ယောဂလေ့ကျင့်ခန်းဟာ ကမ္ဘာတစ်ဝှမ်းလုံးမှာ အသုံးပြုနေတဲ့ ကျင့်စဉ်တစ်မျိုးဖြစ်ပြီး စိတ်ရောကိုယ်ပါ ကျန်းမာရေးအတွက် ကောင်းကျိုးအစုံအလင်ကို ပေးစွမ်းနိုင်ပါတယ်။

နေ့စဉ်မှန်မှန် ယောဂလေ့ကျင့်ပေးခြင်းဟာ ကျန်းမာရေးအတွက်သာမက ကျစ်လစ်လှပတဲ့ ခန္ဓာကိုယ်အချိုးအစား၊ ပျော့ပျောင်းမှု စသည့် အကျိုးကျေးဇူးများကိုလည်း ရရှိနိုင်မှာဖြစ်ပါတယ်။

၁။ ကိုယ်လက်နာကျင်မှုကို သက်သာစေခြင်း

Source: roohanionlinespiritualhelp.co.uk

ကိုယ်လက်နာကျင်မှုဝေဒနာကို အသက်အရွယ်ရလာတဲ့ လူအားလုံး မကြာခဏ ခံစားရလေ့ရှိပြီး ဒီလိုပြဿနာအတွက် ယောဂကျင့်စဉ်များက အကောင်းဆုံးပါပဲ။

ယောဂလေ့ကျင့်ခြင်းက သင့်ခန္ဓာကိုယ်ကို ပိုမိုပျော့ပျောင်းလာစေပြီး ကြွက်သားများကို သန်မာလာစေပါတယ်။

စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး

Source: Mad World Forum

စိတ်ညစ်စရာ၊ စိတ်ရှုပ်စရာတွေကို ကြုံတွေ့လာရတဲ့အခါ ဦးနှောက်အလုပ်လုပ်မှုကို အနှောင့်အယှက်ဖြစ်လာစေနိုင်ပြီး ဒီလိုအချိန်မှာ ယောဂလေ့ကျင့်ခန်းက အကူအညီဖြစ်စေပါတယ်။

စိတ်ဖိစီးမှုလျော့ကျစေခြင်း

Source: Soulutions for Balance

ယောဂလေ့ကျင့်ခန်းတွေဟာ လူအများရဲ့စိတ်ကို ငြိမ်းချမ်းစေတာကြောင့် စိတ်ဖိစီးမှုအတွက်လည်း အထူးကောင်းမွန်ပါတယ်။ ယောဂပြုကျင့်ခြင်းအားဖြင့် အသက်ရှူမှုကိုလည်း လေ့ကျင့်ပေးသလိုဖြစ်ပြီး စိတ်ကိုလည်းတည်ငြိမ်စေတာကြောင့် စိတ်ဖိစီးမှုတွေခံစားရခြင်းမှ ကင်းဝေးစေပါတယ်။

စိတ်တည်ငြိမ်စေခြင်း

Source: Westside Treatment

အကြောင်းအမျိုးမျိုးကြောင့် စိတ်ရှုပ်စရာ၊ စိတ်ညစ်ရာတွေ ကြုံတွေ့လာသူများအဖို့ ယောဂလေ့ကျင့်ခန်းပြုလုပ်ခြင်းက စိတ်ထွက်ပေါက်ပေးဖို့အတွက် အကောင်းဆုံးနည်းလမ်းတစ်ခုပါပဲ။ ယောကလေ့ကျင့်ခန်းတွေက စိတ်ပိုင်းဆိုင်ရာလည်ပတ်မှုကို အေးချမ်းစေတာကြောင့် စိုးရိမ်ကြောင့်ကြမှုတွေကို ထိန်းချုပ်နိုင်စွမ်းလည်း တိုးစေမှာဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်စွမ်းအားကောင်းလာခြင်း

Source: Business Daily 24

ယနေ့ခေတ်လို ရှုပ်ထွေးလွန်းလှတဲ့ လူနေမှုဘဝထဲမှာ ကိုယ့်ကိုယ်ကိုထိန်းချုပ်နိုင်စွမ်းအားလည်း အထူးလိုအပ်ပါတယ်။ အထက်မှာဖော်ပြခဲ့တဲ့အတိုင်း ယောဂကျင့်စဉ်တွေဟာ စိတ်တည်ငြိမ်မှုကိုဖြစ်ပေါ်စေတာကြောင့် ပြဿနာတွေ၊ စိန်ခေါ်မှုတွေကြုံတွေ့လာသည့်အခါ စိတ်မြန်လက်မြန်မဟုတ်ဘဲ အေးအေးဆေးဆေးဖြေရှင်းနိုင်အောင် ကူညီပေးနိုင်ပါလိမ့်မယ်။

အိပ်ပျော်စားဝင်ခြင်း

Source: Lifehacker Australia

ကျန်းမာရေးမကောင်းရင်၊ စိတ်ရှုပ်လွန်းရင် ညဖက်တွေမှာလည်း အိပ်မပျော်တဲ့ပြဿနာတွေပါ ကြုံတွေ့လာရနိုင်ပါတယ်။ ဒီလိုအခြေအနေအတွက်လည်း ယောဂကျင့်စဉ်တွေဟာ အထောက်အကူဖြစ်စေနိုင်ပြီး အားအင်ကိုလည်းတိုးတက်စေမှာဖြစ်ပါတယ်။

Credit: WINGMAN