စိတ်ဖိစီးမှုဆိုတာကတော့ လူတိုင်းလိုလိုဖြစ်တတ်ပါတယ်။ အလုပ်လုပ်နေရတဲ့သူတွေမှာတော့ စိတ်ဖိစီးမှုတွေက ပိုများနေတတ်ပါတယ်။ ဘယ်လိုအကြောင်းမျိုးကြောင့်ပဲ စိတ်ဖိစီးမှုဖြစ်ဖြစ် ပြေပျောက်အောင်လုပ်လို့ရတာတွေ အများကြီးရှိပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုတွေကိုလျော့ကျသွားစေမယ့် ယောဂကျင့်စဉ် (၇) မျိုးကို ဖော်ပြပေးလိုက်ပါတယ်။ ကိုယ်အားတဲ့အချိန်လေးမှာ စိတ်ညစ်စရာတွေထိုင်တွေးနေမယ့်အစား ယောဂကျင့်ကြည့်ပါ။

တရားထိုင်သလိုမျိုးပဲ သက်တောင့်သက်သာရှိစေမယ့် အဝတ်အစားကိုဝတ်ပြီး လေကောင်းလေသန့်ရတဲ့နေရာ၊ တိတ်ဆိတ်တဲ့နေရာမျိုးမှာ ဒီယောဂကျင့်စဉ်ကို ကျင့်ပေးမယ်ဆိုရင်တော့ စိတ်ဖိစီးမှုတွေကို သိသိသာသာလျော့ကျစေပြီး စိတ်ကိုတည်ငြိမ်သွားစေပါတယ်။

ပုံမှာပြထားတဲ့အနေအထားအတိုင်းနေပြီး အသက်ကိုရှူသွင်း၊ ရှူထုတ်လုပ်ပေးပါ။ ဒီယောဂကျင့်စဉ်ကို မိနစ်အနည်းငယ်လောက် လုပ်ပေးရပါမယ်။

ပုံမှာပြထားတဲ့အနေအထားအတိုင်း မိနစ်အနည်းငယ်လောက်နေပေးပြီး အသက်ကို ရှူသွင်းရှူထုတ်လုပ်ပေးပါ။ ဒီယောဂကျင့်စဉ်ကလည်း စိတ်ဖိစီးမှုတွေကို လျော့ကျစေပါတယ်။

ပုံမှာပြထားတဲ့ အနေအထားအတိုင်း မိနစ်အနည်းငယ်နေပေးမယ်ဆိုရင်တော့ စိတ်ဖိစီးတွေကိုလျော့ကျစေတဲ့အပြင် အညောင်းအညာလည်းပြေစေပါတယ်။

ပုံမှာပြထားတဲ့အနေအထားအတိုင်းနေပြီး ခြေထောက်ကို တစ်လှည့်စီ မြှောက်ပေးရပါမယ်။ ဒီယောဂကျင့်စဉ်ကိုလည်း မိနစ်အနည်းငယ်လောက် လုပ်ပေးပါ။

ပုံမှာပြထားတဲ့အတိုင်း ခြေထောက်ကိုဆန့်ုထုတ်ပြီး လက်နှစ်ဖက်က ခြေဖဝါးကို ထိထားပါ။ ခေါင်းကိုလည်း ဒူးခေါင်းနားထိ ငုံ့ထားပါ။ ဒီယောဂကျင့်စဉ်က စိတ်ဖိစီးမှုတွေကို လျော့ကျစေရုံသာမကပဲ အညောင်းအညာပြေစေပြီး ကိုယ်ခန္ဓာပေါ့ပါးလန်းဆန်းစေပါတယ်။

ခုနကလိုအနေအထားအတိုင်းပဲနေပြီး ခေါင်းကို ဒူးခေါင်းနဲ့ ထိကပ်နေအောင် နေပေးရပါမယ်။ ခုနကကျင့်စဉ်မှာတော့ ခေါင်းက ဒူးခေါင်းနဲ့ ထိကပ်နေဖို့က အရေးကြီးပါတယ်။

အခုပြောပြသွားတဲ့ ယောဂကျင့်စဉ်ကို တစ်ခုထဲလုပ်ရမှာမဟုတ်ပါဘူး။ (၇) မျိုးလုံးကို တစ်ဆင့်ချင်းစီ ဖြေးဖြေးချင်းစီလုပ်ပေးသွားမယ်ဆိုရင်တော့ စိတ်ဖိစီးမှုတွေလျော့ကျပြီး စိတ်တည်ငြိမ်စေပါတယ်။ စိတ်ကြည်လင်လန်းဆန်းပြီး အညောင်းအညာလည်း ပြေစေပါတယ်။

Photo Source: www.womensok.com