လူအများစုကအလုပ်နဲ့ အိမ်မှုကိစ္စတွေကြောင့် လေ့ကျင့်ခန်းလုပ်ဖို့ အချိန်မပေးနိုင်ကြပါဘူး။  ဒါပေမယ့် ကိုယ်အလေးချိန်လျှော့ချဖို့အတွက် အချိန်အများကြီးပေးစရာမလိုဘဲ ၅ မိနစ်လောက်ပေးရုံနဲ့ အံ့ဩဖွယ်ကောင်းလောက်အောင် အကျိုးရှိတဲ့လေ့ကျင့်ခန်းတွေလည်း အများကြီးရှိပါသလို တချို့လေ့ကျင့်ခန်းတွေက သင့်ရဲ့ကိုယ်အလေးချိန် လျှော့ချဖို့အတွက်  မထိရောက်တာကြောင့် မလုပ်သင့်ဘဲ ရှောင်ကြဉ်သင့်ပါတယ်။ ဒါကြောင့် ဘယ်လို လေ့ကျင့်ခန်းတွေကို ရှောင်သင့်လဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

Twisting

Gym ရောက်လို့ရှိရင် Twist လုပ်နေကြတဲ့ လူတွေ သင်မကြာကြာတွေ့မိမှာပါ။ Twist လုပ်တာက ဘေးဘက်ကအဆီတွေကို ကျစေတယ်လို့ လူတွေကထင်တတ်ကြပါတယ်။ ဒါပေမယ့် တကယ်တန်း Twist လုပ်တာက ကြွက်သားတွေကို မထိရောက်သလို ကယ်လိုရီလည်း မလောင်ကျွမ်းပါဘူး။

Crunches

Crunches ဟာ ကိုယ်အလေးချိန်ကို လျှော့ချပြီး ဗိုက်အဆီတွေကို ဖယ်ရှားချင်တဲ့ သူတွေအတွက် ရေပန်းစားတဲ့ လေ့ကျင့်ခန်းတစ်ခုပါ။ ဒီလေ့ကျင့်ခန်းက ဝမ်းဗိုက်ကြွက်သားဝွေကို ပစ်မှတ်ထားပေမယ့် ကယ်လိုရီကို နည်းနည်းဘဲ လောင်ကျွမ်းစေတာကြောင့် ကိုယ်အလေးချိန်ကျရန်အတွက်တော့ မလုံလောက်ပါဘူး။

Dumbbell

လက်တစ်ဖက်စီမှာ  Dumbbells တွေကို ကိုင်ထားလိုက်ရင်  လက်နှစ်ဘက်က အလေးချိန်တူနေတာကြောင့် Core Muscles ပေါ် ထိရောက်မှုနည်းတတ်ပါတယ်။ ဒါကြောင့်  Dumbbells သုံးမယ်ဆိုရင် နှစ်ဘက်လုံးမှာကိုင်မယ့်အစား တစ်ဖက်ပဲကိုင်ပြီး လေ့ကျင့်ပါ။ ပေါင်အတွင်းပိုင်း သို့မဟုတ် အပြင်ဘက်ရှိ အဆီတွေကို ဖယ်ရှားဖို့အတွက်  လူတော်တော်များများက Abduction လေ့ကျင့်ခန်းကို  လုပ်ကြပေမယ့် ဒါက ကြွက်သားပေါ်မှာရှိတဲ့  အဆီအပေါ် တိုက်ရိုက်သက်ရောက်မှုမရှိပါဘူး။

Triceps Extensions

Triceps Extensions နဲ့ Dumbbell curls တို့က လူကြိုက်များတဲ့လေ့ကျင့်ခန်းတွေဖြစ်ပြီး လက်တွေကို သန်မာစေပေမယ့် လက်မောင်းအဆီကျဖို့တော့ မဖြစ်နိုင်ပါဘူး။ ဒိုက်ထိုးတာ ဒါမှမဟုတ် လှေလှော်တာတို့လို  လေ့ကျင့်ခန်းတွေနဲ့နှိုင်းယှဥ်လိုက်ရင် ကယ်လိုရီလောင်ကျွမ်းမှု နည်းလွန်းပါတယ်။

Abduction

ပေါင်အတွင်းပိုင်း သို့မဟုတ် အပြင်ဘက်ရှိ အဆီတွေကို ဖယ်ရှားဖို့အတွက် လူတော်တော်များများက Abduction လေ့ကျင့်ခန်းကို လုပ်ကြပေမယ့် ဒါက ကြွက်သားပေါ်မှာရှိတဲ့ အဆီအပေါ် တိုက်ရိုက်သက်ရောက်မှုမရှိပါဘူး။