တချို့လူတွေက ရေကူးရတာကို ကြိုက်ကြပြီး တချို့ကတော့ ရေကူးရတာကို မကြိုက်ကြပါဘူး။ ဘာဖြစ်ဖြစ် ရေကူးတာကိုသင်ရတာ ကောင်းပါတယ်။ ဒါပေမယ့် လူတော်တော်များများက ရေကူးနည်းကို သင်ထားကြပေမယ့် ရေမကူးဖြစ်ကြပါဘူး။ တကယ်တော့ ရေကူးတာက သင့်ကျန်းမာရေးအတွက် အရမ်းကောင်းပါတယ် ။ကိုယ်အလေးချိန်ချဖို့ ဒါမှမဟုတ် နည်းနည်းပိုကြံ့ခိုင်ဖို့အတွက် လေ့ကျင့်ခန်းလုပ်ဖို့တွေးနေရင် ရေကူးတာက သင့်အတွက် အဖြေဖြစ်နိုင်ပါတယ်။ သူ့မှာ အကျိုးကျေးဇူးတွေ အများကြီးရှိပြီး စိတ်ကို ပြေလျော့စေပါတယ်။

ကယ်လိုရီတွေကို လောင်ကျွမ်းစေမယ်၊ ကြံ့ခိုင်မှုကို မြှင့်တင်ပေးပြီး ကြွက်သားတွေကို ပျော့ပျောင်းလာစေတယ်ဆိုတာ အသေချာပါ။ ဒါတွေအားလုံးဟာ ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းရဲ့ အကျိုးကျေးဇူးတွေပါပဲ ။

ရေကူးတာက အဆုတ်စွမ်းရည်ကို မြှင့်တင်ပေးနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ရေကူးတဲ့အခါ အဆုတ်မှာ လေအလုံအလောက်ရှိစေဖို့ ကြိုးစားရတာကြောင့် အဆုတ်စွမ်းရည်ဟာ တိုးတက်လာပါလိမ့်မယ်။

ပုံမှန်ရေကူးပေးရင် စိတ်ဖိစီးမှုအဆင့်ကို လျော့ကျစေကာ စိုးရိမ်ပူပန်မှုနဲ့ စိတ်ဓာတ်ကျခြင်းကို လျှော့ချနိုင်တာကြောင့် စိတ်ဖိစီးမှုတွေကို ပြေလျော့စေပါတယ်။

နှလုံးသွေးကြောဆိုင်ရာအတွက် လေ့ကျင့်ခန်းကောင်းတစ်ခုဖြစ်သလို တစ်ပတ်လျှင် မိနစ် 30 ခန့် ရေကူးတာက နှလုံးရောဂါ၊ လေဖြတ်ခြင်းနဲ့ 2 ဆီးချိုရောဂါတို့ကို ကာကွယ်ပေးနိုင်ပြီး ရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။

ရေကူးတာက ဘယ်လောက်ကြာကြာဖြစ်နေပါစေအုန်း သင့်ကိုချွေးထွက်တယ်လို့ မခံစားစေရတာကြောင့် လေ့ကျင့်ခန်းလုပ်တဲ့အခါ ချွေးထွက်များတာကို မကြိုက်တဲ့လူတွေအတွက် အသင့်တော်ဆုံးလေ့ကျင့်ခန်းပါပဲ။