အသက်ကြီးလာတာနဲ့အမျှ အရိုးပွရောဂါဟာ ပြဿနာတစ်ခု ဖြစ်လာပြီး အရိုးတွေဟာ သိပ်သည်းဆတွေနည်းလာတာကြောင့် အရိုးတွေက တောင့်တင်းလာပါတယ်။ ယောဂကျင့်စဉ်တွေဟာ အရိုးပွရောဂါ ရှိသူများအတွက် ဘေးကင်းပြီး အရိုးသိပ်သည်းဆဆုံးရှုံးမှုကို ကာကွယ်ဖို့ ဒါမှမဟုတ် အရိုးနဲ့ အဆစ်တွေမအီမသာဖြစ်ခြင်းတို့ကို လျှော့ချဖို့ တကယ်ကို အကျိုးရှိပါတယ်။

ဒါ့ပြင် ယောဂဟာ အိုမင်းရင့်ရော်မှုကို နှေးကွေးစေပါတယ်။ ယောဂကျင့်တာက နှလုံးခုန်နှုန်းကို နှေးကွေးစေပြီး အသက်ရှူမှုကို ငြိမ်သက်စေတာကြောင့် သွေးလည်ပတ်မှုကို အားကောင်းစေပါတယ်။ ဒါကြောင့် သက်ကြီးရွယ်အိုများအတွက် လုပ်ပေးသင့်တဲ့ ယောဂကျင့်စဉ်များကို ဝေမျှပေးလိုက်ပါတယ်။

ကြမ်းပြင်မှာ မှောက်ပြီး လက်နှစ်ဖက် ခြေထောက်နှစ်ဖက်ကို တဖက်ဆီမှာ ထားလိုက်ပါ။ ခေါင်းကိုအောက်စိုက်ပြီး တင်ကို တောင်ကုန်းလို မြင့်လိုက်ပါ။ ခန္ဓာကိုယ်က တြိဂံပုံစံဖြစ်နေရပါမယ်။ဒီအနေအထားကို စက္ကန့်အနည်းငယ်လောက် နေပေးပါ။ အနည်းဆုံး 10 ကြိမ် ထပ်လုပ်ပါ။

ကြမ်းပြင်ကိုမျက်နှာမူပြီး အရင်လှဲလိုက်ပါ။ လက်ဖဝါးနဲ့ လက်ဖျံကို ဘေးနှစ်ဖက်မှာထားပြီး ရင်ဘတ်ကို ဖြည်းဖြည်းချင်း ကြွလိုက်ပါ။ ဒီအနေအထားကို စက္ကန့် 30 လောက်ထားပြီး လွှတ်ပေးလိုက်ပါ။ နေ့စဉ် 3-4 ကြိမ် ပြန်လုပ်ပါ။

အရင်ဆုံး ဘယ်ဘက်ခြေထောက်ကို ရှေ့ထုတ်လိုက်ပါ။ ညာဘက်ခြေကို အပြင်ဘက် 90 ဒီဂရီ လှည့်ပြီး ဘယ်ခြေထောက်ကို နည်းနည်းကွေးလိုက်ပါ။ လက်နှစ်ဖက်ကိုမြှောက် ခေါင်းကိုမော့ပြီး အသက်ကို ပြင်းပြင်း ရှူသွင်းပြီး ပြန်ထုတ်လိုက်ပါ။ ပြီးရင် နောက်တစ်ဖက်ကို ဒီအတိုင်း ပြန်လုပ်ပါ။

ပခုံးနဲ့ တူညီတဲ့အကွာအဝေးမှာ ခြေထောက်တွေကို တည့်တည့်မတ်မတ်ရပ်ပါ။ လက်နှစ်ဖက်ကိုချိတ်ပြီး မျက်နှာကျက်ဆီကို တတ်နိုင်သမျှ ဆန့်လိုက်ပါ။ မျက်နှာကျက်ကို မျက်နှာမူပြီး 10 စက္ကန့်ကြာထိန်းထားပါ။ နောက်ထပ် 3-5 ကြိမ်ပြန်လုပ်ပါ။

အရင်ဆုံး ခြေထောက်ကို ပုဆစ်တုတ်ထိုင်လိုက်ပါ။ ပြီးရင် လက်နှစ်ဘက်ကိုတတ်နိုင်သမျှ ဆန့်ပြီး ခန္ဓာကိုယ်ကို ကြမ်းပြင်ပေါ် ဖြည်းဖြည်းချင်း ကွေးလိုက်ပါ။ ခြေသလုံး၊ နဖူးနဲ့ လက်ဖဝါး အကုန်မြေကြီးနဲ့ထိလိုက်ပါ။ ဒီပုံစံက ခန္ဓာကိုယ်ကို အနားယူတဲ့ပုံစံဖြစ်တာကြောင့် သက်တောင့်သက်သာနဲ့ အကြော‌ေတွေကို ပြေလျော့စေပါတယ်။ ဒီအနေအထားကို 10-15 စက္ကန့်လောက်ထားပြီး တစ်နေ့ကို 4-5 ကြိမ် လုပ်ပါ။