ညဘက်မှာကောင်းကောင်းအိပ်မပျော်တာကတော့ အကြောင်းအမျိုးမျိုးရှိပါတယ်။ ဒါပေမယ့် ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် ညဘက်မှာ နှစ်နှစ်ခြိုက်ခြိုက်နဲ့ အိပ်ပျော်စေမယ့် ယောဂကျင့်စဉ်တွေရှိပါတယ်။ လွယ်ကူတဲ့ ယောဂကျင့်စဉ်လေးတွေဖြစ်လို့ လူတိုင်း လိုက်လုပ်ရတာလည်း အဆင်ပြေစေမှာပါ။

Butterfly Pose

ပုံမှပြထားတဲ့အနေအထားအတိုင်းထိုင်ပြီး ခါးကိုဆန့်ထားပါ။ ခြေဖဝါးနှစ်ဖက်ကိုလည်း ထိထားပေးပြီး လက်နဲ့ ခြေဖဝါးကိုထိထားပါ။ အသက်ကိုပုံမှန်လေး ရှူသွင်း၊ ရှူထုတ်လုပ်ပေးပါ။ ဒီယောဂကျင့်စဉ်ကိုတော့ မိနစ် ၂၀ (သို့) မိနစ် ၃၀ လောက်လုပ်ပေးနိုင်ပါတယ်။

Leg Up The Wall

ကြမ်းပြင်မှာလှဲချပြီး လက်နှစ်ဖက်ကို ကြမ်းပြင်မှာဖြန့်ချထားလိုက်ပါ။ ခြေထောက်နှစ်ဖက်ကိုထောင်ပြီး နံရံမှာကပ်ထားပေးပါ။ မိနစ်အနည်းငယ်လောက် ဒီလိုနေပေးခြင်းက ညဘက်မှာနှစ်ခြိုက်စွာအိပ်ပျော်စေဖို့ အထောက်အကူပြုပါတယ်။

Corpse Pose

ကြမ်းပြင်မှာလှဲချပြီး ခြေထောက်နှစ်ဖက်ကို ကားထားပါ။ လက်နှစ်ဖက်ကိုလည်း ကားပြီးဆန့်ထုတ်ထားပါ။ ပြီးရင်တော့ မျက်လုံးမှိတ်ပြီး အသက်ကိုပြင်းပြင်းရှူပေးပါ။ ဒီယောဂကျင့်စဉ်ကိုတော့ ၁၅ မိနစ်လုပ်ပေးဖို့ လိုပါတယ်။

Child Pose

ပုံမှပြထားတဲ့ Position အတိုင်း သေချာထိုင်ပြီး ဦးခေါင်းကို ကြမ်းပြင်နဲ့ ထိထားရပါမယ်။ လက်နှစ်ဖက်ကိုလည်း ပတ်လက်အနေအထားနဲ့ ပုံထဲကအတိုင်း နေပေးဖို့တော့ လိုပါတယ်။ စက္ကန့် ၆၀ လောက် အသက်ပြင်းပြင်းရှူလိုက်ပါ။ ဒီယောဂကျင့်စဉ်ကိုတော့ ၃ ကြိမ်ကနေ ၅ ကြိမ်အထိပြုလုပ်ပေးမယ်ဆိုရင်တော့ ညဘက်မှာ ကောင်းကောင်းအိပ်ပျော်စေပါတယ်။

Wind Releasing Pose

ပုံမှာပြထားတဲ့အနေအထားအတိုင်း ကြမ်းပြင်မှာလှဲပြီး ခြေထောက်နှစ်ဖက်ကို လက်နဲ့ ဒူးတုပ်ထားတဲ့ပုံစံလေးလုပ်ပေးရပါမယ်။ ဒီလိုလုပ်ထားတဲ့အချိန်မှာတော့ အသက်ကိုပြင်းပြင်းရှူပေးပါ။ ဒီယောဂကျင့်စဉ်ကိုလည်း ၃ ကြိမ်ပြုလုပ်ပေးပါ။

Night Time Goddness Stretch

ခါးအောက်မှာ တစ်ခုခုကိုခံထားပြီး လက်မောင်းနှစ်ဖက်ကို ခေါင်းအနောက်ကိုပို့ထားပေးပါ။ ခြေထောက်နှစ်ဖက်ကိုလည်း ပုံမှပြထားတဲ့ Position အတိုင်းနေပြီး ခြေဖဝါးနှစ်ဖက်ကို ကပ်ထားပေးပါ။ ဒီယောဂကျင့်စဉ်ကိုတော့ ၃ ကြိမ်ပြုလုပ်ပေးရုံနဲ့တင် ညဘက်မှာ ကောင်းကောင်းအိပ်ပျော်စေ ပါတယ်။

Photo Source: www.womensok.com