ဂျင်းကို နေ့တိုင်း တစ်လလောက်စားဖို့ စီစဉ်နေလား? ဂျင်းကိုနေ့တိုင်းစားပေးရင် ကျန်းမာရေးအကျိုးကျေးဇူးတွေ အများကြီးရှိပါတယ်။ ဂျင်းတစ်ခြမ်းကို နေ့တိုင်း ကိုက်စားစရာမလိုပါဘူး။ 1.5 စင်တီမီတာလောက်ရှိတဲ့ အတုံးကြီးတစ်တုံးကို အတုံးသေးသေးလေးတွေဖြစ်အောင် လှီးပြီး ဖျော်ရည်၊ လက်ဖက်ရည် ဒါမှမဟုတ် ဟင်းနဲ့ ရောမွှေလိုက်ပါ။ ဒီအရာက သင့်ခန္ဓာကိုယ်အတွက် ဘာအကျိုးရှိလဲ သိချင်ပါသလား။

ဂျင်းမှာပါဝင်တဲ့ ရောင်ရမ်းမှုကိုဆန့်ကျင်တဲ့ အာနိသင်က ခန္ဓာကိုယ်တွင်း ရောင်ရမ်းမှုကို လျော့ကျတာမြန်စေပါတယ်။

ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် ဓာတုကုထုံးခံယူထားသူများ မနက်ခင်းမှာ မကြာခဏ ပျို့အန်တတ်ပါသလား ? ဂျင်းကိုနေ့စဉ်စားပေးရင် ပျို့အန်တာ သက်သာသွားပါလိမ့်မယ်။

ကြွက်သားနာကျင်တာ ခြေလက်များနာကျင်တာကိုခံစားနေရရင် ဂျင်းကိုနေ့တိုင်းစားပေးပါ။ နာကျင်မှုကို တဖြည်းဖြည်း သက်သာစေပါတယ်။

ဝမ်းချုပ်တဲ့ဝေဒနာခံစားနေရရင် ဂျင်းကိုနေ့တိုင်းစားပေးပါ။ ဝမ်းမှန်စေဖို့ သင့်ကိုကူညီပေးပါလိမ့်မယ်။

ရာသီလာနေစဥ် ခံစားရတဲ့ ဗိုက်အောင့်ဝေဒနာကို သက်သာစေဖို့ ဂျင်းကိုနေ့စဥ်စားပေးရင် အကိုက်အခဲပျောက်ဆေးများသောက်သလို သက်သာမှာပါ။

ဂျင်းကို နေ့တိုင်း တစ်လလောက်စားပေးရင် ခန္ဓာကိုယ်ထဲက မကောင်းတဲ့ ကိုလက်စထရောတွေကို လျှော့ချပေးနိုင်ပါတယ်။

ဂျင်းမှာပါတဲ့ ရောင်ရမ်းမှုကို ဆန့်ကျင်တဲ့ ဂုဏ်သတ္တိတွေက ကိုယ်ခံအားစနစ်ကို အားကောင်းစေပါတယ်။ အအေးမိတဲ့အခါမျိုးမှာ ဂျင်းက သင့်ကို အအေးမိပျောက်တာမြန်အောင် ကူညီပေးနိုင်ပါတယ်။