Aircon လေထက် ပန်ကာလေက ပိုပြီးတော့ ကျန်းမာရေး ထိခိုက်စေပါတယ်။ သဘာဝလေကတော့ အကောင်းဆုံးပေါ့။ ဒါပေမယ့် ညဘက်တွေ အိပ်တဲ့အခါမျိုးမှာ အရမ်းပူရင် Aircon မရှိတဲ့အခါ ပန်ကာပဲဖွင့်ရတာပေါ့။ ဒီလိုပန်ကာဖွင့်တဲ့အခါမှာလည်း Timer ပေးပြီးဖွင့်ပါ။ ဒါမှ ကိုယ်အိပ်ပျော်တဲ့ အချိန် သူ့အလိုလိုပိတ်သွားမှာပါ။ ပန်ကာကို Timer ပေးပြီး ဖွင့်ရင်တောင် direction ကို အသေမထားပဲ လှည့်ထားပါ။ ပန်ကာဖွင့်အိပ်ရင် စောင်ခြုံထားပါ။ ဒါမှ ခန္ဓာကိုယ်ကို ပန်ကာလေတိုက်ရိုက်မထိမှာပါ။ အဲ့လိုမဟုတ်ပဲ ပန်ကာကို တစ်ချိန်လုံးဖွင့်ထားပြီး အိပ်မယ်ဆိုရင်တော့ ဒီလိုဆိုးကျိုးတွေ ဖြစ်လာပါလိမ့်မယ်။

Source:Homemaking.com

နှာပိတ်ခြင်း

Source:Flo

ပါးစပ်တွေ၊ နှုတ်ခမ်းတွေ၊ အာခေါင်တွေ ခြောက်ပြီး နှာပိတ်တာ၊ နှာစေးတာတွေ ဖြစ်လာပါလိမ့်မယ်။ ပန်ကာကို ဖွင့်ပြီး အိပ်ရင် အများဆုံးဖြစ်တာကတော့ အာခေါင်တွေခြောက်ပြီး နှာပိတ်တာပါပဲ။

ဖျားနာခြင်း

Source: Latest Home & Garden

အလက်ဂျစ်ရှိတဲ့သူဆိုရင် ပန်ကာဖွင့်ပြီးအိပ်တာကြာလာရင် asthma ဖြစ်လာမယ်။ မျက်လုံးတွေခြောက်ပြီး eye allergies ထလာမယ်။ hay fever လို့ခေါ်တဲ့ အမှုန်အမွှားတွေကြောင့် နှာစေးချောင်းဆိုးတာ၊ ဖျားနာတာတွေ ဖြစ်လာနိုင်ပါတယ်။

ကိုယ်လက်နာကျင်ကိုက်ခဲခြင်း

Source: Rising Sun Physical Therapy

ပန်ကာဖွင့်ပြီး အိပ်တာကြာလာရင် ကိုယ်လက်တွေ အရမ်းနာလာမယ်။ ကျောတွေအောင့်ပြီး နေရတာ မအီမသာဖြစ်လာမယ်။ ဇာတ်ကြောတက်၊ ခေါင်းအုံလာမယ်။ ဖျားနာချင်သလို လက္ခဏာတွေ ဖြစ်လာပါလိမ့်မယ်။

Source:brightside