ကဲ..ဒီနေ့မှာတော့ MyHealth ပရိတ်သတ်ကြီးတွေအတွက် Diet Plan တွေကို မစားနိုင်တဲ့သူတွေအတွက် ကိုယ်အလေးချိန် လျှော့ချပေးမယ့် အထူးလျို့ဝှက်ချက်တစ်ခုကို မျှဝေပေးမယ်ဆိုရင် စိတ်ဝင်စားကြမယ် ထင်ပါတယ်နော်။ ဘယ်လိုလျှို့ဝှက်ချက်လေးဆိုတော့ လွယ်ကူပြီး အိမ်မှာတင် ပြုလုပ်လို့ရတဲ့ ရိုးရိုးရှင်းရှင်းဖျော်ရည်လေး တစ်ခွက်ပါပဲ။

တစ်လအတွင်းမှာ ၁၀ပေါင်ကနေ ပေါင် ၂၀ အထိ ကျစေနိုင်မယ့် ဖျော်ရည်လေးဆိုလည်း မမှားပါဘူး။ ဒီဖျော်ရည်လေးကတော့ ပျားရည်၊ သံပုရာသီး၊ ဂျင်းနဲ့ရှားစောင်းလက်ပတ်တို့ကို ပေါင်းစပ်ပြီး သောက်ရပါမယ်။

ပျားရည်ဟာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ စွမ်းအင်တွေကို ပေးစွမ်းနိုင်ပြီး အဆီတွေကို တိုက်ဖျက်ပေးဖို့အတွက် ကောင်းမွန်တဲ့ အရာပါ။

ဂျင်းကတော့ အဆီတွေ လောင်ကျွမ်းဖို့ ကူညီပေးပြီး အစာအိမ်ကို ကျန်းမာစေပါတယ်။ အစာချေဖျက်မှု စနစ်ကို အားပေးပြီး သွေးလည်ပတ်မှုကို ကောင်းမွန်စေပါတယ်။

သံပုရာသီး/သံပုယိုသီး ဟာ အင်တီအောက်ဆီးဒင့် ကြွယ်ဝစေတဲ့ အသီးဖြစ်ပြီး ဗီတာမင်စီ ပါဝင်မှု များပြားတဲ့ အသီးပါ။ အဆီကို လောင်ကျွမ်းဖို့ အတွက် အထိရောက်ဆုံး ကူညီပေးတဲ့ အသီးလည်းဖြစ်ပါတယ်။

ရှားစောင်းလက်ပတ်ကတော့ ဆေးဖက်ဝင် အစွမ်းတွေ ရှိပြီး အသားအရေအတွက် ကောင်းမွန်စေတဲ့ အရာပါ။ သူဟာ ကိုယ်အလေးချိန် လျှော့ချရာမှာ ထိရောက်စွာ ကူညီပေးနိုင်ပါတယ်။ အစာကြေစေပြီး ကိုယ်တွင်းက အဆိပ်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ရှားစောင်းလက်ပတ်မှာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ၇၅မျိုးအထက် ပါဝင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပျားရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်း
  • ဂျင်းမှုန့် လက်ဖက်ရည်ဇွန်းတစ်ဇွန်း (သို့) ဂျင်းတက် လက်တစ်ဆစ်စာ ထောင်းပြီး အရည်ညှစ်ပါ။
  • သံပုယိုသီး (သံပုရာသီးလည်း ရပါတယ်။ သံပုယိုသီးဆိုရင်တော့ ပိုကောင်းပါတယ်)အရည်ညှစ်ပြီး လက်ဖက်ရည်ဇွန်းတစ်ဇွန်း
  • ရှားစောင်းလက်ပတ်ရည် ၂-၃ လက်ဖက်ရည်ဇွန်း (ရှားစောင်းလက်ပတ်ကို ခြစ်ပြီး ထည့်မယ်ဆိုရင်လည်း လက်ဖက်ရည်ဇွန်း ၃ဇွန်းထည့်ပါ)
  • ရေ ဖန်ခွက် တစ်ခွက်

ပြုလုပ်ပုံ

ပထမဦးစွာ ရှားစောင်းလက်ပတ်တွေကို ရေထဲထည့်ပြီး ကြေအောင် မွှေပေးပါ။ ဂျင်းနဲ့ သံပုရာရည်ထည့်ပါ။ နောက်ဆုံးမှ ပျားရည်ကို ထည့်ပြီး အားလုံးကို ရောသွားအောင် များများ မွှေပေးပါ။ သောက်ရမယ့် အချိန်ကတော့ မနက် အိမ်ယာထ ဘာအစာမှ မစားသေးခင် သောက်ရပါမယ်။ တစ်လလောက် နေ့တိုင်း သောက်ပေးပါ။ အနည်းဆုံး ၁၀ပေါင် ကျစေပါတယ်။

အစာအိမ်ရောဂါရှိသူတွေနဲ့ ကိုယ်ဝန်ဆောင်တွေအနေနဲ့ ဆရာဝန် ညွှန်ကြားချက်နဲ့ သောက်သင့်ပါတယ်။ ဒီဖျော်ရည်ကို သောက်နေစဉ်မှာ အဆီ၊ အစိမ့် စားတာ၊ fast food စားတာတွေကို ရှောင်ပေးမယ်ဆိုရင်တော့ ၁၅ပေါင်ကနေ ပေါင် ၂၀ ထိ ကျနိုင်ပါတယ်။

အားလုံးပဲ ကျန်းမာလှပတဲ့ ခန္ဓာကိုယ်လေးကို ပိုင်ဆိုင်ကြပါစေ။