ဂျင်းကို နေ့တိုင်း တစ်လလောက်စားတဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်မလဲ ?

သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေက ခန္ဓာကိုယ်အတွက် တကယ်ကောင်းတယ်ဆိုတာ လူတိုင်းသိပါတယ်။ ရောင်စုံအစားအစာတွေကို တစ်နေ့အကြိမ်ပေါင်းများစွာ စားသင့်တယ်ဆိုတာ သိထာသလို တချို့သော ဟင်းခတ်အမွှေးအကြိုင်တွေမှာလည်း ကျန်းမာရေးအကျိုးကျေးဇူးတွေ အများကြီးရှိတယ်ဆိုတာကော သိပါရဲ့လား ?

ဥပမာ ဂျင်းကို ယူပါ။ ဂျင်းကို နေ့တိုင်းစားတဲ့အခါ သင့်ခန္ဓာကိုယ်အတွက် ကောင်းကျိုးတွေ အများကြီးဖြစ်လာပါတယ်။ ဂျင်းဟာ ပြင်းထန်တဲ့အရသာရှိတဲ့ အမွှေးအကြိုင်တစ်မျိုးတစ်မျိုးပါ ။ ဂျင်းဟာ အရသာရှိရုံသာမက အရည်အသွေးကောင်းတွေလည်း အများကြီးရှိပါတယ်။

လွန်ခဲ့သော ရာစုနှစ်များက ဂျင်းကို ဝေဒနာ အမျိုးမျိုးကို ကုသရာတွင် အသုံးပြုခဲ့ကြပါတယ်။ ဒါ့အပြင် ဂျင်းကို ပုံမှန်စားသုံးပေးခြင်းကလည်း သင့်ခန္ဓာကိုယ်ကို ကျန်းမာစေပါတယ်။ ဂျင်းမှာ Gingerol၊ Shogaol၊ Zingiberene နဲ့ ဗီတာမင်သတ္တုဓာတ်များစွာ ပါဝင်တာကြောင့် ရှည်လျားတဲ့ ဆေးဖက်ဝင်သမိုင်းကြောင်းရှိနေတာ အံ့သြစရာမဟုတ်ပါဘူး။

ဂျင်းမှာ ပျို့အန်ခြင်းနဲ့ အော့အန်ခြင်းတို့ရဲ့လက္ခဏာများကို လျှော့ချပေးတဲ့ဓာတ်တစ်မျိုးဖြစ်တဲ့ Gingerol ပါဝင်ပါတယ် ။ ဒီဓာတ်က အဆစ်တွေ ရောင်ရမ်းတာကို လျှော့ချပေးပါတယ်။ ကင်ဆာနဲ့ နှလုံးရောဂါတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အကိုက်အခဲပျောက်ဆေး အာနိသင်ရှိတဲ့ Shogaol ပါ၀င်ပါတဲ့အပြင် ဂျင်းမှာပါတဲ့ Zingiberene က အစာချေဖျက်မှုအတွက် အထူးကောင်းမွန်ပါတယ်။ ဒါတင်မကသေးပါဘူး ဂျင်းဟာ ဆီးချိုရောဂါကို တိုက်ဖျက်ပေးတဲ့အပြင် ဦးနှောက်လုပ်ဆောင်ချက်နဲ့ ကိုယ်ခံအားစနစ်ကိုလည်း ကောင်းမွန်စေပါတယ်။