နွေရာသီရောက်ပြီဆိုရင် သက်တောင့်သက်သာ ၀တ်ဖို့ ၊ ရေကူးဖို့ ၊ ၊ ရေများများသောက်ပြီး ရေဓာတ်ဖြည့်ပေးတဲ့အစားအစာတွေစားပြီး ရေဓာဖြည့်ဖို့ အဆင်သင့်ဖြစ်နေလောက်ပြီထင်ပါတယ်။ ဒီလိုပဲ နွေရာသီနဲ့သင့်တော်တဲ့ လေ့ကျင့်ခန်းကော အဆင်သင့်ဖြစ်ပြီလား ?

ဘယ်လိုရာသီမှာမဆို သက်တောင့်သက်သာရှိဖို့အကောင်းဆုံးနည်းလမ်းက ခန္ဓာကိုယ်က သဘာဝအတိုင်း လိုအပ်တဲ့အရာကို ဖြည့်ဆည်းပေးတာပါ။ ဒီအတွက် ယောဂကျင့်တာက တော်တော်ကောင်းတဲ့အရာပါ။ ရာသီအလိုက် ပြောင်းလဲမှုတွေကို လိုက်လျောညီထွေ ဖြစ်အောင် လုပ်ဆောင်နိုင်ဖို့ ယောဂက ကူညီပေးနိုင်ပါတယ်။

ဒါကြောင့် နွေရာသီမှာ အေးမြနေစေဖို့ တင်းမာမှုတွေကို ပြေပျောက်စေပြီး အတွင်းစိတ်တွေကို ပြေလျော့စေမယ့် အအေးခံယောဂကျင့်စဉ်တွေကို ဝေမျှလိုက်ပါတယ်။

Makarasana-Crocodile Pose

အရင်ဆုံး မှောက်အိပ်လိုက်ပါ ။ ခြေထောက်တွေကို သက်တောင့်သက်သာဖြစ်အောင် ခွာထားလို့ရပါတယ်။ တံတောင်ဆစ်နှစ်ဘက်ကို ကိုင်ပြီး မျက်နှာအပ်လိုက်ပါ။ ဒီလိုကိုယ်ဟန်အနေအထားနဲ့ ၁၀ မိနစ်အထိ နေပါ။ ပြီးမှ အသက်ပြင်းပြင်းရှူပါ။

Shashankasana- Rabbit Pose

ပုဆစ်တုတ်ထိုင်ပြီး လက်နှစ်ဖက်ကိုဆန့်ကာ အရှေ့ကို ဖြည်းဖြည်းချင်းကို်င်းချပါ။ ဒီလိုကိုယ်ဟန်အနေအထားနဲ့ ၁၀ မိနစ်အထိ နေပါ။ ပြီးမှ အသက်ပြင်းပြင်းရှူပါ။

Paschimottanasa- Seated forward bend

အရင်ဆုံး ခြေထောက်ကိုဆန့်ထုတ်ပြီး ထိုင်လိုက်ပါ။ လက်နှစ်ဖက်ကို ဆန့်ပြီး လက်ကခြေချောင်းတွေကိုထိတဲ့အထိ အရှေ့ကို ဖြည်းဖြည်းချင်းကို်င်းချပါ။ နဖူးနဲ့ဒူး ထိနေပါစေ။

Sukhasana – Happy Pose

ခြေထောက်ကို တင်ပျဉ်ခွေအနေအထားနဲ့ ထိုင်လိုက်ပါ။ လက်ဖဝါးတွေကို ဒူးပေါ် သို့မဟုတ် အောက်ကိုချထားပါ။ နောက်ကျောက ဖြောင့်တန်းနေဖို့ အရေးကြီးပါတယ်။

Vrikshasana- Tree Pose

အရင်ဆုံး မတ်တပ်ရပ်ပါ။ ညာဘက်ခြေဖဝါးကို ဘယ်ဘက်ပေါင်ပေါ် တင်ပြီး ပေါင်ခြံကို တတ်နိုင်သမျှ နီးအောင်ထားပါ။ ရင်ဘတ်ရှေ့မှာ လက်ဖဝါးနှစ်ခုကိုထိပြီး ဖြည်းဖြည်းချင်းမြှောက်ပါ။ ပြီးမှ နောက်တစ်ဖက်ကို ထပ်လုပ်ပါ။

Vajrasana

ပုဆစ်တုပ်ထိုင်ပြီး တင်ပါးဆုံရိုးကို ခြေဖနောင့်ပေါ်မှာ ထားပေးပါ။ နောက်ကျောကို မတ်ထားပြီး ဒူးပေါ် လက်ဖဝါးတင်ထားပါ။

Dandasana

ကျောကို ဖြောင့်တန်းထားပြီး ခြေထောက်တွေကို ဆန့်ပြီး ထိုင်ပါ။