မင်္ဂလာပါပျိုမေတို့ရေ… လူတစ်ယောက်အတွက် နေ့တစ်နေ့ကိုကောင်းကောင်းဖြတ်သန်းနိုင်ဖို့ဆိုတာ တစ်နေ့တာလုံးရဲ့အစ မနက်ခင်းမှာအများကြီး သက်ရောက်မှုရှိပါတယ်။ မနက်ခင်းမှာထဲက လန်းဆန်းတက်ကြွမှုရှိနေမှ တစ်နေ့တာလုံးကိုကောင်းကောင်းမွန်မွန်ဖြတ်သန်းနိုင်မယ်ဆိုတာကိုလည်း မှတ်သားထားဖို့လိုအပ်ပါတယ်။

အခုပြောပြချင်တာလေးကတော့ မနက်ခင်းတိုင်းကို Lemon Water လေးသောက်ပြီး နေ့တစ်နေ့ကိုစတင်ဖို့ သင့်တော်တယ်လို့ သက်သေပြနေတဲ့အချက်တွေကို ပြောပြပေးချင်ပါတယ်။

အစာချေစနစ်ကိုကောင်းမွန်စေတယ်

မနက်ပိုင်းမှာ Lemon Water သောက်ပေးတာက အစာချေစနစ်ကိုကောင်းမွန်လာစေဖို့ အထောက်အကူဖြစ်စေပါတယ်။ Lemon မှာပါဝင်နေတဲ့ အက်စစ်ဓာတ်က အစာချေစနစ်အပြင် အစာအိမ်ကိုပါကောင်းမွန်စေနိုင်တဲ့အတွက်ကြောင့် အရမ်းကိုအထောက်အကူဖြစ်စေပါတယ်နော်။

ရေဓာတ်ကိုပြည့်ဝစေပါတယ်

တစ်နေ့တာလုံးကို ရေကောင်းကောင်းမသောက်နိုင်လောက်အောင် အလုပ်များတတ်တဲ့သူတွေဆိုရင်တော့ မနက်ခင်းအိပ်ယာကနေနိုးလာတာနဲ့ Lemon Water ကိုမဖြစ်မနေသောက်ပေးဖို့လိုအပ်တယ်လို့ ပြောပြပေးချင်ပါတယ်။ မနက်ပိုင်းအစမှာထဲက Lemon Water ကြောင့်ရေဓာတ်ကောင်းကောင်းပြည့်ဝနေပြီမယ်ဆိုရင် အကောင်းဆုံးပါ။

ကိုယ်အလေးချိန်ကျစေဖို့

ဝိတ်လျော့ဖို့အတွက်ကြိုးပမ်းနေကြတဲ့သူတွေဆိုရင်လည်း ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ အဆီတွေကိုဖယ်ရှားနိုင်ဖို့အတွက် မနက်တိုင်းမှာ Lemon Water ကိုပုံမှန်သောက်ပေးမယ်ဆိုရင် ခန္ဓာကိုယ်မှာရှိနေတဲ့အဆီတွေကို သိသိသာသာလျော့နည်းလာစေဖို့ အထောက်အကူဖြစ်စေမှာပဲဖြစ်ပါတယ်။

ပြုလုပ်ရတာလည်း အပန်းမကြီးတဲ့ Lemon Water ကိုမနက်ခင်းတိုင်းမှာ ပုံမှန်သောက်ပေးမယ်ဆိုရင် စိတ်ကိုလန်းဆန်းသွားစေရုံသာမကပဲ ကျန်းမာရေးအတွက်လည်းအထောက်အကူတွေဖြစ်နေစေတာကြောင့် လိုက်နာသင့်ပါတယ်နော်။