Collagen ဆိုတာ ဂရိစကားလုံး ‘kolla’ ကနေ ဆင်းသက်လာပြီး ‘ကော်’ ဟု အဓိပ္ပာယ်ရပါတယ်။ Collagen ကို ခန္ဓာကိုယ်အနှံ့ ကိုယ်တွင်းအင်္ဂါ၊ ကြွက်သား၊ အရေပြား၊ ဆံပင်၊ လက်သည်း၊ သွား၊ အရိုး၊ သွေးကြော၊ အရွတ်၊ အဆစ်၊ အရိုးနု နဲ့ အစာခြေစနစ်တွေမှာ တွေ့ရနိုင်ပါတယ်။
အသက် 35 နှစ်ကနေစပြီး Collagen ထုတ်လုပ်မှုက သဘာဝအတိုင်း နှေးကွေးလာပြီး ခန္ဓာကိုယ်အပေါ် အမျိုးမျိုးသော ဆိုးကျိုးများကို ဖြစ်စေလာနိုင်ပါတယ်။ ဒါကြောင့် Collagen ကို အစားအစားတွေ ၊ Supplements တွေကနေ ဖြည့်စွက်သောက်သုံးပေးဖို့ လိုအပ်ပါတယ်။
Collagen သောက်သုံးခြင်းရဲ့ အံ့ဩစရာ အကျိုးကျေးဇူးများစွာကို သင်သိလိုက်ရရင် အံ့သြသွားနိုင်ပါတယ်။
အူလမ်းကြောင်း
ကိုယ်ခံအားစနစ်ရဲ့ 80% နီးပါးက အူလမ်းကြောင်းမှာ ရှိနေတာပါ ။ အူလမ်းကြောင်းက ယိုစိမ့်လာတဲ့အခါ အဆိပ်အတောက်တွေ၊ အစာအမှုန်အမွှားတွေနဲ့ ရောဂါပိုးတွေက အူနံရံကို ကိုက်ဖြတ်ပြီး သွေးကြောထဲကို ဝင်ရောက်လာတာကြောင့် ရောင်ရမ်းမှုကို ဖြစ်စေပါတယ်။ အချိန်ကြာလာသည်နှင့်အမျှ နာတာရှည်ရောင်ရမ်းမှုကို ဖြစ်ပေါ်စေနိုင်ပါတယ်။
Collagen က တစ်ရှူးကြီးထွားမှုနဲ့ ဆဲလ်များရဲ့ကျန်းမာရေးကို မြှင့်တင်ပေးနိုင်တာကြောင့် အူလမ်းကြောင်းအတွင်းရှိ ယိုစိမ့်မှုကို ကာကွယ်ပေးနိုင်ပါတယ်။
အလှအပ
Collagen ပရိုတင်းက ကျန်းမာတဲ့ဆံပင်၊ အရေပြားနဲ့ လက်သည်းများအတွက် မရှိမဖြစ်လိုအပ်ပါတယ်။ Collagen ဟာ အသားအရေ ချောမွေ့ဖို့နဲ့ နုပျိုဖို့ကို အကောင်းဆုံး ဖြစ်အောင် ကူညီပေးနိုင်ပြီး သန်မာလှပတဲ့ လက်သည်းတွေရဖို့ အများကြီး ကူညီထောက်ပံ့ပေးနိုင်တဲ့အပြင် Collagen က ဆံပင်ရဲ့ တောက်ပြောင်မှုကိုလည်း ရရှိစေပါတယ်။
အရိုးအဆစ်ကျန်းမာရေး
အသက်ကြီးလာသည်နှင့်အမျှ Collagen ထုတ်လုပ်မှု လျော့နည်းလာတာကြောင် အရိုးအဆစ်များ တောင့်တင်းလာကာ ရောင်ရမ်း နာကျင်လာပြီး လှုပ်ရှားသွားလာမှု အားနည်းသွားနိုင်ပါတယ်။ Collagen မှာ အမိုင်နိုအက်ဆစ် Glycine နဲ့ Proline ပါ၀င်ပြီး အဆစ်များ ယောင်ယမ်းနာကျင်မှုကိုလျော့ချပြီး လှုပ်ရှားသွားလာနိုင်မှုကို အားကောင်းစေပါတယ်။
ကိုယ်အလေးချိန်
Collagen ရဲ့ အံ့သြဖွယ်အကောင်းဆုံး အကျိုးကျေးဇူးများထဲမှ တစ်ခုက ကိုယ်အလေးချိန်ကို ထိန်းညှိပေးနိုင်တာပါ။ စောစောကပြောခဲ့တဲ့ အမိုင်နိုအက်ဆစ် Glycine ဟာ ဂလူးကို့စ်ကို စွမ်းအင်အဖြစ် ပြောင်းလဲပေးနိုင်တာကြောင့် ကြွက်သားတွေကို ဖွဲ့စည်းပေးပြီး ကြွက်သားများက အဆီထက် ကယ်လိုရီများကို ပိုမိုလောင်ကျွမ်းစေတာကြောင့် ဇီဝြဖစ်ပျက်မှုကို သဘာဝအတိုင်း မြှင့်တင်ပေးပါတယ်။
နှလုံးကျန်းမာရေး
Collagen မှာပါတဲ့ Proline ဟာ သွေးကြောတွေထဲမှာ အဆီတွေစုပုံလာမှုကို လျှော့ချပေးပြီး အတွင်းမှာရှိတဲ့ တစ်သျှူးတွေကို ပြန်လည်ပြုပြင်ပေးနိုင်ပါတယ်။
အရိုးကျန်းမာရေး
အရိုးများရဲ့ ⅓ က Collagen ဖြစ်ပြီး Collagen က အရိုးများကို ပျော့ပျောင်းစေပါတယ်။ အရိုးဆဲလ်များက အဆက်မပြတ်ပြောင်းလဲနေပြီး နေ့စဉ်စားသောက်မှုမှာ Collagen ပရိုတင်းကို ပေါင်းထည့်ခြင်းဖြင့် အရိုးတွင်းသတ္တုသိပ်သည်းဆကို တိုးမြင့်လာစေပြီး ကျန်းမာရေးကို အထောက်အကူဖြစ်စေပါတယ်။
အသည်းကျန်းမာရေး
နေ့စဥ်ထိတွေ့နေရတဲ့ အဆိပ်အတောက်တွေကို ခန္ဓာကိုယ်ကနေဖယ်ရှားဖို့ အသည်းမှ စီမံဆောင်ရွက်ရပါတယ်။ ဒီလိုဆောင်ရွက်မှုကို ကော်လာဂျင်မှာ တွေ့ရတဲ့ Glycine က ပံ့ပိုးကူညီပေးပါတယ်။ အိပ်ရာမဝင်ခင် ရေနွေးပူပူမှာ ကော်လဂျင်မှုန့်ကို သောက်ရင် အိပ်စက်ခြင်းကိုပင် ပံ့ပိုးပေးနိုင်ပါတယ်။