ညဖက်မှာ အိပ်ပျော်ဖို့ ခက်ခဲနေလား။ အခုပြောပြမယ့် ယောဂလေ့ကျင့်ခန်းက သင့်ကို အိပ်ရေး၀၀အိပ်စေဖို့ ကူညီပေးနိုင်ပါတယ်။

အရေးကြီးဆုံးကတော့ အိပ်ယာမဝင်ခင် နာရီဝက်အလိုမှာ TV တွေ ဖုန်းတွေ လုံးဝမကြည့်ပါနဲ့။ သီချင်းအေးအေးလေးဖွင့်ထားပြီး အခုပြောပြမယ့် ယောဂလေ့ကျင့်ခန်းကို လုပ်ကြည့်ပါနော်။ အာရုံကြောတွေကို သက်သောင့်သက်သာဖြစ်စေပြီး နှလုံးခုန်နှုန်းကို ဖြည်းဖြည်းလေး ကျသွားစေလို့ သင့်ကို အိပ်ပျော်စေဖို့ အကူအညီဖြစ်စေသလို နှစ်နှစ်ခြိုက်ခြိုက်အိပ်ရေးဝစေမှာအမှန်ပါပဲ။

၁။ အရင်ဆုံး ခန္ဓာကိုယ်ကို ပက်လက်လှဲနေပြီး ဒူးကွေးထားလိုက်ပါ။ ပြီးရင် ဒူးကို ဘယ်ဖက်ကွေးလိုက်ပါ။ အဲဒီနော် ဘယ်ဖက်လက်နဲ့ ညာဖက်ပေါင်ကို ထိန်းထားပြီး ညာဖက်လက်ကို ဘေးဖက်ချထားပါ။ မျက်နှာကို ညာဖက်လှည့်ပါ။ အဲဒီအတိုင်းနေပြီး အသက်မှန်မှန်ရှူပါ။ ပြီးရင်နောက်တစ်ဖက်ပြောင်းပေးပါ။

၂။ အရင်ဆုံး ကျောလှဲနေပါ။ ကျောနောက်မှာ ခေါင်းအုံးခံထားပါ။ ပြီးရင် ဒူးနှစ်ဖက်ကို အခုပုံမှာပြထားသလို ကွေးထားပါ။ လက်နှစ်ဖက်ကို ဘေးချထားပါ။ စိတ်တွေကိုရော ခန္ဓာကိုယ်တစ်ခုလုံးကိုပါ Relax လုပ်ထားပါ။ ပြီးရင် အသက်ကို မှန်မှန်လေးရှူပါ။

ညအိပ်မပျော်သူတွေလုပ်ပေးသင့်တဲ့ ယောဂလေ့ကျင့်ခန်း (၆) မျိုး

၃။ အရင်ဆုံး လဲှနေလိုက်ပါ။ ပြီးရင် ခါးအောက်မှာ ခေါင်းအုံးအပျော့တစ်လုံးခုထားပါ။ ပြီးရင် လက်နှစ်ဖက်ကို ဘေးချထားပြီး သက်သောင့်သက်သာနေပါ။ ခြေထောက်နှစ်ဖက်ကို နံရံပေါ်တင်လိုက်ပြီး အသက်ကို ဖြည်းဖြည်း မှန်မှန်ရှူပါ။

၄။ အရင်ဆုံး မှောက်လျက်အနေအထားနေပေးပါ။ ပြီးရင် ခြေဖဝါးကို ဆန့်ထားပြီး ကြမ်းပြင်နဲ့ ခြေချောင်းလေးတွေနဲ့ ထိအောင်ထားပါ။ လက်နှစ်ဖက်ကို နောက်ပစ်ပြီး ခေါင်းကို နည်းနည်းကြွပါ။ အဲဒီအတိုင်းနေနိုင်သလောက်နေပေးပါ။

ညအိပ်မပျော်သူတွေလုပ်ပေးသင့်တဲ့ ယောဂလေ့ကျင့်ခန်း (၆) မျိုး

၅။ အရင်ဆုံး ခြေထောက်နှစ်ဖက်ကို ကားနိုင်သလောက်ကားထားပါ။ ခေါင်းအုံးကို အရှေ့မှာချပြီး လက်နှစ်ဖက်ကို ခေါင်းအုံးအောက်ထည့်ထားပါ။ ပြီးရင် မျက်နှာနဲ့ ခေါင်းအုံးကိုအပ်ထားလိုက်ပါ။ အဲဒီအတိုင်း နေနိုင်သလောက်နေပါ။

၆။ အရင်ဆုံး ကျောလဲှနေပါ။ ပြီးရင် ခြေထောက်ကိုရော လက်နှစ်ဖက်ကိုပါ ဖျော့ထားပါ။ ခန္ဓာကိုယ်တစ်ခုလုံးကို သက်သောင့်သက်သာနေပြီး အသကကို မှန်မှန်ရှူပေးပါ။ ခေါင်းအုံးကို လည်ပင်းကနေ ကျောထိ ဒေါင်လိုက်ခုထားပေးပါ။