ဖရဲသီးဟာ ပူပြင်းလွန်းတဲ့နွေရာသီမှာ အပူချိန်ကို ခံနိုင်ရည်ရှိဖို့ စားပေးသင့်တဲ့ နွေရာသီသစ်သီးတစ်မျိုးပါ။ ချိုမြိန်ပြီး ရေဓာတ်ပါဝင်မှု မြင့်မားတာကြောင့် နွေရာသီ အသီးအနှံအဖြစ် သတ်မှတ်လေ့ရှိပါတယ်။ ဖရဲသီးစားတိုင်း အစေ့တွေကိုလွှင့်ပစ်တတ်တဲ့ အကျင့်ရှိလား ?

ဒါဆိုရင်တော့ ဒီနေ့ကစပြီး ပြင်လိုက်ပါ။ ဖရဲသီးစေ့ဟာ ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာ ပေးစွမ်းနိုင်ပါတယ်။

နှလုံးကျန်းမာရေး

ဖရဲသီးစေ့က မဂ္ဂနီဆီယမ်ရဲ့ အကောင်းဆုံးအရင်းအမြစ်ပါ။ သွေးပေါင်ချိန်ကို ထိန်းညှိပေးပြီး နှလုံးခုန်နှုန်းကို ပံ့ပိုးပေးတာကြောင့် ကျန်းမာတဲ့ နှလုံးဖြစ်ဖို့ ကူညီပေးပါတယ်။

ကိုယ်ခံအားစနစ်

ကိုယ်ခံအားစနစ်ကို အားကောင်းစေတဲ့ဇင့်ဓာတ်က ဖရဲသီးစေ့တွေမှာ အများကြီးပါဝင်ပါတယ်။

အစာခြေကျန်းမာရေး

ဖရဲသီးစေ့မှာ အမျှင်ဓာတ်နဲ့ မပြည့်ဝဆီတွေ ပါဝင်တာကြောင့် အစာခြေလမ်းကြောင်း ကျန်းမာရေးကို ထောက်ပံ့ပေးနိုင်ပြီး အူလမ်းကြောင်းကို ကျန်းမာစေနိုင်ပါတယ်။

အသားအရေနဲ့ဆံပင်

Watermelon Face Mask လေးစမ်းကြည့်ပါ။ ဖရဲသီးစေ့မှာ ပရိုတင်းဓာတ်နဲ့ မရှိမဖြစ်လိုအပ်တဲ့ ဖက်တီးအက်ဆစ်များ ကြွယ်ဝစွာပါဝင်ပါတယ်။ ဒီအာဟာရဓာတ်တွေက ရောင်ရမ်းမှုကို လျှော့ချပေးပြီး ဝက်ခြံထွက်တာကို ကာကွယ်ပေးပါတယ်။

အရိုးကျန်းမာရေး

သန်မာပြီး ကျန်းမာတဲ့အရိုးတွေရဖို့အတွက် ကယ်လ်စီယမ်လိုပါတယ်။ ဖရဲသီးစေ့မှာ အရိုးကျန်းမာရေးအတွက် ကောင်းတဲ့သတ္တုဓာတ်တွေ အများကြီးပါဝင်ပါတယ်။