ဗီတာမင်နဲ့ သတ္တုဓာတ်ဆိုတာ တကယ်တော့ အာဟာရတည်ဆောက်မှုအတွက် မဖြစ်မနေ အရေးပါတဲ့အရာတွေပါ။ သူတို့က ခန္ဓာကိုယ်ကို အကောင်းဆုံးလုပ်ဆောင်နိုင်စေဖို့နဲ့ ကျန်းမာနေစေဖို့ အများကြီးအထောက်အကူပေးပါတယ်။
အောက်မှဖော်ပြပေးထားတဲ့ အစားအစာသုံးမျိုးက စိတ်ဖိစီးမှုကို တိုက်ဖျက်နိုင်ပြီး ကျန်းမာရေးရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာတစ်ခုလုံးကို ဘယ်လိုအထောက်အကူပြုနေလဲဆိုတာ ဝေမျှလိုက်ပါတယ်။

Adaptogens

Adaptogens တွင် ဂျင်ဆင်း၊ Reishi မှိုနဲ့ Ashwagandha တို့ပါဝင်ပြီး Naturopathic နဲ့ Ayurvedic ဆေးများတွင် အသုံးပြုတဲ့ ဆေးဖက်ဝင်အပင်များပါ။ တက်ကြွမှုမရှိပဲ ပင်ပန်းနေတတ်တဲ့ စိတ်ဖိစီးမှုနဲ့ ကိုယ်ခံအား တုံ့ပြန်မှုကို ဟန်ချက်ညီစေဖို့အတွက် အများဆုံးအသုံးပြုကြပြီး ကျန်းမာရေးနဲ့ သုခကို မြှင့်တင်ပေးပါတယ်။ ကောင်းတဲ့အသိဉာဏ်နဲ့ စိတ်ခံစားချက်၊ မျှတတဲ့ သွေးတွင်းသကြားဓာတ်အဆင့်၊ ကျန်းမာတဲ့ ဟော်မုန်းများ၊ ကောင်းမွန်တဲ့ အာရုံစူးစိုက်မှုနဲ့ နှစ်ခြိုက်စွာအိပ်ပျော်စေဖို့ အများကြီးကူညီပေးပါတယ်။

Probiotics

Probiotics ဆိုတာက အူလမ်းကြောင်းမှာရှိတဲ့ ဆိုးရွားတဲ့ဘက်တီးရီးယားတွေ၊ အဆိပ်သင့်ဓာတုပစ္စည်းတွေနဲ့ တခြားအန္တရာယ်ရှိတဲ့ အရာတွေလိုမျိုး တို့ကို အူလမ်းကြောင်းကနေတစ်ဆင့် ခန္ဓာကိုယ်ထဲကို မဝင်ရောက်အောင် ကူညီပေးပါတယ်။ သေးငယ်တဲ့ ဇီဝသက်ရှိတွေက အစားအစာကို လွယ်ကူထိရောက်စွာ ချေဖျက်နိုင်စေဖို့ ကူညီပေးပါတယ်။Probiotics ရဲ့ အကျိုးကျေးဇူးတွေကအာဟာရစုပ်ယူမှုကို ပိုမိုကောင်းမွန်စေပြီး အစာကြေစေပြီး အစာကြေလွယ်စေမယ့် လက္ခဏာတွေကို လျှော့ချပေးနိုင်တာပါ။

Essential fatty acids

အိုမီဂါ 3s နဲ့ 6s များပါ၀င်တဲ့ ဖက်တီးအက်ဆစ်က ခန္ဓာကိုယ်အတွက် အရေးကြီးတဲ့အချက်ပါ။ ရောင်ရမ်းမှုကို ထိန်းညှိပေးပြီး ခန္ဓာကိုယ်မှာရှိတဲ့ ဆဲလ်ပေါင်း ထရီလီယံပေါင်းများစွာအတွင်း ဆဲလ်အမြှေးပါးတည်ဆောက်မှုကို အများကြီး အထောက်အကူဖြစ်စေပါတယ်။ ခန္ဓာကိုယ်က လိုအပ်နေတဲ့ ဖက်တီးအက်ဆစ်အားလုံးကို မထုတ်လုပ်နိုင်တာကြောင့် အစားအစာနဲ့/သို့မဟုတ် ဖြည့်စွက်စာတွေကနေ ရယူရမှာပါ။ chia အစေ့များ၊ ပိုက်ဆန်အစေ့များ၊ သစ်ကြားသီးများနဲ့ အစိမ်းရောင်များစားပေးခြင်းဖြင့် လိုအပ်တဲ့ ဖတ်တီးအက်ဆစ်များကို ရရှိနိုင်ပါတယ်။