သစ်သီးဝလံတွေဆိုတာ သဘာဝက ပေးအပ်ထားတဲ့ ကျန်းမာရေးနဲ့ညီညွှတ်သော ဗီတာမင်ဓာတ်၊ အမျှင်ဓာတ်နဲ့ အခြားသော အာဟာရဓာတ်များ ပြည့်ဝစုံလင်စွာပါဝင်တဲ့ သရေစာမုန့်တစ်မျိုးပဲဖြစ်ပါတယ်။

များသောအားဖြင့် သစ်သီးတွေက ကယ်လိုရီဓာတ်နည်းပါးပြီး အမျှင်ဓာတ်ကြွယ်ဝတဲ့အတွက်ကြောင့် ကိုယ်အလေးချိန်လျော့ချရာမှာ ကူညီပေးနိုင်ပါတယ်။

သစ်သီးဝလံများစားသုံးခြင်းက ကိုယ်အလေးချိန်လျော့ချပေးရုံသာမကဘဲ ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ ကင်ဆာရောဂါနဲ့ နှလုံးရောဂါတို့ မဖြစ်ပွားအောင်လည်း ကူညီပေးပါသေးတယ်။

အခုဆက်လက်ဖော်ပြပေးမှာကတော့ ကိုယ်အလေးချိန်လျော့ချချင်သူတွေအတွက် စားသုံးသင့်တဲ့ သစ်သီးဝလံတွေပဲဖြစ်ပါတယ်။

Grapefruit သီး

လူဦးရေ ၈၅ ယောက်ခန့်ကို လေ့လာထားတဲ့ သုတေသနစမ်းသပ်ချက်အရ အစာမစားမှီ Grapefruit သီးစားခြင်း (သို့) Grapefruit ဖျော်ရည်သောက်ခြင်းက ကယ်လိုရီများကို လျော့ချပေးနိုင်တာကြောင့် ကိုယ်အလေးချိန်ကို ၇၁ ရာခိုင်နှုန်းခန့် လျော့ချပေးနိုင်တယ်လို့ သိရပါတယ်။

ပန်းသီး

သုတေသနလေ့လာချက်များအရ ပန်းသီးကို အလုံးလိုက် စားခြင်းက အရည်ဖျော်သောက်ခြင်းထက် ဆာလောင်မှုကို လျော့ချပေးပြီး အစားစားချင်စိတ်ကိုလည်း ထိန်းချုပ်ပေးနိုင်ကြောင်း လေ့လာတွေ့ရှိရပါတယ်။

ကီဝီသီး

ကီဝီသီးထဲမှာ အာဟာရဓာတ်များ သိပ်သည်းစွာပါဝင်ပြီး ဗီတာမင်စီ၊ ဗီတာမင် အေ၊ အမျှင်ဓာတ်နဲ့ ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေတဲ့ အခြားသောအရာများလည်း ပါဝင်ပါတယ်။ လေ့လာတွေ့ရှိချက်များအရ ကီဝီသီးစားသုံးခြင်းက သွေးတွင်းသကြားဓာတ် ထိန်းချုပ်ပေးခြင်း၊ ကိုလက်စတောပမာဏ ထိန်းချုပ်ပေးခြင်းနဲ့ ဝိတ်ကျခြင်း စတဲ့ အကျိုးကျေးဇူးများ ပေးစွမ်းနိုင်တယ်လို့ လေ့လာတွေ့ရှိထားပါတယ်။

ဖရဲသီး

ဖရဲသီးမှာ ကယ်လိုရီဓာတ်နည်းပါးစွာပါဝင်ပြီး ရေဓာတ်ပါဝင်မှုများပြားတဲ့အတွက်ကြောင့် ဝိတ်ချရာမှာ နာမည်ကြီးတဲ့သစ်သီးတစ်မျိုးပဲဖြစ်ပါတယ်။ ရေဓာတ်ပါဝင်မှုများပြားတဲ့ သစ်သီးတွေကို စားသုံးခြင်းအားဖြင့် အချိန်တိုအတွင်း ကိုယ်အလေးချိန်ကျသွားနိုင်ပါတယ်။

လိမ္မော်သီး

အခြားသော ရှောက်သီးမျိုးနွယ်ဝင်သစ်သီးတွေလိုပဲ လိမ္မော်သီးကလည်း ကယ်လိုရီပါဝင်မှုနည်းပါးပြီး ဗီတာမင်စီနဲ့ အမျှင်ဓာတ်များ ကြွယ်ဝစွာပါဝင်ပါတယ်။ လိမ္မော်သီးက အခြားအစားအစာတွေထက် လေးဆခန့် ဗိုက်ပြည့်မြန်စေပါတယ်။

ငှက်ပျောသီး

အချို့လူတွေက ကိုယ်အလေးချိန်လျော့ချတဲ့အချိန်မှာ ငှက်ပျောသီးကို ရှောင်ကြဉ်ကြပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ငှက်ပျောသီးရဲ့မြင့်မားတဲ့သကြားပါဝင်မှုနဲ့ ကယ်လိုရီပမာဏတွေကြောင့်ပဲဖြစ်ပါတယ်။ အမှန်တကယ်တော့ ငှက်ပျောသီးရဲ့အာဟာရဓာတ်များနဲ့ အမျှင်ဓာတ်များက ဝိတ်ကျချင်သူတွေအတွက် အသင့်တော်ဆုံးပဲဖြစ်ပါတယ်။

Source: healthline.com