နေ့စဥ်စားသုံးနေတဲ့အစားအစာနဲ့ အဖျော်ယမကာတွေကို ကျန်းမာတဲ့အစားအသောက်ပုံစံဖြစ်အောင် ပြုပြင်ပြောင်းလဲသင့် ပါတယ်။ ယဉ်ကျေးမှု၊ ဘတ်ဂျက်နှင့် လူနေမှုပုံစံများ အပါအဝင် လူတစ်ဦးချင်းစီရဲ့ စားသောက်မှုပုံစံကို အထောက်အကူ ဖြစ်အောင် ကူညီပေးနိုင်မယ့် အချက် ( 7 ) ချက်ကို ဖော်ပြပေးလိုက်ပါတယ်။

၁.အရည်အသွေးမြင့် အစားအစာများကို ရွေးချယ်ပါ။

တတ်နိုင်သမျှ အကျိုးပြုပြီး အာဟာရကြွယ်ဝတဲ့ အစားအစာမျာကိုစားပေးပါ။အနည်းဆုံးဖြစ်တဲ့ အစားအစာ တွေဖြစ်တဲ့ နို့၊ ဒိန်ချဉ်၊ ဒိန်ခဲ၊ ဟင်းသီးဟင်းရွက်၊ သစ်သီး၊၊ အစေ့အဆန်တို့ဟာ ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာပေးနိုင်ပြီး ကလေးတွေကြီးထွားဖို့နဲ့သင်ယူနိုင်ဖို့ ကူညီပေးပါတယ်။ လူကြီးတွေအတွက်လည်း ကိုယ်အလေးချိန်ကို ထိန်းပေးပြီး ကျန်းမာရေးကိုလည်း ကောင်းမွန် စေပါတယ်။

၂.အစားအစာကို မျှတအောင်စားပေးပါ

အစားစားတဲ့အခါ အနည်းဆုံး အစာအုပ်စုသုံးခု ပါဝင်အောင် စားပေးပါ။အစားအစာအုပ်စုငါးမျိုးမှာ ပါဝင်တဲ့ နို့ထွက်ပစ္စည်း၊ ဟင်းသီးဟင်းရွက်များ၊ သစ်သီးများ၊ အစေ့အဆန်များနှင့် ပရိုတင်းဓာတ်တို့က ကျန်မာရေးအတွက် များစွာအထောက်အကူ ဖြစ်စေပါတယ်။

၃.အစားစားတဲ့အခါ အာရုံစိုက်စားပါ

အစားစားတဲ့အခါ သေချာထိုင်ပြီး သင်စားမယ့်အစားအစာကို အာရုံစိုက်ပြီးစားပါ။ အာရုံထွေပြားစေတဲ့ တီဗီ၊ ဖုန်း၊ ကွန်ပြူတာတို့ကို ပိတ်ထား သင့်ပါတယ်။ ထမင်းစားရင်း စကားစမြည်ပြောတာ ဒါမှမဟုတ် ငြိမ်ငြိမ်သက်သက်စားတာက သင့်အတွက် ပိုကောင်းစေနိုင်ပါတယ်။ ထမင်း စားရင်း အာရုံပျံ့တဲ့အခါ လိုတာထက်အများကြီး ပိုစားမိစေပါတယ်။

၄.ဖြည်းဖြည်းချင်းစားပါ

အစားစားတဲ့အခါ ဖြည်းဖြည်းချင်းစားတာက အစာကို အချိန်ကြာကြာဝါးတာကြောင့် အစားအစာရဲ့ အနံ့နဲ့အရသာကို သေချာ ခံစားမိစေပါတယ်။ ဒါ့အပြင် ဖြည်းဖြည်းချင်းစားတာကြောင့် ဗိုက်ဝလို့ အစာအိမ်ကအချက်ပေးတဲ့အခါ ချက်ချင်း ရပ်တန့်နိုင်တာကြောင့် လိုတာထက်ပိုစားမိတာ မျိုးလည်း မဖြစ်တော့ပါဘူး။

၅.စံနမူနာပြပေးပါ

မိဘတွေနဲ့ ကလေးသူငယ်စောင့်ရှောက်သူတွေဟာ ကလေးတွေအပေါ်မှာ သက်ရောက်မှုများစွာ ရှိပါတယ်။ လူကြီးတွေ အနေနဲ့ ကျန်းမာတဲ့ စားသောက်မှုပုံစံကို ရွေးချယ်စားသုံးပြတဲ့အခါ ကလေးတွေ အနေနဲ့ ကျန်းမာတဲ့စားသောက်မှုပုံစံကို နားလည်လာပြီး အရွယ်ရောက်လာတာနဲ့အမျှ ရွေးချယ်တတ်လာမှာဘဲဖြစ်ပါတယ်။