – စားပွဲတင်ဇွန်း ၁ ဇွန်းကို အပူပေးပြီး နွေးလာအောင်လုပ်ပါ။ နွေးလာပြီဆိုရင်တော့ အုန်းဆီကို နာကျင်တဲ့နေရာမှာ ပွတ်လိမ်းပေးပြီး ဖြေးဖြေးချင်းစီ massage လုပ် နှိပ်နယ်ပေးပါ။ ဒီလိုလုပ်ပေးခြင်းက သွေးလည်ပတ်မှုကောင်းမွန်စေပြီး လက်မောင်းနာတာ သက်သာစေပါတယ်။

ဂျင်း

ဂျင်းလက်ဖက်ရည်ကို တစ်နေ့ ၃ ခွက် ပုံမှန်သောက်ပေးခြင်းကလည်း လက်မောင်းနာတာကို သက်သာစေပြီး သွေးလည်ပတ်မှု ကောင်းမွန်စေပါတယ်။

Apple cider vinegar

ရေချိုးဇလုံထဲကို apple cider vinegar – ၂ ခွက်ထည့်ပြီး မိနစ် ၃၀ လောက် ဝင်စိမ်ပေးပါ။ ဒီလိုလုပ်ပေးခြင်းက လက်အောင်းနာတာကို သက်သာစေပြီး နာကျင်ခြင်းနဲ့ ရောင်ရမ်းခြင်းတွေကိုပါ သက်သာစေပါတယ်။

Lavender oil

ရေချိုးဇလုံထဲကို lavender oil – ၅ စက်လောက်ထည့်ပြီး မိနစ် ၃၀ ဝင်စိမ်ပေးခြင်းကလည်း လက်မောင်းနာတာကို သက်သာစေပါတယ်။ ကြွက်သားတွေ relax ဖြစ်ပြီး နာကျင်ခြင်းတွေ လျော့ကျစေပါတယ်။

နနွင်းမှုန့်

နနွင်းမှုန့် – လက်ဖက်ရည်ဇွန်း ၂ ဇွန်းနဲ့ အုန်းဆီ – လက်ဖက်ရည်ဇွန်း ၁ ဇွန်းတို့ကို ရောမွှေပြီး နာကျင်တဲ့ လက်မောင်းနေရာကို လိမ်းပေးပါ။ တစ်နေ့ ၂ ကြိမ် လိမ်းပေးရပါမယ်။ ဒီလိုလုပ်ပေးခြင်းကလည်း နာကျင်တာ၊ ရောင်ရမ်းတာတွေကို သက်သာစေပါတယ်။