သင်လုပ်ဆောင်နေတဲ့ လုပ်ဆောင်မှုအားလုံးကို ထိန်းချုပ်ထားတာက  ဦးနှောက်ပါ။ အရာရာကို မှတ်မိနေအောင် မှတ်ရတာ ၊ တွေးတော စဥ်းစားရတာလည်း ဦးနှောက်ပါဘဲ။ အချိန်ကြာလာတာနဲ့အမျှ   မှတ်ရတာ တွေးရတာတွေများလာတဲ့အခါ ပင်ပန်းနွမ်းနယ်လာပါတယ်။ ဒါကြောင့် ဦးနှောက်ကို အားဖြည့်စေနိုင်မယ့် နည်းလမ်းလေးတွေကို ဖော်ပြထားပါတယ်။

နေ့တိုင်း ဖြည့်စွက်စာ သောက်ပေးပါ

ဗီတာမင် B12 က ဦးနှောက်ကို အားဖြည့်ရုံသာမက၊ ဦးနှောက်အရွယ်အစားကို အမှန် တကယ်ကြီးထွားစေပြီး ဗီတာမင်  က လေ့လာမှု၊ အာရုံစူးစိုက်မှုနဲ့ တွေးတောဆင်ခြင်နိုင်မှုတို့ကို တိုးစေပါတယ်။ အသက်ကြီးလာတာနဲ့အမျှ ဗီတာမင် B12 ကို ထုတ်တဲ့ ဦးနှောက်က သေးငယ်လာပါတယ်။ ဒါကြောင့် ဖြည့်စွက်စာကို နေ့စဥ်စားသုံးပေးဖို့ လိုအပ်ပါတယ်။

ညစာကိုစောစောစားပေးပါ

ပေါ့ပေါ့ပါးပါးဖြစ်တဲ့ညစာကို စောစောစားတာဟာ ကျန်းမာရေးအတွက် အကျိူးများစွာ ရစေနိုင်ပါတယ်။ကိုယ်အလေးချိန် ကို  ကျစေပြီး ဦးနှောက်ကို ပိုအားဖြည့်‌စေနိုင်ပါတယ်။ ညစာ စောစောစားတာက ခန္ဓာကိုယ်က အစားအစာတွေကို ကောင်းကောင်းချေဖျက်ဖို့ အချိန်ပို ရတာကြောင့် သွေးတွင်းသကြားဓာတ်ပမာဏကို မမြင့်တက်စေဘဲ သင့်ဦးနှောက်ထဲ  စွမ်းအင်စီးဆင်းမှုကိုလည်း ပိုမိုထောက်ပံ့ပေးပါတယ်။

သီချင်းနားထောင်ပေးပါ

သီချင်းနားထောင်ပေးတာဟာ သွေးခုန်နှုန်းနှင့် နှလုံးခုန်နှုန်းကို နှေးကွေးစေပြီး စိတ်ဖိစီးမှုဖြစ်စေတဲ့ ဟော်မုန်းကို အမှန် တကယ် ကျဆင်းစေ ပါတယ်။ သီချင်းနားထောင်တာက ကျန်းမာရေးနှင့်ညီညွတ်ပြီး ဦးနှောက်ကို အားပြန်ဖြည့်ပေးဖို့ အကောင်းဆုံး နည်းလမ်းတစ်ခုလည်း ဖြစ်ပါတယ်။

ပန်းသီးဖျော်ရည်သောက်ပေးပါ

ပန်းသီးနဲ့ ပန်းသီးဖျော်ရည်က ကလေးနဲ့လူကြီးတွေအတွက် အသင့်တော်ဆုံး အစားအစာတွေထဲက တစ်ခုအပါအဝင်ပါ။ ခန္ဓာကိုယ်က မရှိမဖြစ်လိုအပ်တဲ့ neurotransmitters ကို ထုတ်လုပ်ဖို့ ကူညီပေးသောကြောင့် မှတ်ဉာဏ်ကိုတိုးစေပါတယ်။ ပန်းသီးနဲ့ပန်းသီးဖျော်ရည်က သင့်ဦးနှောက်ကိုကာကွယ်နိုင်ပြီး အယ်လ်ဇိုင်းမားဖြစ်နိုင်ချေကို လျှော့ချပေးနိုင်ပါတယ်။

သူငယ်ချင်းတွေ၊  မိသားစုတွေနဲ့ အချိန်ဖြုန်းပါ။

သူငယ်ချင်းတွေ၊  မိသားစုတွေနဲ့အချိန်ဖြုန်းတာက  ဦးနှောက်ကို ပြန်လည်နုပျိုစေပြီး ခွန်အားနှင့် လှုံ့ဆော်မှုတို့ကို ပေးစွမ်းနိုင်ပါတယ်။

စာဖက်ပေးပါ

စာဖတ်တာက စိတ်ကို လွတ်မြောက်စေဖို့အတွက် အစွမ်းထက်တဲ့ နည်းလမ်းတစ်ခုဖြစ်ပြီး စာဖတ်ခြင်းက စိတ်ဖိစီးမှုကို 68% လျှော့ချနိုင်သောကြောင့် စိတ်ဖိစီးမှုဒဏ်မှ ကင်းဝေးအောင် စာဖတ်ပေးသင့်ပါတယ်။