လူတစ်ယောက်ရဲ့ အိပ်စက်ချိန်ဟာ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အားလုံးနဲ့ဆက်စပ်နေတာကြောင့် အိပ်ရေးဝအောင်အိပ်ဖို့က အရမ်းအရေးကြီးပါတယ်။ ဒါကြောင့် အိပ်ရေးဝအောင်မအိပ်ပဲ အိပ်ချိန်တွေလျော့နည်းလာမယ်ဆိုရင် သင့်ရဲ့ခန္ဓာကိုယ်မှာ ဒီအရာတွေ ဖြစ်ပေါ်လာပါလိမ့်မယ်။

ဖျားနာခြင်း

အိပ်ချိန်တွေလျော့နည်းလာရင် ကိုယ်ခံအားမကောင်းတော့တဲ့အတွက် အလွယ်တကူဖျားနာပြီး ရောဂါပိုးတွေလည်း အလွယ်တကူ ဝင်ရောက်နိုင်ပါတယ်။

နှလုံးကျန်းမာရေးထိခိုက်ခြင်း

အိပ်ချိန်လျော့နည်းလာရင် နှလုံးကျန်းမာရေးကိုလည်း ထိခိုက်လာပါတယ်။ အလိုလိုနေရင်း ရင်တုန်တာ၊ နှလုံးခုန်မြန်တာ၊ မောတာ၊ အသက်ရှူကျပ်တာမျိုးတွေလည်း ခဏခဏဖြစ်လာတတ်ပါတယ်။ သင့်ရဲ့တစ်ညတာအိပ်စက်ချိန်ဟာ ၅ နာရီထက်လျော့နည်းနေပြီဆိုရင်တော့ မကောင်းတော့ပါဘူး။

မစဉ်းစားနိုင်တော့ခြင်း

အိပ်ချိန်နည်းတာက အကျင့်တစ်ခုလိုဖြစ်နေရင် ကြာလာတဲ့အခါမှာ ဦးနှောက်အလုပ်လုပ်နိုင်စွမ်းတွေ လျော့ကျလာပါတယ်။ ခေါင်းမကြည်၊ စိတ်မကြည်ဖြစ်ပြီး ဘာကိုမှ မစဉ်းစားနိုင်တော့တာမျိုး၊ အတွေးအခေါ်အသစ်တွေ၊ အကြံဉာဏ်အသစ်တွေ ထွက်မလာတော့တာမျိုး ဖြစ်နေပါလိမ့်မယ်။

မေ့လွယ်ခြင်း

အိပ်ချိန်နည်းပြီး အိပ်ချိန်လုံလောက်မှုမရှိရင် ခုနကလိုပဲ ဦးနှောက်အလုပ်လုပ်နိုင်စွမ်းတွေ၊ မှတ်ဉာဏ်တွေ လျော့ကျလာလို့ ခဏခဏသတိမေ့တာမျိုးတွေ ဖြစ်တတ်ပါတယ်။

ဝိတ်တက်လာခြင်း

အိပ်ချိန် ၅ နာရီထက်နည်းတဲ့သူတွေက ဝိတ်သိသိသာသာကို တက်လာပါလိမ့်မယ်။ ဒါကြောင့် လူတစ်ယောက်က အိပ်ချိန် ၈ နာရီ၊ ၉ နာရီ ပုံမှန်ရှိရပါမယ်။

အိပ်ငိုက်ခြင်း

အိပ်ချိန်လျော့နည်းလာတော့ အချိန်တိုင်းသမ်းပြီး အိပ်ချင်နေတာမျိုး၊ လူကမလန်းဆန်းတော့ပဲ နုံးပြီးအိပ်ငိုက်နေတာမျိုးတွေ ဖြစ်လာပါတယ်။

အသားအရေပြဿနာ

အိပ်ချိန်လုံလောက်မှုမရှိပဲ အမြဲတမ်း အိပ်ချိန်တွေ လျော့နည်းနေမယ်ဆိုရင်တော့ ဝက်ခြံတွေပေါက်လာပါလိမ့်မယ်။ ဒါ့အပြင် အသားအရေက ညစ်နွမ်းပြီး အရေးအကြောင်းနဲ့ အိုမင်းရင့်ရော်ခြင်းတွေ ဖြစ်လာပါတယ်။