Gym ကို မကြိုက်ဘူးလား ဒါမှမဟုတ် တစ်ယောက်တည်းသွားရမှာ ပျင်းနေလား ? တချို့လူတွေက Gym သွားဖို့အတွက် ဇွဲရှိကြပေမယ့် တချို့တွေကတော့ သွားဖို့ပျင်းနေတတ်ပါတယ်။ တချို့ကတော့ သွားချင်ပေမယ့် အလုပ်ကြောင့် Gym သွားဖို့အချိန်မပေးနိုင်ကြပါဘူး။

Gym သွားအချိန်မရှိတဲ့အခါ ဘယ်လိုပုံစံနဲ့ ကြံ့ခိုင်နေမလဲ။ ဒါဆို Gym မပါဘဲ ဘယ်လိုနေရမလဲ ?

လေ့ကျင့်ခန်းလုပ်ချင်ပေမယ့် အိမ်အပြင်မထွက်ချင်ဘူး ဒါမှမဟုတ် Gym သွားရင် အလုပ်အရမ်းများတယ်လို့ ခံစားရရင် အိမ်မှာ လေ့ကျင့်ခန်းလုပ်ပါ။

လမ်းလျှောက်ပါ

လေ့လာမှုတွေအရ လူတွေဟာ ကြံ့ခိုင်နေဖို့ တစ်နေ့ကို အနည်းဆုံး ခြေလှမ်း ၁၀,၀၀၀ လောက် လမ်းလျှောက်သင့်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် Gym သွားဖို့အချိန်မပေးနိုင်ရင် လမ်းလျှောက်ပါ။ လမ်းလျှောက်တာက အချိန်တိုနဲ့ရလဒ်မပြနိုင်ပေမယ့် ရေရှည်မှာ အကျိုးရှိပါတယ်။ ဒါကြောင့် ကျန်းမာရေးအတွက် ဒီနေ့ပဲ လမ်းလျှောက်လိုက်ပါ။

ကပါ

မိနစ် 50 အတန်း ကခုန်ခြင်းက ကယ်လိုရီ 500 ကို လောင်ကျွမ်းစေနိုင်တယ်ဆိုတာ သိပါသလား? ကတာက ကိုယ်အလေးချိန်ကျဖို့နဲ့ ကြံ့ခိုင်နေဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုပါပဲ။ ကတာက ကိုယ်အလေးချိန်ကျဖို့ တစ်ခုသာမကဘဲ စိတ်ဖိစီးမှုကို ပြေလျော့စေတဲ့အတွက် ကောင်းမွန်တဲ့ စိတ်ခံစားချက်ကို ထိန်းညှိပေးနိုင်ပါတယ်။

လှေကားတက်ပါ

လှေကားတက်တာက နှလုံးခုန်နှုန်းကို ကောင်းမွန်စေပြီး နှလုံးရောဂါ၊ အဝလွန်ခြင်းနဲ့ ဆီးချိုရောဂါတို့လို ရောဂါများ ဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။ စိတ်ဖိစီးမှုကို လျှော့ချပေးသောကြောင့် စိတ်ဖိစီးမှုကို သက်သာစေပြီး အရိုးတွေကို သန်မာစေတဲ့အပြင် ကယ်လိုရီတွေကို လောင်ကျွမ်းစေပါတယ်။

အားကစားတစ်ခုခုကစားပါ

အားကစားကို ပုံမှန်ကစားပေးရင် ကိုလက်စထရောနဲ့  သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်တဲ့အပြင် ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးပြီး သွေးလည်ပတ်မှုကို ကောင်းမွန်စေပါတယ်။ ဒါကြောင့် အားတဲ့အချိန်မှာ သဘောကျတဲ့ အားကစားတစ်မျိုးမျိုးကို ကစားပါ။

ကြိုးခုန်ပါ

လေ့ကျင့်ခန်းလုပ်ဖို့ အချိန်ပေးပါ။ ကြံ့ခိုင်နေဖို့နဲ့ အလုံးစုံကျန်းမာရေးကို ထိန်းထားနိုင်ဖို့ တစ်နေ့ကို 5-10 မိနစ်လောက် အချိန်ပေးပါ။ နေ့တိုင်း လေ့ကျင့်ခန်းလုပ်ဖို့ အချိန်မပေးနိုင်တဲ့သူတွေအတွက် ကြိုးခုန်တာက ထိရောက်တဲ့ ခန္ဓာကိုယ်ပြည့်လေ့ကျင့်ခန်းတစ်ခုပါ။