ထမင်းစားပြီးခါစမှာဆိုရင် ဗိုက်တင်းနေတာဖြစ်တဲ့အတွက် မပြုလုပ်သင့်တဲ့အရာတွေရှိပါတယ်။ တချို့ကသိပေမယ့်လည်း တချို့ကျတော့ မသိလို့ လုပ်မိနေတာတွေ ရှိပါတယ်။ ဒါကြောင့် ထမင်းစားပြီးခါစအချိန်နဲ့ ဗိုက်တင်းနေတဲ့အချိန်တွေမှာ မပြုလုပ်မိအောင် ဂရုစိုက်ပေးရမယ့်အရာငါးခုကို ပရိသတ်တွေရဲ့ကျန်းမာရေးအတွက် ဖော်ပြပေးလိုက်ပါတယ်။

လမ်းလျှောက်ခြင်း၊ ပြေးခြင်း။

Source: www.events.runningroom.com

ထမင်းစားပြီးတဲ့အချိန်နဲ့ အစားအစာတစ်ခုခုကို စားပြီးတဲ့အချိန်တွေမှာ ပြေးတာမျိုးတွေနဲ့ လမ်းလျှောက်တာမျိုးတွေကို မပြုလုပ်ရပါဘူး။ ဒီလိုလုပ်တာဟာ အစာမကြေဖြစ်စေနိုင်တဲ့အပြင် လမ်းမြန်မြန်လျှောက်ရင်၊ ပြေးရင် ဗိုက်အောင့်လေအောင့် ဖြစ်နိုင်ပါတယ်။

အိပ်စက်ခြင်း၊ လဲလျောင်းခြင်း။

Source: www.lipstiq.com

ထမင်းစားပြီးပြီးခြင်းနဲ့ ဗိုက်အရမ်းတင်းနေတဲ့အချိန်မှာ အိပ်စက်တာနဲ့ လဲလျောင်းတာမျိုးကို ရှောင်ကြဉ်ပေးရပါတယ်။ တချို့ကျတော့လည်း မအိပ်ပေမယ့် ထမင်းစားပြီးရင် လဲလျောင်းနေတာမျိုးတွေရှိပါတယ်။ ဒီလိုနေတာဟာ အစာချေစနစ်ကို နှောင့်နှေးစေတဲ့အပြင် အဆီလည်းပိုတက်စေပါတယ်။

ရေချိုးခြင်း။

Source: www.japaninfo.com

ထမင်းစားပြီးတဲ့အချိန်နဲ့ ဗိုက်တင်းစေတဲ့အစားအစာ တစ်ခုခုကိုစားပြီးတိုင်းမှာ ရေလုံးဝမချိုးရပါဘူး။ ဒီလိုအချိန်မှာ ရေချိုးတာဟာ အစာချေစနစ်ကိုလည်း အနှောင့်အယှက်ဖြစ်စေသလို၊ ဗိုက်ပူပြီး ဗိုက်ရွှဲစေပါတယ်။

ရေခဲရေနဲ့ ရေနွေးကြမ်းသောက်ခြင်း။

Source: www.studyandjobs24.com

ထမင်းစားပြီးတဲ့အချိန်မှာ ရိုးရိုးရေပဲသောက်သင့်ပါတယ်။ ရေခဲရေသောက်တာဟာ အစာခြေစနစ်ကို အနှောင့်အယှက်ဖြစ်စေပြီး အစာမကြေဖြစ်နိုင်သလို ရေနွေးသောက်တာကလည်း အစာမကြေဖြစ်စေပါတယ်။

ဆေးလိပ်သောက်ခြင်း။

Source: www.essentialbaby.com.au

ဆေးလိပ်သောက်ခြင်းက ကျန်းမာရေးကိုထိခိုက်စေတယ်ဆိုတာကိုတော့ ပြောနေစရာမလိုလောက်အောင် အားလုံးလည်းသိပြီးသားဖြစ်မှာပါ။ ဒါပေမယ့် တချို့တွေက ထမင်းစားပြီးရင် ဆေးလိပ်ထွက်သောက်တာမျိုးတွေ ရှိတတ်ပါတယ်။ ဒီလိုအပြုအမူမျိုးကို ထမင်းစားပြီးခါစအချိန်မှာ လုံးဝမလုပ်သင့်ပါဘူး။