သင်ကဖျားနာတာမဟုတ်ဘဲ အမြဲတမ်းခေါင်းကိုက်နေတာမျိုးဖြစ်ပါသလား။ ဒီနေ့လို စိတ်ဖိစီးမှုများလွန်းတဲ့ခေတ်မှာ ကိုယ်ခန္ဓာမကျန်းမာတာအပြင် အလုပ်တဖက်၊ ကိုယ်ရေးကိုယ်တာအကြောင်းအရာတွေက တဖက်နဲ့ ဖိအားတွေပိုဖြစ်စေနိုင်ပါတယ်။ ဒါဆို ဒီလိုခေါင်းကိုက်လာတဲ့အခါ ခဏခဏ ဆေးသောက်တာမျိုးမလုပ်ဘဲ တခြားနည်းလမ်းတွေနဲ့သက်သာအောင်လုပ်ကြည့်ရအောင်။

(၁) သင့်ကိုခေါင်းကိုက်စေတဲ့အကြောင်းအရင်းကိုရှာပါ

Source: IDG Insider Pro

ခေါင်းကိုက်တယ်ဆိုတာမျက်နာနဲ့ခေါင်းတဝိုက်မှာ နာကျင်မှုဖြစ်ပေါ်တာပါ။ ခေါင်းကိုက်တဲ့အခါ စိတ်အနှောက်အယှက်အဖြစ်ဆုံးကတော့ မျက်လုံးနဲ့နဖူးမှာတင်းမာနေတဲ့အခါမျိုးပါ။ ဒါကသင်အနေနဲ့ စိတ်ဖိစီးမှုကိုခံစားနေရတယ်ဆိုတဲ့ လက္ခဏာပါ။ စိတ်ဖိစီးမှုများလွန်းတာကအချိန်ကြာလာတာနဲ့အမျှ သွေးတိုးတာ၊ နှလုံးရောဂါနဲ့ ကိုယ်ခံအားနည်းတာတွေလို နောက်ဆက်တွဲရောဂါတွေဖြစ်စေပါတယ်။

(၂) အသက်ရှူလေ့ကျင့်ခန်းလုပ်ပါ

Photo : Healthline

မှန်ကန်တဲ့ အသက်ရှူလေ့ကျင့်ခန်းကို တနေ့တကြိမ်လုပ်ပေးတာက ခေါင်းကိုက်ခြင်းသက်သာစေတာ အပြင်နှစ်နှစ်ခြိုက်ခြိုက်လည်း အိပ်ပျော်စေပါတယ်။ အထူးသဖြင့် ခေါင်းကိုက်ခြင်းက ညအိပ်ရာမဝင်မီအချိန်တွေမှာ ပိုခံစားရနိုင်တဲ့အတွက် ညအိပ်ခါနီးလုပ်ပေးရင်ပိုကောင်းပါတယ်။ အသက်ရှုလေ့ကျင့်ခန်းကို စနစ်ကျတဲ့ ယောဂလေ့ကျင့်ခန်းတွေမှာ လေ့လာလို့လည်းရပါတယ်။

(၃) ရေများများသောက်ပါ

Source:Adobe Stock

ခေါင်းကိုက်တာကိုကာကွယ်ဖို့ ဒါမှမဟုတ် သက်သာစေဖို့နောက်ထပ်နည်းလမ်းတခုက ရေများများသောက်ပေး တာပဲဖြစ်ပါတယ်။ စိတ်ပညာမှာ ဦးနှောက်ဆဲလ်တွေအလုပ်လုပ်ဖို့ လုံလောက်တဲ့ အရည်(သို့) ရေဓါတ်လိုအပ် ပါတယ်။ ရေဓါတ်မလုံလောက်တဲ့အခါ ဦးနှောက်ဆဲလ်အချို့အလုပ်မလုပ်နိုင်ဘဲ ခေါင်းကိုက်တာလိုရောဂါမျိုး တွေဖြစ်နိုင်ပါတယ်။

(၄) အိပ်ရေးဝအောင်အိပ်ပါ

Source: Shutterstock

နောက်တခုကတော့ ညဘက်မှာလုံလုံလောက်လောက် အိပ်စက်အနားယူပေးဖို့ပါ။ လိုအပ်ရင်နေ့လည်နေ့ခင်း တရေးအိပ်တာမျိုးလည်း လုပ်လို့ရပါတယ်။ အိပ်စက်ခြင်းက သင့်ခန္ဓာကိုယ်နဲ့ဦးနှောက်ဆဲလ်တွေမှာရှိတဲ့ ပြဿနာ တွေကိုအများကြီးလျော့ချခွင့်ရစေပါတယ်။ တကယ်လို့ သင်ကနေ့ခင်းဘက် မအိပ်တတ်ဘူးဆိုရင် ညဘက်ကိုပုံမှန်ထက်စောစောအိပ်ယာဝင်ပါ။

အခုပြောခဲ့တဲ့ရိုးရှင်းတဲ့အချက်တွေကို လိုက်လုပ်ကြည့်ပြီးခေါင်းကိုက်သက်သာကြမယ်လို့မျှော်လင့်ပါတယ်။ တကယ်လို့ သက်သာခြင်းမရှိသေးဘူးဆိုရင် နီးစပ်ရာဆေးရုံဆေးခန်းတွေကိုသွားပြပြီး ဆရာဝန်ရဲ့ကုသမှုရယူဖို့အကြံပြုလိုပါတယ်။