အရက်၊ စိတ်ဖိစီးမှုနဲ့ ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေက Atrial Fibrillation (AFIB) လို့ခေါ်တဲ့ နှလုံးသွေးကြောကျဉ်းခြင်းရောဂါဖြစ်ဖို့အတွက် အစပျိုးစေတဲ့အရာတွေပါ။လေ့ကျင့်ခန်းပုံစံအများစုက နှလုံးကျန်းမာရေးအတွက် အကျိုးပြုပြီးနှလုံးသွေးကြောကျဉ်းခြင်းရောဂါ နဲ့ သူ့ရဲ့ရောဂါလက္ခဏာတွေကို ကာကွယ်ပေးနိုင်ပေမယ့် လေ့ကျင့်ခန်းက အမြဲတမ်းကာကွယ်မှုတော့မလုပ်နိုင်ပါဘူး။

ဆိုလိုတာက အပျော့စား ဒါမှမဟုတ် အလယ်အလတ်ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေက ပုံမှန်အားဖြင့် AFIB ဖြစ်ပွားနိုင်မှုကို ကာအကွယ်ပေးနိုင်ပေမယ့် ပြင်းထန်သောလေ့ကျင့်ခန်းတွေကတော့ Atrial Fibrillation (AFIB) ဖြစ်နိုင်ခြေကို ပိုများစေပါတယ်။ လေ့ကျင့်ခန်း များများလုပ်လေ၊ Atrial Fibrillation (AFIB) ဖြစ်နိုင်ခြေလျော့လေဖြစ်ပေမယ့် သတ်မှတ်ထားတဲ့ပမာဏထက်ပိုပြီး လေ့ကျင့်ခန်းလုပ်ရင်တော့ ဖြစ်နိုင်ချေပိုများပါတယ်။

ဒါကြောင့် နှလုံးခုန်မမှန်တာကို ကောင်းကောင်းနေနိုင်စေဖို့ အဖျော်ယမကာနဲ့ စိတ်ဖိစီးမှုတွေကို ရှောင်ကြဉ်ဖို့ လိုအပ်ပြီး သင့်တော်တဲ့လေ့ကျင့်ခန်းတွေကို မှန်မှန်ကန်ကန်လုပ်ပေးဖို့ လိုအပ်ပါတယ်။ ဒါကြောင့် Atrial Fibrillation (AFIB) အတွက် လုပ်ပေးသင့်တဲ့ အကျိုးရှိတဲ့လေ့ကျင့်ခန်းတွေကို ဖော်ပြလိုက်ပါတယ်နော်။

လမ်းလျှောက်ခြင်း

လမ်းလျှောက်တာက အန္တရာယ်နည်းပါးတဲ့ လှုပ်ရှားမှုတစ်ခုဟု ထင်ရပေမယ့် ပထမဆုံးနေ့စဉ် ၅ မိနစ်ကနေ ၁၀ မိနစ်လောက်သာ လမ်းလျှောက်သင့်ပြီး နောက်မှ တဖြည်းဖြည်းချင်း တစ်မိနစ် ဒါမှမဟုတ် နှစ်မိနစ်လောက် ပေါင်းပေးပါ။

ရေကူးခြင်း

ရေကူးတာက Atrial Fibrillation (AFIB) အတွက် သင့်တော်ပေမယ့် ရေထဲမှာ အသက်ရှုမဝသလို ရုန်းကန်နေရသလို ခံစားရရင် ရေကူးကန်ထဲမှာ ခဏလောက်နားဖို့ မမေ့ပါနဲ့။

စက်ဘီးစီးခြင်း

စက်ဘီးစီးတဲ့အခါ ပုံမှန်လေးနင်းတာက Atrial Fibrillation (AFIB) အတွက် ကောင်းတဲ့ လှုပ်ရှားမှုပုံစံတစ်ခု ဖြစ်ပေမယ့် အမြန်နင်းတာမျိုးမဖြစ်ဖို့တော့ အရေးကြီးပါတယ်။

ကိုယ်လက်လှုပ်ရှားခြင်း

ကိုယ်လက်လှုပ်ရှားတယ်ဆိုတာက လေ့ကျင့်ခန်းသီးသန့်လုပ်တာမျိုးကိုဆိုလိုတာမဟုတ်ဘဲ အိမ်မှာ အပင်စိုက်တာ ရေလောင်းပေါင်းသင်တာမျိုးကို ဆိုလိုတာပါ။

ယောဂ

တစ်ပတ်ကို နှစ်ကြိမ်၊ တစ်ကြိမ်ကို မိနစ် ၆၀ လောက် ယောဂကျင့်ပေးတာက စိတ်ဓာတ်ကျခြင်းနဲ့ စိုးရိမ်ပူပန်မှုတို့ကို လျှော့ချပေးပြီး နှလုံးခုန်နှုန်းနဲ့ သွေးပေါင်ချိန်ကို ကောင်းမွန်စေပါတယ်။