ခန္ဓာကိုယ်ရဲ့ ရုပ်ပိုင်းဆိုင်ရာကြီးထွားမှု၊ အောက်ဆီဂျင်ပို့ဆောင်မှု၊ စွမ်းအင်ထုတ်လုပ်မှု၊ ဟော်မုန်းပေါင်းစပ်မှုနဲ့ အခြားမရှိမဖြစ်လိုအပ်တဲ့  ဇီဝဖြစ်စဉ်များစွာအတွက် သတ္တုဓာတ် သံဓာတ် ပြည့်ဝဖို့ လိုအပ်ပါတယ်။ ခန္ဓာကိုယ်တွင်း အောက်ဆီဂျင် သယ်ယူပို့ဆောင်ရေးက သံဓာတ်ရဲ့    အဓိကအခန်းကဏ္ဍဖြစ်ပြီး အဆုတ်ကနေ အောက်ဆီဂျင်ကို သယ်ဆောင်ပေးတဲ့ ပရိုတင်းတစ်မျိုးလည်း ဖြစ်ပါတယ်။

ဓမ္မတာလာတဲ့သူတွေဟာ လစဉ်ရာသီသွေးဆုံးရှုံးမှုကြောင့် သံဓာတ်ပိုမိုလိုအပ်ပါတယ်။ နေ့စဉ်လိုအပ်တဲ့ သံဓာတ်ပမာဏထက် လျော့ပြီးစားလို့ သံဓာတ်အလုံအလောက်မရရင် အာဟာရချို့တဲ့မှုတို့ဖြစ်နိုင်ပါတယ်။ရွေးချယ်စရာ သံဓာတ်ကြွယ်ဝတဲ့ အစားအစာတွေ အများကြီး ရှိပါတယ်။

Organ Meats

Organ Meats တွေက အာဟာရအရှိဆုံး အစားအစာတွေထဲ တစ်ခုပါ။ Organ Meatsမှာ သံဓာတ်အပြင် ပရိုတင်းဓာတ်ကြွယ်ဝတဲ့ ဆီလီနီယမ်နဲ့ ဇင့်၊ ဗီတာမင် B12 နဲ့ အဆီပျော်ဝင်တဲ့ ဗီတာမင် A၊ D၊ E နဲ့ K တို့လို သတ္တုဓာတ်တွေ ပါဝင်ပါတယ်။

Red Meat

အမဲသား၊ နွားထီးတို့လို အနီရောင်အသားတွေမှာ  သံဓာတ်မြင့်မားစွာပါဝင်ပါတယ်။ ဗီတာမင် B12၊ ဇင့်၊ ဆယ်လီနီယမ်နဲ့  ပရိုတင်းတို့ပါဝင်တဲ့ အနီရောင်အသားတွေက နေ့စဉ်သံဓာတ်လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ပါတယ်။

Fish and Shellfish

သံ၊ ဆီလီနီယမ်၊ ဇင့်၊ အိုင်အိုဒင်းနဲ့ ဗီတာမင် B12 အပါအဝင် အရေးကြီးတဲ့ အာဟာရမျိုးစုံပါဝင်တဲ့ ပင်လယ်စာမှာ အိုမီဂါ-၃ အဆီဓာတ်ကို ထောက်ပံ့ပေးပြီး ကိုယ်ခံအားစနစ်နဲ့ ခန္ဓာကိုယ်တွင်း ရောင်ရမ်းမှုကို ထိန်းညှိပေးဖို့ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။

Poultry and Eggs

ကြက်၊ ကြက်ဆင် နဲ့ ဘဲတို့မှာ  သံဓာတ်၊ ဗီတာမင်ဘီနဲ့  ဆီလီနီယမ်တို့လို သတ္တုဓာတ်များ ပါဝင်သလို ကြက်ဥတွေကလည်း အနီရောင်အသားထက် သံဓာတ်ပါဝင်မှု နည်းပေမယ့် သံဓာတ်ပါဝင်တဲ့ အစားအစာတစ်ခုပါပဲ။

Beans and Lentils

ပဲနဲ့  ပဲအမျိုးမျိုးမှာ အမျှင်ဓာတ်၊ မဂ္ဂနီဆီယမ်၊ ဖောလိတ်နဲ့  အခြားအရေးကြီးတဲ့ အာဟာရဓာတ်များ ကြွယ်ဝစွာပါဝင်ပါတယ်။

Green Vegetables

ဟင်းနုနွယ်ရွက်၊ ကိုက်လန် နဲ့ ဆွဇ်ဂရိတ်တို့လို အရွက်စိမ်းစိမ်းတွေမှာ သတ္တုဓာတ်ကြွယ်ဝသလို ဖောလိတ်၊ ဗီတာမင် C နဲ့ Carotenoid Antioxidants. တို့လိုမျိုး အရေးကြီးတဲ့ အာဟာရဓာတ်တွေလည်း ပါဝင်ပါတယ်။

Soy Products

ပရိုတင်း လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ဖို့ တိုဟူးနဲ့  အီဒါမီ တို့လို ပဲပိစပ် ထုတ်ကုန်များကိုလည်း  စားသုံးလို့ရပါသေးတယ်။