လေ့ကျင့်ခန်းကရမယ့် အကျိုးကျေးဇူးတွေအားလုံးကို သင်သိပေမယ့် အဲဒီအရာတွေက သင်နဲ့မသက်ဆိုင်ဘူးလို့ ထင်ကောင်းထင်မိနေပါလိမ့်မယ်။ ကြံ့ခိုင်မှုဆိုတာ ဘဝနေထိုင်မှုပုံစံရွေးချယ်မှုတစ်ခုပါ… သင့်ရဲ့စိတ်၊ ကိုယ်ခန္ဓာနဲ့ စိတ်ဝိညာဉ်ကို ဂရုစိုက်ဖို့ဆိုတာက သေချာပေါက် သင်လုပ်သင့်တဲ့အရာတစ်ခုပဲ။

ဒါကြောင့် လေ့ကျင့်ခန်းလုပ်ချင်ပေမယ့် မလုပ်ဖြစ်ဘူး ၊ အချိန်မရဘူးဖြစ်နေရင် ဒီလိုလေးစမ်းကြည့်ပါ…

မနက်ခင်းမှာ လေ့ကျင့်ခန်းလုပ်ပါ

လေ့ကျင့်ခန်းလုပ်တဲ့အခါ မနက်ခင်းမှာ လုပ်ရင် ချွေးထွက်ကောင်းဖို့ ပိုများပါတယ်။ ချွေးထွက်များစေဖို့ တစ်ပတ်မှာ တစ်ရက် မနက်ခင်းမှာ လေ့ကျင့်ခန်းလုပ်ပေးပါ။ မနက်လေ့ကျင့်ခန်းလုပ်တဲ့အခါ အဓိကအချက်က ညဘက်ကောင်းကောင်းအိပ်ရေးဝတာ သိသာထင်ရှားပါတယ်။ ဒါကြောင့် ညအိပ်ချိန်က ရှစ်နာရီလောက် အနားယူဖို့တော့ သေချာပါစေ။

စီစဉ်ပါ

အချိန်ဇယားဆွဲပါ။ အချိန်ဇယားကို လူများကို ပြောပြပါ။ အချိန်ဇယားအတိုင်း လုပ်ဖို့တော့ သင့်ကိုယ်သင် တာဝန်ယူပါ။

အပြောင်းအလဲလုပ်ပါ

နေ့တိုင်း တူညီတဲ့အရာတွေကို ထပ်ခါထပ်ခါလုပ်ရင် လေ့ကျင့်ခန်းလုပ်ဖို့ ပျင်းလာမှာ အသေချာပါ။ တစ်ပတ်တခါဖြစ်ဖြစ် လေ့ကျင့်ခန်းတွေကို ပြောင်းလုပ်ကြည့်ပါ။

သဘောကျတဲ့လေ့ကျင့်ခန်းကို သိအောင်လုပ်ပါ

လေ့ကျင့်ခန်းလုပ်တဲ့အခါ စိတ်ပျော်ဖို့အရေးကြီးပါတယ်။ ဒါကြောင့် လေ့ကျင့်ခန်းတွေကိုလုပ်တဲ့အခါ သဘောကျတဲ့လေ့ကျင့်ခန်းကို မသိရမချင်း ဆက်ကြိုးစားပါ ။ ရှာတွေ့ပြီးတာနဲ့ ဆက်လုပ်ပါ။

လေ့ကျင့်ခန်းအက်ပ်ကို ဒေါင်းလုဒ်လုပ်ပါ

လေ့ကျင့်ခန်းလုပ်တဲ့အခါ အိမ်မှာဘဲလုပ်ချင်တယ် ဘယ်လိုလုပ်ရမလဲမသိဘူးဖြစ်နေရင် လေ့ကျင့်ခန်းအက်ပ်ကို ဒေါင်းလုဒ်လုပ်လိုက်ပါ။ အသေးစိတ်ညွှန်ပြထားတဲ့ အက်ပ်တွေ အများကြီးရှိပါတယ်။