ရုပ်ရှင်တွေထဲမှာ  နှလုံးရောဂါရှိတဲ့လူတစ်ယောက်  ရင်ဘတ်ကို ဖိထားပြီး နာကျင်စွာ ညည်းတွားနေရင်း လဲကျတာကို မြင်ဖူး ကြမှာပါ။ နှလုံး ဖောက်တဲ့အခါ ခံစားရတဲ့နာကျင်မှုက သိသာချင်မှသိသာမှာပါ။ ဒါကြောင့် သင့်မှာ နှလုံးရောဂါ ရှိနေတယ် ဆိုရင် နှလုံးရောဂါဖောက်လာခဲ့ရင် 9-1-1 ကို ချက်ချင်းခေါ်ဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် ရုတ်တရက် ရင်ဘတ်အောင့်တဲ့ အခါ လူတိုင်းသတိထားမိတဲ့  ထင်ရှားတဲ့ လက္ခဏာ မပြဘူးဆိုရင်တော့  ဒါဟာ အသံတိတ်နှလုံးဖောက်တာလို့ ခေါ်တာပါ။ နှလုံးမှာ သွေး မလည်ပတ်တာကြာလေ၊ ထိခိုက်မှုတွေ ပိုများလေပါပဲ။အသံတိတ်နှလုံးဖောက်တာကို  သတိမထားမိကြတာ ကြောင့် ကုသမှုခံယူဖို့မမှီလိုက်ဘဲ အသက်ဆုံးရှုံးနိုင်ပါတယ်။ ဒါပေမယ့် အသံတိတ်နှလုံး ဖောက်တာရဲ့ လက္ခဏာ (၄) ချက် သိထားခဲ့ရင်တော့ သင့်ဘက်က ကြိုတင်ပြင်ဆင်ထားလို့ရပါတယ်။

ရင်ဘတ်အောင့်ခြင်း၊ ဖိအားများခြင်း သို့မဟုတ် မသက်မသာဖြစ်ခြင်း

နှလုံးဖောက်တာရဲ့ နာကျင်မှုက ရုတ်တရက်ဖြစ်ပြီး ပြင်းထန်သောကြောင့် မှတ်မိဖို့ လွယ်ကူသလို  တစ်ခါတစ်လေမှာ ရင်ဘတ်ရဲ့အလယ်မှက  အနည်းငယ်နာကျင်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဖိအားများတာ ဖျစ်ညှစ်သလိုမျိုး ခံစားရတာတွေ ကလည်း ဖြည်းဖြည်းချင်းဖြစ်လိုက် ပျောက်သွားလိုက်နဲ့ မကြာခဏဖြစ်တတ်ပါတယ်။ ဒါပေမယ့် သင့်ခန္ဓာကိုယ်ကို သင် အသိဆုံးပါ။ တစ်ခုခု မမှန်ဘူးလို့ ခံစာနေရပြီဆိုရင်တော့  ဆရာဝန် ဒါမှမဟုတ် အရေးပေါ်ခန်းကို သွားဖို့ လိုအပ်နေပါပြီ။

ခန္ဓာကိုယ်ရဲ့တခြားနေရာတွေမှာ အဆင်မပြေခြင်း

နှလုံးရောဂါက နှလုံးကို ထိခိုက်စေရုံသာမကဘဲ ခန္ဓာကိုယ်တစ်ခုလုံးကိုပါ သက်ရောက်မှုရှိစေပါတယ်။ လက္ခဏာတွေက တစ်ယောက်နဲ့တစ်ယောက်မတူညီကြပေမယ့် နှလုံးဖောက်ခြင်းရဲ့ ထင်ရှားတဲ့ လက္ခဏာတွေထဲကမှ တစ်ခုခုကို ခံစာနေရပြီ လို့  ထင်နေမိရင်တော့  လျစ်လျူရှုမထားဘဲ သတိ ထားသင့်ပါတယ်။

အသက်ရှုရခက်ပြီး ခေါင်းမူးခြင်း

အသက်ရှူကြပ်တာ ဒါမှမဟုတ် ရင်ဘတ်အောင့်ပြီး အသက်ရှူကြပ်တာတွေက အသံတိတ်နှလုံးဖောက်ခြင်းမှာ အဖြစ်များ တဲ့ လက္ခဏာတစ်ခုပါ။ အမျိုးသားရော အမျိုးသမီးမှာပါ ဖြစ်ပွားနိုင်ပေမယ့် အမျိုးသမီးတွေမှာ အသက်ရှုကြပ်တာ ပိုအဖြစ် များပါတယ်။ ပုံမှန်လုပ်နေကြ အလုပ်တွေလုပ်နေတဲ့အချိန်မှာတောင် အသက်ရှူကြပ်တာမျိုး ဖြစ်နေပြီဆိုရင်တော့ သေချာ စစ်ဆေးသင့်ပါတယ်။

ပျို့အန်ပြီး ချွေးထွက်များခြင်း

ချွေး‌စေးတွေပြန်တာ ၊ ပျို့အန်တာနဲ့  အော့အန်တာတို့က  တုပ်ကွေးရဲ့ လက္ခဏာများ ဖြစ်ပေမယ့် အသံတိတ် နှလုံးဖောက် ခြင်းရဲ့ လက္ခဏာများလည်း ဖြစ်ပါတယ်။ နှလုံးဖောက်ခြင်းရဲ့ အသံတိတ်လ က္ခဏာတွေကို သတိထားဖို့က အရေးကြီး ပေမယ့် ဒီအချက်တွေကိုလည်း လျစ်လျူရှုလို့ မရပါဘူး။ရောဂါလက္ခဏာများ ခံစားရပါက 9-1-1 သို့ခေါ်ဆိုပါ။ အရေးပေါ် ကုသမှု စောစောခံယူတာက နှလုံးဖောက်ခြင်းကနေ အသက်ရှင် လွတ်မြောက်ဖို့ ဖြစ်နိုင်ခြေပိုများပါတယ်။