ဆံပင်ရှည်ဖို့က မိန်းကလေးအများစုရဲ့ပန်းတိုင်တစ်ခုဖြစ်တယ်ဆိုလည်းမှားမယ်မထင်ပါ။ ဆံပင်အမြန်ရှည်စေဖို့အတွက် အကောင်းစားခေါင်းလျှော်ရည်၊ ပေါင်းဆေး နဲ့ ဆံပင်အဖျားညှပ်တာတွေကို အထောက်အကူဖြစ်စေပေမယ့် စားပေးတဲ့အစားအသောက်ကလည်း များစွာအကျိုးရှိစေပါတယ်။

အခုပြောပြချင်တာက ဒီအစားအစာတွေက သင့်ဆံပင်အရှည်မြန်စေဖို့အတွက်မက ကျန်းမာဖို့အတွက်လည်း ဖြစ်ပါတယ်။

၁။ဆော်လမွန်ငါး

သိပ္ပံနည်းကျစမ်းသပ်ချက်များအရ ဒီငါးထဲမှာပါတဲ့ Omega-3 fatty acids ဟာ ဆံပင်သားပေါက်ခြင်းကို ဖြစ်စေတဲ့အပြင် ဆော်လမွန်တွင် ဗီတာမင် B12 နှင့်သံဓာတ်ပါ ၀င်ပြီး သင့်ဆံပင်ကိုလျင်မြန်စွာကြီးထွားစေနိုင်တယ်။

၂။ကမာ

ကမာကောင်များတွင်ပါဝင်တဲ့သွပ်တစ်မျိုးက ဆံပင်တွေလျင်မြန်စွာရှည်လာစေပြီး တောက်ပစေပါတယ်။ ဒီဒြပ်စင်ကို နေ့စဉ်စားဖို့ လိုအပ်ပါတယ်။ ဒါပေမယ့်လည်း နေ့တိုင်း ကမာကောင်စားဖို့က မဖြစ်နိုင်ပါဘူး။ အဲဒါကြောင့် ကမာကောင်အစား ဂျုံ၊ အမဲသား (အထူးသဖြင့်အသည်း) နှင့်ဝက်သားဖြင့်အစားထိုးပြီး စားလို့ရပါတယ်။ အဲ့ဒီအစားအစာများတွင်လည်းသွပ်လုံလောက်စွာပါဝင်ပါတယ်။

၃။ကြက်သား

ကြက်သား များများ စားသင့်တဲ့ အကြောင်းအရင်း ၇ ချက်

ကြက်သားတွင်အသားပရိုတိန်းဓာတ်များစွာပါဝင်ပြီး ၎င်းက ကရာတေးထုတ်လုပ်ရန်လိုအပ်ပါတယ်။ ဘာလို့လဲဆိုတော့ ၈၀ရာခိုင်နှုန်းသောကရာတေးက ဆံပင်ရိုးတံကိုထုတ်လုပ်ပေးတာဖြစ်တယ်။ အကယ်လို့၂-၃ လသာ ပရိုတင်းဓာတ်ချို့တဲ့မယ်ဆိုရင် ဆံပင်ပေါက်ခြင်းနှင့် ဆံပင်ကျွတ်ခြင်းကိုရပ်တန့်စေပါတယ်။ အဲဒီအတွက်ပရိုတိန်းများလုံလောက်စွာပါရှိတဲ့ အခြားအသားမျိုးများ (ကြက်ဆင်၊ ယုန်)ကို စားဖို့လိုအပ်ပါတယ်။

၄။ကြက်ဥ

ကြက်ဥများတွင်ဆံပင်ကြီးထွားခြင်းနဲ့ ပုံမှန်ဆံပင်အခြေအနေထိန်းသိမ်းခြင်းအတွက် လိုအပ်သောဒြပ်စင်များပါဝင်ပါတယ်။ ဆံပင်ကျွတ်ခြင်းကိုရပ်တန့်ရန်အတွက် Biotin က အဟာရဖြည့်စွက်တဲ့အရာဖြစ်ပါတယ်။ ထို့အပြင် ကြက်ဥများတွင် သင်တို့ရဲ့ဆံပင်လိုအပ်ချက်ဖြစ်တဲ့ Leucine (cell division အတွက်လုပ်ဆောင်ပေးတဲ့အရာ) နဲ့ အခြားအမိုင်နိုအက်ဆစ်များပါဝင်ပါတယ်။ ဒါပေမယ့် အစာဖြင့်တွဲစားပါက ပိုပြီးထိရောက်စေပါတယ်။

၅။ရွှေဖရုံစေ့

ရွှေဖရုံသီးတွင် ပါရှိသော B1, B2, B3 နှင့် B4 က ဆံပင် ကြီးထွားမှုကို ဖြစ်စေတဲ့အပြင် B5 နှင့် B6 တို့က ဦးရေပြားကျန်းမာရေးကို အထောက်အကူ ပြုစေပါတယ်။ အကယ်လို့ သင်ဆံပင်ကျွတ်ပါက သင်ရဲ့အစားအစာတွင် ဖရုံသီးဆီထည့်ရန်လိုအပ်ပါတယ်။ လေ့လာမှုအရ ၎င်းဖရုံစေ့က ပြင်းထန်သော ရောဂါကိုပင် များစွာကူညီပေးနိုင်ပါတယ်။