ဆံပင်အုံထူပြီး ရှည်လျားတဲ့ ဆံကေသာကို လူတိုင်းလိုချင်ကြပါတယ်။အမျိုးသမီးတို့အတွက်တော့ ဆံကေသာဆိုတာ ဒုတိယမျက်နှာ ဆိုလည်းမမှားပါဘူး။ သဘာဝပတ်ဝန်းကျင်၊ လေထုညစ်ညမ်းမှုတွေကြောင့်အပါအဝင် ကိုယ်အသုံးပြုနေတဲ့ အလှကုန်ပစ္စည်းတွေနဲ့ နေထိုင်ပြုမူမှုတွေကြောင့် ဆံပင်ကျွတ် တတ်ကြပါတယ်။ ဆံပင်ကျွတ်တာသက်သာစေပြီး ဆံကေသာကို သဘာဝအတိုင်း သန်စွမ်းစေမယ့် နည်းလမ်းကောင်းတွေကို မျှဝေပေးချင်ပါတယ်။

ပါဝင်ပစ္စည်း

ကြက်ဥ ၂ လုံး

ကြက်ဆူဆီ စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း

ခွက်တစ်လုံးထဲမှာ ကြက်ဥနှစ်လုံးကိုခွဲပြီးထည့်လိုက်ပါ။ ပြီးရင်သေချာခလောက်လိုက်ပါ။

အဲဒီနောက် ကြက်ဆူဆီထည့်ပေးပါ။ ပြီးရင်သေချာမွှေပေးလိုက်ပါ။

အသုံးပြုနည်း


ဦးရေပြားအပါအဝင် ဆံပင်အရင်းကနေ အဖျားထိ သေချာလိမ်းပေးပါ။ ပြီးရင် ၂၅ မိနစ် ၊ မိနစ် ၃၀ လောက်ထားပြီး ခေါင်းလျှော်ချလိုက်ပါ။ ခေါင်းလျှော်ပြီးရင် ဆံပင်အဖျားလေးတွေကို ပေါင်းဆေးထည့်ပေးဖို့ မမေ့ပါနဲ့။

တစ်ပတ်ကို တစ်ကြိမ် ဒီနည်းလမ်းကို အသုံးပြုပေးနိုင်ပါတယ်။ ကျန်းမာသန်စွမ်းတောက်ပြောင်တဲ့ ဆံကေသာအလှကို ပိုင်ဆိုင်ကြပါစေနော်…