၂၁ ရာစုလို အရာရာတိုးတက်ပြောင်းလဲနေတဲ့ အချိန်မှာ လူသားတွေရဲ့ တစ်နေ့တာကလည်း ပိုပြီးတော့ ရှုပ်ထွေးလာနေပါတယ်။ ဒီလိုရှုပ်ထွေးမှုတွေကြောင့် တစ်နေ့တာပင်ပန်းခဲ့သမျှကို အနားယူရမယ့်အချိန်တစ်ချိန်ကတော့ အိပ်စက်ချိန်ပါပဲ။

ဒါပေမယ့်လည်း လူကပင်ပန်းလို့မလှုပ်နိုင်တော့ဘူး သေလောက်အောင်အိပ်ချင်နေပေမယ့်လည်း ဘယ်လိုမှ အိပ်မပျော်ဘူးဖြစ်နေပါသလား။ အလုပ်၊ မိသားစု၊ ငွေရေးကြေးရေး၊ ပညာရေး စတာတွေက အိပ်ရာထဲပက်လက်လှန်လိုက်တာနဲ့ ခေါင်းထဲရောက်ရောက်လာတာက အဆိုးဆုံးပါပဲ။

နောက်တစ်နေ့ကျရင် ကျောင်း၊ အလုပ်သွားရပါဦးမယ်ဆိုကာမှ မိုးလင်းတဲ့အထိ အိပ်မပျော်လို့ လုံးဝမဖြစ်ပါဘူး။ ဒါဆိုရင် အိပ်မရခြင်းကို ဘယ်လိုကုစားကြမလဲ။

အိပ်မပျော်ပါက ခံစားတွေ့ကြုံရမယ့် အခြေအနေများ

Source: Penn Today – University of Pennsylvania

လုံလောက်တဲ့ အိပ်ရေးမဝတော့ဘူးဆိုရင် စိတ်ထဲမှာ ညည်းညူပျော့တွဲသလို ခံစားလာရပြီး အလုပ်၊ ကျောင်းစာတွေပေါ်မှာလည်း အာရုံစူးစိုက်နိုင်တော့မှာမဟုတ်ပါဘူး။

ဒီလိုအခြေအနေမှာ မကြာမကြာဒေါသဖြစ်ခြင်းက အဆိုးဆုံးပါပဲ။ အခြားသူတွေနဲ့ ပေါင်းသင်းဆက်ဆံရတာ ခက်ခဲလာကာ အလိုလိုကို စိတ်ဓာတ်ကျသလို ခံစားနေရလာမှာဖြစ်ပါတယ်။

ဒါဆို ဘယ်လိုဆင်ခြင်ရမလဲ

Source: Smart Sleeping Tips

  • အိပ်ရာမဝင်ခင်မှာ မိုဘိုင်းလ်ဖုန်းတွေ၊ LED စခရင်မ်တွေ အသုံးပြုခြင်းကို ရှောင်ကျဉ်ပါ။
  • ခေါင်းနဲ့ နည်းနည်းဝေးဝေးမှာ နှိုးစက်တွေကိုထားပါ။
  • တေးသီးချင်းအေးအေးလေးတွေကို နားထောင်ပေးပါ။
  • အိပ်ချိန်နဲ့ နိုးထချိန် မှန်အောင်ကြိုးစားပါ။

Source: Smart Health Kick

  • အိပ်ယာမဝင်ခင် သကြား သို့မဟုတ် ကဖင်းဓာတ်ပါတဲ့ ဖျော်ရည်တွေ မသောက်သုံးပါနဲ့။
  • မဂ္ဂနီဆီယမ်၊ ကယ်လ်စီယမ်၊ ဗီတာမင်တွေ၊ သတ္တုဓာတ်တွေ မျှတစွာပါဝင်အောင် စားသုံးပါ။
  • နေရောင်ခြည်ခံပေးပါ။
  • ညအိပ်ခါနီးမှ အစားစားဖို့ဖန်လာတယ်ဆိုရင်တော့ ပေါ့ပေါ့ပါးပါးလေးပဲ စားပေးပါ။ အများကြီးစားသုံးခြင်းက အစာမကြေမှုကိုဖြစ်စေကာ အိပ်ပျော်ဖို့ နှောင့်ယှက်ပါလိမ့်မယ်။

Source: Healthy Kids Today

  • မအိပ်ခင် လမ်းလျှောက်ပေးခြင်းက အစာတွေကြေစေကာ စိတ်ကိုလည်းငြိမ်းချမ်းစေတာကြောင့် အလွယ်တကူ အိပ်ပျော်စေမှာပါ။
  • အရက်သေစာသောက်သုံးခြင်း မပြုပါနဲ့။
  • ဆေးလိပ်မသောက်ပါနဲ့။

Featured Image Source: woolcock.org.au