ဒီတစ်ခါမှာတော့ MyHealth Myanmar ရဲ့ ပျိုမေလေးတွေအတွက် မသိမဖြစ်တဲ့အကြောင်းအရာလေးကို ပြောပြပေးမှာဖြစ်ပါတယ်။ ဘယ်လိုအကြောင်းအရာလဲဆိုတော့ မိန်းကလေးတွေနဲ့ Period ဆိုတာ ခွဲခြားထားလို့ရတာမျိုးတော့ မဟုတ်ဘူးဆိုပေမယ့် ဘယ်လိုမျိုး ဖြတ်ကျော် ရမလဲဆိုတာပါပဲ။ တစ်လမှာတစ်ကြိမ် ပုံမှန်လိုမျိုးဖြစ်နေတော့ မိန်းကလေးတွေအတွက် အသားကျနေပြီလို့ထင်ရပေမယ့် ကိုက်ခဲမှုတွေ၊ စိတ်မသက် မသာဖြစ်စရာတွေကြောင့် အမြဲတမ်းပင်ပန်းနေရတာပေါ့။ ဒီလိုတွေမဖြစ်ရလေအောင် ဘာတွေကြိုတင်ပြင်ဆင်ကြမလဲဆိုတာကို ပြောပြပေးချင် ပါတယ်။

ကြိုတင်ပြင်ဆင်ထားပါ

ကိုယ့်ရဲ့နေစွဲလေးတွေနားကို ရောက်တော့မယ်ဆိုရင် လိုအပ်တာလေးတွေကို ကြိုတင်ပြင်ဆင်ထားပါ။ Pad တွေရှိမရှိကြည့်ကြည့်ပါ။ မရှိတော့ဘူးဆိုရင် ကြိုတင်ဝယ်ထားပါ။ ဖြစ်လာတဲ့နေ့မှ မရှိနေရင် အရေးပေါ်အခြေအနေတွေဖြစ်ကုန်ပြီး စိတ်ရှုပ်စရာတွေပဲဖြစ်လာမှာပါ။

ကဖိန်းဓာတ်ကိုရှောင်ပါ

Photo Source : The Reader Digest

ဒီလိုမျိုး Period ဖြစ်နေတဲ့အချိန်မှာတော့ ကဖိန်းဓာတ်ပါတာတွေကို သုံးဆောင်တာတွေ လျော့ထားစေချင်ပါတယ်။ သင့်အစာအိမ်ကိုထိခိုက်စေပြီး ဗိုက်အောင့်တာတွေလည်း ဖြစ်လာစေနိုင်ပါတယ်။

သက်သောင့်သက်သာရှိတာမျိုးကို ဝတ်ဆင်ပါ

Photo Source : Travel Fashion Girl

ဒီလိုအချိန်မျိုးမှာတော့ နွေးနွေးထွေးထွေးနဲ့ သက်သောင့်သက်သာဖြစ်စေမယ့် အဝတ်အစားမျိုးတွေကို ရွေးချယ်ပြီးဝတ်တာက အကောင်းဆုံးပါပဲ။ ကြပ်ကြပ်ထုပ်ထုပ်နဲ့ စိတ်မသက်သာစရာတွေကို ဝတ်နေမယ်ဆိုရင်တော့ မဖြစ်သေးဘူးပေါ့။ ဒီလိုမျိုးအချိန်ဆိုရင် နည်းနည်းလေး စိတ်ရှုပ်စရာ ဆိုရင်တောင် အများကြီးစိတ်ရှုပ်တတ်တာလေ။ အဲဒါကြောင့် စိတ်ကြည်ကြည်လင်လင်ပဲ နေဖို့ဆိုရင်တော့ သက်တောင့်သက်သာဖြစ်မှာမျိုးတွေကို ရွေးဝတ်ပါ။

ရေများများသောက်ပေးပါ

ရေများများသောက်ပေးတာက သင့်ခန္ဓာကိုယ်တွင်းမှာရှိနေတဲ့ အဆိပ်အတောက်တွေနဲ့ အညစ်အကြေးတွေကို လျော့နည်းသွားစေပြီး ကိုက်ခဲမှု ဝေဒနာတွေကိုလည်း လျော့နည်းသွားစေနိုင်ပါတယ်။

ရေချိုးပါ

ဒီလိုမျိုးဖြစ်နေတဲ့အချိန်မှာ စိတ်ကိုကြည်လင်လန်းဆန်းနေစေဖို့အတွက် ရေချိုးတာကို လုပ်ပေးဖို့တော့လိုပါတယ်။ မလုပ်ချင် မထချင်ဖြစ်နေမှာကို သိပေမယ့် မလန်းမဆန်းတဲ့အတိုင်း ဆက်နေနေမယ်ဆိုရင်တော့ စိတ်တွေပဲပိုပြီးရှုပ်ထွေးလာပါလိမ့်မယ်။

ရာသီလာတယ်ဆိုတာ မိန်းကလေးတိုင်းအတွက် မဆန်းကြယ်တော့ဘူးဆိုပေမယ့်လည်း နာကျင်မှုတွေကြောင့် စိတ်မသက်သာဖြစ်တာ၊ မရွှင်လန်းတာ တွေကြောင့် ပိုပြီးတော့ ခက်ခက်ခဲခဲဖြတ်သန်းရတတ်ပါတယ်။ ဒီအချက်တွေကို ကြိုတင်ပြင်ဆင်ထားမယ်ဆိုရင်တော့ နာကျင်မှုတွေသက်သာစေပြီး ကောင်းကောင်းကျော်ဖြတ်နိုင်မှာဖြစ်တဲ့အတွက် အကောင်းဆုံးပါပဲနော်။

Reference; Brightside