သင့်ခန္ဓာကိုယ်မှာ microbiome လို့ခေါ်တဲ့ ဘတ်တီးရီးယားတွေ ၊ ဗိုင်းရပ်စ်များနှင့် မှိုပေါင်းများစွာနဲ့ ပြည့်နေပြီး ပိုးမွှားအများစုဟာ အူထဲမှာ ရှိနေကြပါတယ်။ လူတွေက အူကျန်းမာရေးအကြောင်း ပြောကြတဲ့အခါ အများအားဖြင့် အူထဲမှာနေထိုင်တဲ့ပိုးမွှားတွေကို ရည်ညွှန်းလေ့ရှိကြပါတယ်။ကျန်းမာသော အူကိုထိန်းသိမ်းတာဟာ ကိုယ်ခံအားစနစ်နဲ့ ကျန်းမာရေးကို အထောက်အကူဖြစ်စေပါတယ်။ ဒါကြောင့် အူလမ်းကြောင်းကိုကျန်းမာစေဖို့ နည်းလမ်းကောင်းများကို ဖော်ပြလိုက်ပါတယ်။

၁.အချဥ်ဖောက်ထားတဲ့ အစားအစာများကိုစားပေးပါ

ဒိန်ချဥ် ၊ ချိစ် ၊ ကင်မ်ချီ ၊ ဂေါ်ဖီထုပ်ချဥ် စသဖြင့် အချဥ်ဖောက်ထားတဲ့ အစားအစာတွေဟာ ကျန်းမာတဲ့ အစာအိမ်ကို ထိန်းသိမ်းဖို့ ကူညီပေးတဲ့ ပရိုဘိုင်အိုတစ်တွေ ကြွယ်ဝစွာပါဝင်ပါတယ်။ ဒိန်ချဥ် ၊ ကီဖာနဲ့ အေးခဲထားတဲ့ဘယ်ရီသီးတို့ကို ဖျော်ရည်လုပ်ပြီး မနက်စာ သို့မဟုတ် အဆာပြေစာ အချိန်တွေမှာ စားသုံးပေးနိုင်ပါတယ်။

၂.ပြုပြင်မှုအနည်းဆုံးအစားအစာများကို ရွေးချယ်ပါ။

ဒိန်ချဉ်၊ အစေ့အဆန်များ၊ သစ်သီးများ၊ ဟင်းသီးဟင်းရွက်များ၊ ပဲ၊ အခွံမာသီးနှင့် အဆီများသောငါးတို့လို အနည်းအကျဥ်း ပြုပြင်ထားတဲ့ အစားအစာတွေက အလွန်ပြုပြင်ထားတဲ့ အစားအစာတွေထက် သကြားပါဝင်မှုနည်းပါးပြီး အူလမ်းကြောင်းနဲ့ ခန္ဓာကိုယ်အနှံ့ နာတာရှည်ရောင်ရမ်းမှုကို လျှော့ချပေးနိုင်ပါတယ်။

၃.အစားအစာအုပ်စုများ ပါဝင်အောင်စားပေးပါ

အစားအစာအုပ်စုအားလုံးက အစားအစာအမျိုးမျိုးကို စားပေးခြင်းက ကောင်းသောဘတ်တီးရီးယားတွေအတွက် အာဟာရဖြစ်စေပြီး အူလမ်းကြောင်းအတွက် ကောင်းမွန်တဲ့ဘက်တီးရီးယားများတွေ ပိုမိုများပြားလာဖို့ ကူညီပေးထားပါတယ်။ အစားစားတဲ့အခါ အနည်းဆုံး အစားအစာအုပ်စုနှစ်ခုပါဝင်အောင် စားပေးပါ။

၄.အမျှင်ဓာတ်များသော အစားအစာများကို စားပေးပါ

အမျှင်ဓာတ်က အူထဲမှာရှိတဲ့ ကောင်းတဲ့ရောဂါပိုးမွှားတွေအတွက် အစာဖြစ်ပြီး ကောင်းတဲ့ ဘက်တီးရီးယားအရေအတွက်ကို တိုးစေပါတယ်။ ပဲ၊ အစေ့အဆန်၊ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တို့က  အမျှင်ဓာတ်ကြယ်ဝတာကြောင့်  သင်ရဲ့နေ့စဉ်စားသုံးမှုပုံစံတွင် မဖြစ်မနေပါသင့်ပါတယ်။ ပဲအမျိုးမျိုးနှင့် ဟင်းသီးဟင်းရွက်မျိုးစုံကို ဟင်းချို သို့မဟုတ် အသုပ်ပုံစံတို့ဖြင့် စားသုံးနိုင်ပါတယ်။

၅.တက်တက်ကြွကြွနေထိုင်ပါ

အာဟာရကြွယ်ဝတဲ့ အစားအစာများကို စားသုံးခြင်းအပြင် လေ့ကျင့်ခန်းလုပ်ခြင်းကလည်း အစာအိမ်ကျန်းမာရေးနှင့် အူထဲမှာရှိတဲ့ကျန်းမာတဲ့ ဘက်တီးရီးယားတွေကို တိုးပွားစေပါတယ်။