ယနေ့ခေတ်အသက်အရွယ်မရွေးကြုံတွေ့နေရတဲ့ ကျန်းမာရေးပြဿနာတစ်ခုက နောက်ကျောနာကျင်ကိုက်ခဲမှုဝေဒနာလို့ ပြောလို့ရပါတယ်။ များသောအားဖြင့် ကိုယ်လက်လှုပ်ရှားမှုနည်းတဲ့သူတွေ အထိုင်များတဲ့ရုံးဝန်ထမ်းတွေမှာအဖြစ်များပါတယ်။ နောက်ကျောနာကျင်ကိုက်ခဲမှုဝေဒနာဟာ ကိုယ့်ရဲ့နေ့စဉ် ဘဝမှာအများကြီး အနှောက်ယှက်ဖြစ်စေတာကြောင့် နာကျင်ကိုက်ခဲမှုတွေကိုအမြန်ဆုံးသက်သာစေမယ့် ဆရာဝန်တွေကိုယ်တိုင် လမ်းညွှန်ထားတဲ့ ယောဂလေ့ကျင့်ခန်းလေးတွေကို မျှဝေပေးချင်ပါတယ်။

(၁) Downward – Facing Dog

Source : missyogafit.com

Downward – Facing Dog လေ့ကျင့်ခန်းအတွက် အရင်ဆုံးကြမ်းပြင်မှာ လေးဘက်ထောက်တဲ့အနေအထားဖြင့် ပုံစံယူပါ။ထို့နောက် ဒူးနေရာကနေခန္ဓာကိုယ်ကို ဖြေးဖြေးချင်းအပေါ်ကိုမြှင့်တင်ပေးပါ။တင်ပါးကိုအပေါ်သို့မြှင့်ထားပြီး ခါးကိုမတ်မတ်ထားရပါမယ်။ထိုပုံစံအတိုင်း ၁ မိနစ်ခန့် ၅ ကြိမ်ပြုလုပ်ပေးရပါမယ်။

(၂) Child’s Pose

Source : Verywell Fit

Child’s Pose လေ့ကျင့်ခန်းအတွက် အရင်ဆုံးလက်၂ဖက်ကို ရှေ့ကိုဆန့်ထုတ်ကာ ကြမ်းပြင်ကိုမျက်နှာမူပြီးထိုင်ပေးပါ။ထို့နောက် ခပ်ပြင်းပြင်း အသက်ရှုပေးရပါမယ်။ ထိုပုံစံအတိုင်း ၁ မိနစ်ခန့် ၅ ကြိမ်ပြုလုပ်ပေးရပါမယ်။

(၃) Triangle Pose

Source : Miss Yoga Fit

Triangle Pose လေ့ကျင့်ခန်းအတွက် အရင်ဆုံး ခြေထောက် ၂ ဖက်ကို အနည်းငယ်ခြားပြီး ရပ်ပေးပါ။ထို့နောက် ညာဘက် လက်ကို ညာဘက်ခြေကျင်းဝတ်နားကိုထိပြီး ခါးကိုလှည့်ကာကျန်တဲ့ဘယ်ဘက်လက်ကို အပေါ်သို့ ၉၀ ဒီဂရီထောင်မတ်ပေးရပါမယ်။ထို့ပုံစံအတိုင်း စက္ကန့် ၃၀ ခန့် နေပေးရပါမယ်။ ပြီးရင်တော့ လက်ကိုဘယ်ညာပြောင်းပြီးနောက်ထပ် စက္ကန့် ၃၀ နေပေးရပါမယ်။ဒီလေ့ကျင့်ခန်းကို တစ်ဖက်လျင် စက္ကန့် ၃၀ ခန့် ၃ ကြိမ်စီပြုလုပ်ပေးရပါမယ်။

(၄) Cat and Cow Pose

Source : Pinterest

Cat and Cow pose လေ့ကျင့်ခန်းအတွက် အရင်ဆုံးကြမ်းပြင်မှာဘေးဘက်ပြီး ပုံစံယူပါ။ထို့နောက် ဖြေးဖြေးချင်း ခါးကိုအပေါ်သို့ ပင့်တင်ပြီး ခေါင်းကိုကြမ်းပြင်သို့မျက်နှာမူ၍ငုံပေးရပါမယ်။ဆက်လက်ပြီးခါးကိုဖြေးဖြေးချင်းပြန်နှိမ့်ချပြီး ခေါင်းကိုအပေါ်ကိုမော့ပေးရပါမယ်။ ထိုနည်းအတိုင်း ၁ မိနစ်ခန့် ၅ ကြိမ်ပြုလုပ်ပေးရပါမယ်။

(၅) Sphinx Pose

Source : Lessons

Sphinx Pose လေ့ကျင့်ခန်းအတွက် အရင်ဆုံးကြမ်းပြင်မှာမှောက်လျှက်အနေအထားပုံစံယူပေးရပါမယ်။ထို့နောက်တံတောင်ဆစ်နေရာကနေ Plank ထောက်သလို လက်၂ဖက်ကိုကြမ်းပြင်တွင်ထောက်ပြီး ခါးကိုမတ်မတ်ထားရပါမယ်။ထိုပုံစံ အတိုင်း ၁ မိနစ်ခန့် ၅ ကြိမ်ပြုလုပ်ပေးရပါမယ်။