အမြဲတမ်းရေအေးသောက်တဲ့အကျင့်ရှိတဲ့လူလား ? ဒါဆိုရင် ရေအေးကို မေ့လိုက်ပါ။ အိပ်ရာကနိုးတဲ့အခါ ရေနွေးသောက်တာက အကျိုးကျေးဇူးများစွာရှိပြီး ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေပါတယ်။

တစ်နေ့တာမစတင်မီ ရေနွေးတစ်ခွက် (သို့မဟုတ်) သုံးခွက်သောက်ပါ။ အရင်က တစ်ခါမှ မလုပ်ဖူးဘူးဆိုရင် ရေနွေးသောက်တာက နည်းနည်းတော့ ကွဲပြားသွားသလို ခံစားရပါလိမ့်မယ်။

ကိုယ်အလေးချိန်ကျခြင်း

Pink Salt နဲ့ သံပုရာသီးကို ရေနွေးပူထဲ ထည့်လိုက်ပါ။ သံပုရာသီးက အစာခြေစနစ်ကို အထောက်အကူပြုမှာဖြစ်ပြီး ရေနွေးကတော့ မကောင်းတဲ့အဆီတစ်ရှူးဖြစ်တဲ့ အဆီတစ်ရှူးတွေကို ချေဖျက်ပေးပါလိမ့်မယ်။ မနက်ခင်းမှာ ကိုယ်တွင်းအင်္ဂါတွေကို သန့်စင်ပေးပြီး ကိုယ်တွင်းအင်္ဂါတစ်ခုခုနဲ့ ဆက်စပ်နေတဲ့အရာတွေကို ကျန်းမာစေဖို့ ရေနွေးနွေးလေး အရင်စသုံးဖို့ အကြံပြုချင်ပါတယ်။

ရာသီလာစဉ် ကြွက်တက်ခြင်းကို သက်သာစေခြင်း

ရာသီလာတုန်း ကြွက်တက်ရင် ရေနွေးသောက်တာက ဝမ်းဗိုက်ကြွက်သားတွေကို သက်သာစေပါတယ်။ ရေနွေးပုလင်း သို့မဟုတ် အပူပေးအိတ်က အပြင်ဘက်ကနေ အလုပ်လုပ်သလို အတွင်းပိုင်းကနေ လုပ်ဆောင်ပေးပါတယ်။ ဒါကြောင့်နောက်တစ်ကြိမ် နာကျင်ကိုက်ခဲနေချိန် ကြွက်တက်တာကို သက်သာစေဖို့ ရေနွေးသောက်ပေးပါ။

မနက်ခင်းမှာ Detoxify လုပ်ခြင်း

ရေနွေးသောက်ခြင်းက ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။ ခန္ဓာကိုယ်အပူချိန်တိုးလာတဲ့အခါ ချွေးထွက်များလာပြီး ချွေးထွက်တဲ့အခါ ခန္ဓာကိုယ်ကနေ အဆိပ်အတောက်များကို ဖယ်ရှားပေးပါတယ်။

သွေးလှည့်ပတ်မှုကို အထောက်အကူပြုခြင်း

ရေနွေးသောက်ခြင်းက အာရုံကြောစနစ်ကို ကောင်းမွန်စေပါတယ်။ အာရုံကြောစနစ်တဝိုက်မှာရှိတဲ့ အဆီတွေကို ချေဖျက်ပေးတာကြောင့် သွေးလည်ပတ်မှုကို အထောက်အကူပြုပါတယ်။ ဒါဆို ဘာကိုစောင့်နေတာလဲ ? ရေနွေးအိုးကို အပူပေးပြီး ရေနွေးနွေးလေးတစ်ခွက်ကို အခုချက်ချင်းသောက်လိုက်ပါ။