မင်္ဂလာပါ ပျိုမေတို့ရေ… လူတစ်ယောက်ရဲ့ ဒုတိယမျက်နှာပါလို့ သတ်မှတ်ထားကြတဲ့ ဆံသားတွေကျန်းမာပြီး လှပနေစေဖို့အတွက် နည်းလမ်းတွေအမျိုးမျိုးလုပ်နေကြတာက မိန်းကလေးတိုင်းရဲ့သဘာဝပါ။ ဒါပေမယ့် တကယ်ထိရောက်ပြီး အကျိုးရှိတဲ့နည်းလမ်းလေးကိုရှာတွေ့ဖို့က ပိုအရေးကြီးတာပေါ့။ ဆံသားလှပပြီး ကျန်းမာနေစေဖို့ တကယ်အရေးကြီးတာကတော့ Vitamin E ပါပဲ။ ဆံသားအတွက် Vitamin E ကဘာကြောင့်အရေးပါတယ်ဆိုတာတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

တော်တော်များများကို စိတ်ညစ်စေတဲ့ ဆံသားပြဿနာကတော့ ဆံပင်ကျွတ်တာပါ။ ဦးရေပြားမှာအားနည်းပြီး ဆံသားတွေကလည်းပျက်စီးနေတာကြောင့် ဆံပင်ကျွတ်ဖို့အတွက်ပိုပြီး လွယ်ကူစေတာပေါ့။ ဆံသားကိုသေချာဂရုမစိုက်နိုင်ဘူးဆိုရင် ဆံသားကလည်းသင့်ကိုပြန်ဂရုစိုက်နေမှာတော့ မဟုတ်ဘူးနော်။

Vitamin E က သွေးလှည့်ပတ်မှုစနစ်ကိုလည်း ကောင်းမွန်စေပါတယ်။ ဦးရေပြားပေါ်မှာ Vitamin E ကိုလိမ်းပေးပြီး ညင်သာစွာနှိပ်နယ်ပေးမယ်ဆိုရင် သွေးလှည့်ပတ်မှုကိုကောင်းမွန်စေပြီး ဦးရေပြားမှာရှိတဲ့ မွေးညင်းပေါက်လေးတွေကိုပါ ကျန်းမာစေတာကြောင့် ဆံပင်တွေမကျန်းမာမှာကို စိတ်ပူနေစရာတော့မလိုတော့ဘူးပေါ့။

ဦးရေပြားမှာရှိနေတဲ့ အဆီထုတ်လုပ်မှုနဲ့ pH Level ကိုလည်း ထိန်းညှိပေးနိုင်တာကြောင့် ဦးရေပြားပြဿနာတွေလည်း လျော့နည်းသွားစေမှာပါ။ ဦးရေပြားမှာ ခြောက်သွေ့နေတဲ့အခါ လိုအပ်တဲ့အဆီဓာတ်တွေကို မထုတ်ပေးနိုင်ဘူးဆိုရင် ဗောက်ထတဲ့ပြဿနာတွေ၊ ဆံသားခြောက်သွေ့ကြမ်းတမ်းတဲ့ပြဿနာတွေနဲ့ ရင်ကိုရင်ဆိုင်လာရပါလိမ့်မယ်။

Vitamin E ကြွယ်ဝစွာပါဝင်နေတဲ့စားစရာတွေကို များများစားသုံးပေးပါ

ဆံသားအတွက် အဓိကအနေနဲ့ အရေးကြီးနေတဲ့ Vitamin E ကိုလုံလောက်စွာရရှိနေစေဖို့အတွက် အစားအသောက်နဲ့လည်း ဖြည့်ဆည်းပေးဖို့လိုပါလိမ့်မယ်။ နေ့စဉ်စားသုံးတဲ့အစားစာတွေထဲမှာ Vitamin E ကြွယ်ဝစွာပါဝင်နေတဲ့ အစားစာတွေကိုများများစားသုံးပေးမယ်ဆိုရင် ဆံသားအတွက်အထောက်အပံ့ကောင်းတွေ ရရှိလာစေမှာပါ။ အစိမ်းရောင်ရှိတဲ့အသီးအရွက်တွေမှာ Vitamin E ကြွယ်ဝစွာပါဝင်နေတာဆိုတော့ ပန်းကော်ဖီစိမ်း၊ ဟင်းနုနွယ်ရွက်၊ ပဲအမျိုးမျိုး စတာတွေကိုပုံမှန်စားသုံးပေးသွားဖို့ လိုပါလိမ့်မယ်။

Vitamin E ပါဝင်တဲ့ ခေါင်းလေ ျှာ်ရည်မျိုးကိုရွေးချယ်ပါ

ဆံသားကောင်းမွန်ဖို့အတွက် အရည်အသွေးကောင်းတဲ့ ခေါင်းလေ ျှာ်ရည်မျိုးကို ရွေးချယ်သုံးစွဲတတ်ဖို့လည်း လိုအပ်ပါလိမ့်မယ်။ ဒါကြောင့် ဆံသားအတွက်အဓိကလိုအပ်တဲ့ Vitamin E ကို ရရှိနိုင်ဖို့အတွက် ခေါင်းလေ ျှာ်ရည်ကိုရွေးချယ်ဝယ်ယူတဲ့အခါမှာ Vitamin E ပါဝင်တာတွေကို ရွေးချယ်ပြီးဝယ်ယူသင့်ပါတယ်။

Vitamin E Oil သုံးပေးပါ

ခေါင်းလျှော်ပြီးသွားတဲ့အချိန်မှာ ဆံသားတွေကို နူးညံ့ပြီးကျန်းမာစေဖို့အတွက် Vitamin E Oil ကိုပုံမှန်လိမ်းပေးနေဖို့ကလည်း လိုအပ်ပါတယ်။

Photo Source: Pinterest