အုန်းနို့ဟာ အရသာရှိတဲ့ အပင်နို့တစ်မျိုးဖြစ်ပြီး အုန်းနို့ကို ဟင်းချက်တဲ့နေရာမှာ အသုံးများလေ့ရှိပါတယ်။ စူပါမားကတ်တွေမှာ အလွယ်တကူရရှိနိုင်တဲ့အုန်းနို့မှာ ကျန်းမာရေးအတွက် များလွန်းတဲ့အကျိုးကျေးဇူးတွေ များစွာရှိပါတယ်။

အုန်းနို့ဟာ တခြားသော အပင်နို့တွေထက် အဆီပိုများပေမယ့် သူ့မှာပါဝင်တဲ့ lauric acid အပါအဝင် Medium-Chain Fatty Acid က အရေပြားကျန်းမာရေးအတွက် များစွာအကျိုးပြုပါတယ်။

ညင်သာစွာ ချိုမြိန်သော အရသာရှိပြီး ၎င်းသည် နွဖြစ်လာစေကာ အထူးသဖြင့် အုန်းနို့ရဲ့အရသာက နွားနို့နဲ့ အရသာဆင်တူတာကြောင့် သက်သတ်လွတ်စားသူများအတွက် နွားနို့အစားထိုး ပြီးပြည့်စုံတဲ့ရွေးချယ်မှုပါ။

အုန်းနို့မှာ ရောဂါပိုးများနဲ့ ဗိုင်းရပ်စ်များကို တိုက်ထုတ်ဖို့ ခန္ဓာကိုယ်ကို ထောက်ပံ့ပေးနိုင်တဲ့ Monolaurin ပါ၀င်ပါတယ်။

အုန်းနို့မှာ အဆီပါဝင်မှု မြင့်မားတာကြောင့် ကြာရှည်စွာ ဗိုက်ပြည့်စေနိုင်ပါတယ် စားချင်စိတ်ကို လျှော့ချပေးတာကြောင့် ကိုယ်အလေးချိန် လျော့ကျစေနိုင်တဲ့အတွက် ဝိတ်လျော့သူများအတွက် သင့်တော်ပါတယ်။