ကျန်းမာရေးနဲ့ညီညွတ်အောင် ဘာလို့စားသင့်တာလဲ? ကျန်းမာတဲ့ဘဝတစ်ခုကို ပိုင်ဆိုင်နိုင်ဖို့ အလွယ်တကူရရှိနိုင်တဲ့ Fast Foods တွေအစား အာဟာရပြည့်ဝတဲ့အစားအသောက်ကို ဘာကြောင့် ရွေးချယ်သင့်လဲဆိုတာ သိနိုင်ဖို့ ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသုံးခြင်းရဲ့အကျိုးကျေးဇူးတွေကို ဖော်ပြလိုက်ပါတယ်။

၁.ကိုယ်အလေးချိန်လျော့ချမှုကို အထောက်အကူဖြစ်စေပါတယ်

အဆီများတဲ့အစားတွေကို လျှော့စားပြီး ကျန်းမာရေးနဲ့ညီညွတ်စွာစားတဲ့အခါ သင့်ခန္ဓာကိုယ်ရဲ့ အာဟာရဓာတ်တွေ၊ ဆိုဒီယမ်နည်းတဲ့အဆီနဲ့ ကျန်းမာရေးအတွက် အထောက်အကူဖြစ်‌စေ​တဲ့ အဆီတွေကို ပိုမိုထောက်ပံ့ပေးပါတယ်။ ကြက်ဥ၊ ငါး၊ ပင်လယ်စာ၊ အသား၊ ပဲပင်၊ အခွံမာသီးနဲ့ နို့ထွက်ပစ္စည်းတွေလို ပရိုတင်းဓာတ်များတဲ့ အစားအစာတွေက အဆီနည်းပြီး ဇီဝကမ္မလုပ်ဆောင်မှုကို မြှင့်တင်ပေးပါတယ်။

၂,နှလုံးရဲ့ကျန်းမာရေးကို ကောင်းစေပါတယ်

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်မှုပုံစံက နှလုံးရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးပြီး သွေးတိုးရောဂါနှင့် ဆီးချိုရောဂါဖြစ်နိုင်ခြေကိုလည်း လျှော့ချပေးပါတယ်။ အသီးအနှံများ၊ အစေ့အဆန်များ၊ အခွံမာသီးများ၊ ငါး၊ ကြက်နဲ့ ဟင်းသီးဟင်းရွက်များက နှလုံးရောဂါကို ကာကွယ်ပေးတဲ့ အစားအစာများဖြစ်ပါတယ်။

၃.အရိုးများကို သန်မာစေပါတယ်

အရိုးများကျန်းမာဖို့ ကယ်လ်စီယမ်ဓာတ်လိုအပ်ပြီး ဗီတာမင် D က ခန္ဓာကိုယ်ထဲကို ကယ်လ်စီယမ် စုပ်ယူမှုအတွက် လိုအပ်ပါတယ်။ နို့ထွက် အစားအစာတွေ၊ အစိမ်းရောင် အရွက်များ ၊ ပဲပိစပ် ၊ တို့ဟူး ၊ အခွံမာသီး ၊ ပေါင်မုန့် နဲ့ ငါး တို့မှာ ကယ်လစီယမ်ကြွယ်ဝစွာပါဝင်ပြီး ဗီတာမင် D ကိုတော့ ဖြည့်စွက်စာတွေကတစ်ဆင့် ရရှိနိုင်ပါတယ်။

၄.အစာချေဖျက်မှုကို ကူညီပေးပါတယ်

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်မှုပုံစံက အသည်းကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ Yakult က အူလမ်းကြောင်းကျန်းမာရေးကို ကောင်းမွန်စေပြီး အူလမ်းကြောင်းဆိုင်ရာ ဘက်တီးရီးယားများကို ကျန်းမာစေပါတယ်။ အမျှင်ဓာတ်များတဲ့ အစားအစာတွေကို စားပေးခြင်းက အစာခြေလမ်းကြောင်းရဲ့ကျန်းမာရေးကို မြှင့်တင်ပေးပါတယ်။

၅.ရောဂါဖြစ်နိုင်ချေကို လျှော့ချပေးပါတယ်

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်မှုပုံစံက ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပြီး အာဟာရပြည့်ဝတဲ့အစားအစာကို ပုံမှန်စားတဲ့ ကလေးတွေဟာ ကြီးထွားပြီးသန်မာတဲ့ ကိုယ်ခံအားစနစ်ကို ရရှိကြပါတယ်။ ကျန်းမာရေးနဲ့မညီတဲ့ အစားအစာတွေကို စားသုံးခြင်းက နှလုံးရောဂါ၊ လေဖြတ်ခြင်း၊ ဆီးချိုရောဂါနှင့် အခြားရောဂါတွေ ဖြစ်နိုင်ခြေကို တိုးစေပါတယ်။