အစာခြေစနစ်တစ်ခုလုံးကို ရည်ညွှန်းတဲ့ အူကျန်းမာရေးက လွန်စွာမှ အရေးကြီးသလို ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် အခြေခံအုတ်မြစ်ဖြစ်တဲ့ အစာအိမ်ရဲ့ကျန်းမာရေးကလည်း အရေးကြီးပါတယ်။ တချို့အစားအစာ တွေက မကောင်းတဲ့ ဘက်တီးရီးယားတွေ ကြီးထွားမှုကို မြှင့်တင်ပေးနိုင်ပေမယ့် တခြားအစားအစာတွေက ကောင်းမွန်တဲ့ဘက်တီးရီးယားတွေ ကြီးထွားမှုကို မြှင့်တင်ပေးနိုင်ပါတယ်။

ကြက်သွန်ဖြူနဲ့ ကြက်သွန်နီ

Prebiotics ကြွယ်ဝတဲ့ အစားအစာတွေဟာ အစာအိမ်ရဲ့ အစာနဲ့တူပါတယ်။ Prebiotics ကြွယ်ဝတဲ့ ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့နဲ့ ချက်ပြုတ်တာက အစားအစာကို အရသာရှိစေပြီး အစာအိမ်ကျန်းမာရေးကိုလည်း ကောင်းမွန်စေပါတယ်။

ဂျင်း နဲ့ နနွင်း

ဂျင်းနဲ့ နနွင်းတို့လို ဟင်းခတ်အမွှေးအကြိုင်တွေက အူကျန်းမာရေးကို အထောက်အကူပြုပါတယ်။ ဂျင်းက အူလမ်းကြောင်းလှုပ်ရှားမှုကို မြှင့်တင်ပေးပြီး ဖောင်းပွခြင်း၊ အစာမကြေခြင်းနဲ့ ပျို့အန်ခြင်းတို့လို အစာအိမ်အူလမ်းကြောင်းဆိုင်ရာ ပြဿနာများစွာကို သက်သာစေနိုင်ပြီး နနွင်းက ရောင်ရမ်းမှုကို ဆန့်ကျင်ပြီး အူသိမ်အူမရောင်ရမ်းခြင်းနဲ့ ရောင်ရမ်းတဲ့ အူလမ်းကြောင်းရောဂါတွေအပါအဝင် အစာခြေလမ်းကြောင်းဆိုင်ရာချို့ယွင်းမှုတွေကို သက်သာစေနိုင်ပါတယ်။

ကြက်သွန်မြိတ်

အူအတွက်စားဖို့ အကောင်းဆုံးနည်းလမ်းကတော့ အူမကြီးမှာရှိတဲ့ ပရိုဘိုင်အိုတစ်ဘက်တီးရီးယားတွေကို စားဖို့ပါ။ အူမကြီးဆဲလ်တွေရဲ့ ကျန်းမာရေးကို ထောက်ပံ့ပေးတဲ့ Prebiotics က ကြက်သွန်မြိတ်မှာ အများကြီးပါဝင်တာကြောင့် အူကျန်းမာရေးရဲ့ အရေးကြီးတဲ့ ကဏ္ဍပေါင်းစုံကို ထိန်းညှိပေးပါတယ်။

စမုန်နက်

မုန်နက်ကိုယ်တိုင်က အမျှင်ဓာတ်ကြွယ်ဝတဲ့ Prebiotics အစာတစ်မျိုးပါ။ အသုပ်နဲ့ အသားညှပ်ပေါင်မုန့်တွေမှာ ထည့်စားတာမျိုး ဒါမှမဟုတ် အစာစားပြီး စမုန်နက်စေ့ကို ဝါးစားတာက အစာချေဖျက်မှုကို အထောက်အကူဖြစ်စေပါတယ်။

ဟင်းနုနွယ်ရွက်

ဖိုက်ဘာ၊ သံဓာတ်နဲ့ မဂ္ဂနီဆီယမ်ဓာတ်တွေ ကြွယ်ဝတဲ့ အစိမ်းရင့်ရောင်ဟင်းနုနွယ်ရွက်ရဲ့အားသာချက်က ဗီတာမင် C ပါ၀င်တဲ့ တခြားသစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေနဲ့ ရောလိုက်ရင် သံဓာတ်စုပ်ယူမှုကို အထောက်အကူဖြစ်စေတာပါ။

ငှက်ပျောသီး

ငှက်ပျောသီးမှာ အစာအိမ်အတွက် အကျိုးပြုတဲ့ Prebiotics ကြွယ်ဝစွာပါဝင်ပါတယ်။ သယ်ယူရလွယ်ကူပြီး အလွယ်တကူစားလို့ရတာကြောင့် စားသင့်တဲ့အစားအစာထဲက တစ်ခုပါ။

ထောပတ်သီး

အသီးအနှံတွေမှာပါတဲ့ Prebiotics တွေက အူလမ်းကြောင်းကို အကျိုးပြုတာကြောင့် Prebiotics အာဟာရဓာတ်များ မြင့်မားစွာပါဝင်တဲ့ ထောပတ်သီးက အစာအိမ်ကျန်းမာရေးအတွက် စားပေးသင့်ပါတယ်။