ဆံကေသာနဲ့ပတ်သက်လာရင် အမျိုးသမီးတွေသာမက အမျိုးသားတွေပါ ကျန်းမာသန်စွမ်းပြီး နူးညံ့တောက်ပြောင်တဲ့ ဆံကေသာကို ပိုင်ဆိုင်လိုချင်ကြတာချည်းပါပဲ။

သို့သော်လည်း ရှုပ်ထွေးလှတဲ့ တစ်နေ့တာတို့ကြောင့် ဆံကေသာကို ဂရုမစိုက်နိုင်တော့ရာကနေ တဖြည်းဖြည်းနဲ့ ပျက်စီးအားနည်းလာတာကိုပဲ ကြုံတွေ့လာနေရပါတယ်။

ဒါကြောင့် ကိုယ့်ရဲ့ဆံကေသာကို အရင်တုန်းကလို ပြန်ပြီးလှပလာစေဖို့အတွက် ရှောင်ရမယ့်အရာများနဲ့ ဆောင်ရမယ့်အချက်တွေကို တစ်စုတစ်စည်းတည်း ဖော်ပြပေးလိုက်ရပါတယ်။

၁။ တစ်လတစ်ခါ ထောပတ်သီးနဲ့ပြုလုပ်ထားတဲ့ Mask နဲ့ပေါင်းတင်ပါ

၂။ ခေါင်းလျှော်ရည်အစား ကြက်ဥအနှစ်အစိမ်းတွေကိုသုံးပြီး ခေါင်းလျှော်ပါ။ ဒီလိုပြောလိုက်လို့ ထူးဆန်းတယ်လို့ ထင်နိုင်ပေမယ့်လည်း ဓာတုပစ္စည်းတွေထည့်သွင်းပြုလုပ်ထားတဲ့ ခေါင်းလျှော်ရည်တွေထက် သဘာဝထွက်ကုန်ဖြစ်တဲ့ ကြက်ဥအနှစ်ကို အသုံးပြုခြင်းက ဆံကေသာကို အားမယုတ်စေဘဲ အစိုဓာတ်ဖြည့်သွင်းပေးမှာဖြစ်ပါတယ်။

၃။ ခေါင်းကို မကြာခဏမလျှော်ပါနဲ့။ ခဏခဏ ခေါင်းလျှော်ခြင်းက ဆံပင်ရှည်လျားရန် လိုအပ်တဲ့ အာဟာရဓာတ်ကို ဖြည့်ဆည်းပေးတဲ့ ဦးရေပြားကအဆီတွေကို ဖယ်ရှားပစ်လိုက်နိုင်တဲ့အတွက်ပါ။

၄။ ဆာလ်ဖိတ်ပါဝင်မှုမရှိတဲ့ ခေါင်းလျှော်ရည်ကို အသုံးပြုပါ။ ဆာလ်ဖိတ်တွေက ဆံကေသာရဲ့သဘာဝအစိုဓာတ်ကို ဆွဲချွတ်လိုက်နိုင်တဲ့ အန္တရာယ်ပြုဓာတ်တစ်မျိုးဖြစ်တာကြောင့် ခေါင်းလျှော်ရည်ဝယ်တဲ့အခါတိုင်းမှာ ဆာလ်ဖိတ်ပါမပါ သေချာစစ်ဆေးပြီးမှ ဝယ်ယူပါ။

Source: Bustle

၅။ ညဖက်အိပ်ရာမဝင်ခင်မှာ ဆံပင်ကိုပြေပြေလေး ကျစ်ဆံမြီးစည်းအိပ်ပါ။ မနက်ရောက်တဲ့အခါ လှပတဲ့လှိုင်းတွန့်လေးတွေကို ရရှိစေမှာဖြစ်သလို အိပ်ချိန်တွင်းမှာ ဆံပင်တွန့်ခြင်း၊ ငြိခြင်း၊ ကျိုးကျေခြင်းတို့ကို မဖြစ်အောင် ကာကွယ်နိုင်ပြီး အရှည်လည်းမြန်စေမှာဖြစ်ပါတယ်။

၆။ ဆံပင်ကို မကြာခဏ လေမှုတ်ပြီးခြောက်အောင်မလုပ်ပါနဲ့။ ခေါင်းလျှော်ပြီးလို့ သဘာဝအတိုင်းအခြောက်ခံတာဖြစ်ဖြစ် ပြုလုပ်သင့်ပြီး အကယ်လို့ လေမှုတ်စက်အသုံးပြုချင်ပါက အပူခံလိုးရှင်း သို့မဟုတ် Leave-in Conditioner ကို အသုံးပြုပေးလိုက်ပါ။

၇။ ညဖက်ကျမှ ရေချိုးခေါင်းလျှော်ပြုလုပ်ဖို့အချိန်ရတယ်ဆိုရင် ခေါင်းကိုသေချာခြောက်အောင်လုပ်ပြီးမှ အိပ်ရာဝင်ပါ။ မခြောက်တစ်ခြောက်နဲ့ အိပ်ရာဝင်လိုက်ပါက နောက်တစ်နေ့မနက်ရောက်တဲ့အခါ ဆံပင်တွေကျိုးကျေပျက်စီးနေတာကို ကြုံတွေ့ရမှာဖြစ်ပါတယ်။

Source: Cnet

၈။ ဖြောင့်စက်၊ ကောက်စက်တို့ကို အတတ်နိုင်ဆုံးရှောင်ကြဉ်ပါ။ အကယ်လို့ ကိုယ်က မသုံးမဖြစ်သုံးရမယ်ဆိုရင်တော့ အပူကာကွယ်ပေးမယ့် စပရေးတစ်ခုခုဖြန်းပြီးမှ အသုံးပြုပေးပါ။ အပူချိန်အများကြီးတင်ပြီး ဒီလိုစက်ကိရိယာတွေကို ဒီအတိုင်း အသုံးပြုမယ်ဆိုပါက ဆံပင်ရဲ့ဖိုက်ဘာတွေကို အားနည်းသွားစေမှာဖြစ်ပါတယ်။

၉။ ဆံကေသာအတွက် အကျိုးကျေးဇူးအများကြီးပေးစွမ်းနိုင်တဲ့ Argan Oil ကို အသုံးပြုပေးပါ။ ဆံပင်နှစ်ခွဖြစ်တာတွေ၊ ဦးရေပြားခြောက်သွေ့တာတွေအတွက် အင်မတန်အစွမ်းထက်ပါတယ်။

၁၀။ ခေါင်းစိုနေချိန်မှာ ဘီးမဖြီးပါနဲ့။ ခေါင်းစိုကြီးကို ဘီးဖြီးလိုက်မယ်ဆိုရင် ကျိုးကြေလွယ်တာကြောင့် ခေါင်းလျှော်နေချိန် Conditioner သုံးနေစဉ်အတွင်း ဘီးကြဲကြီးနဲ့ ဖြီးပေးနိုင်ပါတယ်။

Source: makeupandbeauty.com

၁၁။ အကယ်လို့ ကိုယ့်ရဲ့ဆံပင်မှာ နှစ်ခွတွေအရမ်းများနေတယ်ဆိုပါက ဆံပင်ပြန်လည်ကျန်းမာလာဖို့အတွက် ရှစ်ပတ်တစ်ကြိမ် အဖျားတိပေးပါ။

Featured Image Source: Phillip Adam