တချို့လူတွေသေဆုံးတဲ့အခါ သူတို့ခန္ဓာကိုယ်ရဲ့ အင်္ဂါအစိတ်အပိုင်းကို တခြားလိုအပ်တဲ့လူတွေကို လှူဒါန်းပေးလေ့ရှိပါတယ်။ ဒါပေမယ့် လူတော်တော်များများအတွက်ကတော့ ကိုယ်တွင်းအင်္ဂါ လှူဒါန်းတာက သူတို့အတွက် စိတ်မသက်မသာဖြစ်စေလို့ပါ။ ဘာလို့လဲဆိုတော့ ကိုယ်တွင်းအင်္ဂါ လှူဒါန်းတာက သေဆုံးမှုအကြောင်းကို တွေးတောမိတာကြောင့်ပါ။

ဒါပေမယ့် သင် သို့မဟုတ် သင်ချစ်ခင်ရသူတစ်ယောက်ယောက် အစားထိုးကုသမှု စောင့်ဆိုင်းစာရင်းမှာ ဒါမှမဟုတ် ကိုယ်အင်္ဂါအစိတ်အပိုင်း လှူဒါန်းမှုကို လက်ခံမယ့်သူဆိုရင်တော့ အံ့သြဖွယ်ကိုယ်တွင်းအင်္ဂါအလှူကို သင်နားလည်နိုင်မှာပါ။

ကိုယ်တွင်းအင်္ဂါ အလှူရှင်တွေက လူရှစ်ဦးကို ကယ်တင်နိုင်ပြီး အသက် ၇၅ဝ ကျော်ကို မြှင့်တင်ပေးနိုင်ပါတယ်။

အမြင်အာရုံ

သင်ပြန်ပေးနိုင်တဲ့ အထူးခြားဆုံးနည်းလမ်းတွေထဲက တစ်ခုကတော့ တစ်စုံတစ်ယောက်ရဲ့ အမြင်အာရုံကို ပြန်လည်ထူထောင်ဖို့ပါပဲ။ သင်ကမျက်ကြည်လွှာအလှူရှင်ဖြစ်ပါက သင့်အလှူကြောင့် လူနှစ်ဦးအထိ အမြင်အာရုံပြန်လည်ကောင်းမွန်နိုင်ပါတယ်။

နှလုံး

နှလုံးရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါ သို့မဟုတ် မွေးရာပါနှလုံးရောဂါ (မွေးရာပါနှလုံးချို့ယွင်းချက်) လို နှလုံးရောဂါရှိသူတချို့အတွက် နှလုံးအစားထိုးကုသမှုများ လိုအပ်နေပါတယ်။ အစားထိုးကုသခြင်းမရှိဘဲ ရေရှည်အသက်ရှင်နိုင်မှာမဟုတ်ပါဘူး။ ကွယ်လွန်သူ အလှူရှင်ထံမှ လှူဒါန်းတဲ့ နှလုံးဟာ လက်ခံသူနဲ့ သွေးအမျိုးအစား ၊ ခန္ဓာကိုယ်အရွယ်အစားကိုက်ညီမှသာ လှူဒါန်းနိုင်မှာပါ။

အဆုတ်

နာတာရှည် အဆုတ်ရောဂါရှိသူအတွက် အဆုတ်အသစ်တစ်ခုရမှသာ နဂိုအတိုင်း အသက်ရှူခြင်းကို ပေးစွမ်းနိုင်မှာပါ။ အဆုတ်အသစ်ကို စောင့်ဆိုင်းနေသူ အများစုဟာ အသက် ၅၀ နဲ့ ၆၄ နှစ်ကြား အရွယ်များ ဖြစ်ကြပါတယ်။

ကျောက်ကပ်

အသက်ကယ်ကိုယ်တွင်းအင်္ဂါအစားထိုးကုသမှုအတွက် စောင့်ဆိုင်းနေသူအများစုဟာ ကျောက်ကပ်လိုအပ်သူများပါ။ လှူဒါန်းလာမယ့်ကျောက်ကပ်ကို စောင့်မျှော်ရင်း ကျောက်ကပ်ပိုပြီးမပျက်စီးအောင် ကာကွယ်ပေးတဲ့ ခက်ခဲကြမ်းတမ်းတဲ့ ကျောက်ကပ်ဆေးခြင်းလုပ်ငန်းစဉ်ကို လုပ်ရင်း ကြံ့ကြံ့ခံနေကြရပါတယ်။ ကျောက်ကပ်အစားထိုးကုသမှုခံယူပြီးရင်တော့ ကျောက်ကပ်ဆေးခြင်းပြုလုပ်ဖို့ မလိုအပ်တော့ပါဘူး။

အသည်း

ဒုတိယအလိုအပ်ဆုံး အင်္ဂါအမျိုးအစားကို ပြောပါလို့ဆိုရရင် အသည်းက ဒုတိယပါ။ အသည်းဟာ ဓာတုပစ္စည်းများကို ဖယ်ရှားပေးပြီး ဇီဝဖြစ်စဉ်များကို ချေဖျက်ပေးကာ အဆီများကို ဖြိုခွဲသိုလှောင်ကာ သင့်သွေးအတွက် အထူးအချက်များထုတ်လုပ်ပေးတဲ့ အရေးကြီးအင်္ဂါတစ်ခုဖြစ်ပါတယ်။ အသည်းလှူဒါန်းခြင်းရဲ့ နောက်ထပ်အံ့ဩစရာအချက်မှာ ကိုယ်တွင်းအင်္ဂါအလှူရှင်တစ်ဦးဖြစ်လာဖို့ ဘယ်တော့မှ နောက်မကျတာပါ။