အလှအပဟာများစွာသောအရာတွေနဲ့ဖွဲ့စည်းထားတာဖြစ်ပါတယ်။သို့သော် ကျန်းမာသန်စွမ်းသောဆံပင်ကသာ ထူးခြားပြီးဆွဲဆောင်မှုရှိတဲ့ အလှ၏
အဓိကအခန်းကဏ္ဍတွင် ပါဝင်တယ်လို့ ပြောတာက ပိုပြီးမှန်ကန်မယ်ထင်ပါတယ်။

ဒါကြောင့် MyHealth Myanmar ကနေပြီး မြန်မာအမျိုးသမီးတွေရဲ့အိပ်မက်တစ်ခုဖြစ်တဲ့ လှပသောဆံကေသာကိုပိုင်ဆိုင်ဖို့အတွက် ဆံပင်ကို ထိန်းသိမ်းပြုစုရာတွင် မှားလေ့မှားထရှိသောအရာများကို သိရှိစေဖို့အတွက် ဝေမျှပေးလိုက်ပါတယ်။

၁။ခေါင်းလျှော်ရည်ရွေးချယ်မှုမှားခြင်း

Source:shutterstock.com

သင်ရွေးချယ်လိုက်သောခေါင်းလျှော်ရည်ကဆံပင်ကျန်းမာရေးအတွက်အရေးကြီးပါတယ်။ အန္တရာယ်ဖြစ်စေနိုင်တဲ့ အကျိုးဆက်များကို ရှောင်ရှားနိုင်ဖို့အတွက် သင်ခေါင်းလျှော်ရည်က သင်ဆံကေသာအမျိုးအစားနဲ့ ကိုက်ညီမှုရှိရပါမယ်။

၂။ခေါင်းမကြာခဏလျှော်ခြင်း

ခေါင်းလျှော်တဲ့အကြိမ်အရေအတွက်က သင်၏ဆံပင်အမျိုးအစားနှင့်သင်အသုံးပြုသောရေပေါ်မူတည်ပါတယ်။
အကယ်လို့ သင်ရဲ့ဆံပင်ကအဆီပြန်သောအမျိုးအစားတွင်ပါဝင်ပါကသင့်ဆံပင်ကို ၁ရက် မဟုတ်၂ ရက်တစ်ကြိမ်လျှော်ပေးသင့်ပါတယ်။

၃။ခေါင်းလျှော်ရည်ကိုမှားယွင်းစွာအသုံးပြုခြင်း

Woman washing Hands

ခေါင်းမလျှော်မီ သင့်ဆံပင်ကိုနှိုက်နှိုက်ချွတ်ချွတ်ကုတ်ပါ။ သင်အသုံးပြုမယ့်ခေါင်းလျှော်ရည်ပမာဏကလည်း သင်ရဲ့ဆံပင်အရှည်ပေါ်တွင် မူတည်ပါတယ်။ အလွန်အကျွံမသုံးမိဖို့သတိထားပါ။သင့်ဆံပင်အတွက် ခေါင်းလျှော်ရည် ဘယ်လောက်အတိုင်းအတာကိုသုံးရမလဲဆိုတာမသိရင် ပထမဆုံးခေါင်းလျှော်ရည်ကို သင်၏လက်ဖဝါးပေါ်သို့ထည့်ပါ။ အဲဒီနောက် သင့်ဆံပင်၏အရင်းကနေ နူးညံ့တဲ့ဦးရေပြားကို ထိမိစေရန်လက်ချောင်းများဖြင့် (ခြစ်ရာများမဖြစ်စေရန်လက်သည်းများနှင့်မထိရ)ဖြင့် ညင်သာစွာ ကုတ်ခြစ်ပေးရပါမယ်။ ရေချိုးနေစဉ် သင်ရဲ့ခေါင်းကိုနှိပ်ပေးခြင်းကလည်း သင့်ဆံပင်အမြစ်အတွက်အကျိုးရှိပါတယ်။

၄။ရေအပူချိန်

လူအတော်များများဟာသူတို့ရဲ့ဆံပင်ကိုဆေးကြောတဲ့အခါ ရေပူကိုသုံးကြပါတယ်။ဒါကတကယ့် အမှားကြီးဖြစ်ပါတယ်။ ရေပူက သင်ရဲ့ဆံပင်ကို အရောင်ချွတ်ကာအဆီထုတ်သောဂလင်းများကိုလှုံ့ဆော်ပေးပါတယ်။ အကောင်းဆုံးကတော့ ရေအေးကို အသုံးပြုသင့်ပါတယ်။၎င်းတွင် ရေနံဂလင်းများထုတ်လွှတ်မှုအားပျော့စေခြင်း၊ ဖုန်များကိုဖယ်ရှားခြင်းနှင့်သွေးလည်ပတ်မှုကိုကောင်းမွန်စေပါတယ်။အကောင်းဆုံးကတော့ ဆံပင်ကို ရိုးရိုးရေအေး(သို့) အေးစက်နေတဲ့ရေနဲ့ လျှော်ခြင်းက ဆံပင်အမြစ်တွင် သွေးလည်ပတ်မှုကို လှုံ့ဆော်ပေးပြီး သင့်ဆံပင်ကို ချောချောမွေ့မွေ့ဖြစ်ပြီး ဆံသားတောက်ပစေပါလိမ့်မယ်။

၅။ပုဝါဖြင့်ဆံပင်ကိုအခြောက်ခံခြင်း

သင်ခေါင်းလျှော်ပြီးလျှင်ဆံပင်ကိုအရင်းကနေပြီးမျက်နှာသုတ်ပဝါဖြင့် ဖြည်းညင်းစွာသုတ်ပါ။သင်ရဲ့ခေါင်းကိုပုဝါကိုဖြင့်ထုပ်ပြီးအခြောက်မခံပါနှင့်။
သင်ရဲ့ဆံပင်ကိုမြန်မြန်ဆန်ဆန်ခြောက်ဖို့လိုအပ်ပါကမျက်နှာသုတ်ပုဝါ အစား Cotton တီရှပ်ကို အသုံးပြုပါ။

၆။အလွန်အကျွံခေါင်းဖြီးခြင်း

ခြောက်သွေ့တဲ့ ဆံသားပိုင်ရှင်တွေအတွက် ရှောင်ရန် ဆောင်ရန်

အလွန်အကျွံဖြီးလိမ်းခြင်းက သင်ရဲ့ဆံပင်ကိုအလွန်အမင်းမာဆတ်ဆတ်ဖြစ်စေပါတယ်။ ခေါင်းလျှော်ပြီးပြီးချင်းဆံပင်မဖြီးပါနဲ့။ မစိုမခြောက် ဖြစ်တဲ့အထိစောင့်ပါ၊ ထို့နောက်သင့်လက်ချောင်းများနှင့်သေချာစွာခွဲပါ။ အဲဒါပြီးမှသာ သင်စတင်ဖြီးနိုင်ပါတယ်။ ဘီးအကျဲကိုသုံးပြီးအဖျားကနေ ဖြည်းဖြည်းချင်း အရင်းကိုဖြီးပေးရပါမယ်။

၇။ခေါင်းဘီးမဆေးခြင်း

သင်ရဲ့ဘီးကိုအနည်းဆုံးတစ်ပတ်လျှင်တစ်ကြိမ်ရေနွေးဖြင့်ဆေးကြောရန်လိုအပ်ပါတယ်။ ဒါ့အပြင် ဘီးအဟောင်းကိုမှန်မှန်လဲပေးဖို့မမေ့ပါနဲ့။

၈။ဆံပင်ကိုဖိပြီးအိပ်စက်ခြင်း

ဘာမှမဝတ်ဘဲ (သို့) အတွင်းခံမဝတ်ဘဲ ဘာလို့ အိပ်သင့်သလဲ

သင်ရဲ့ဆံပင်အရှည် ဒါမှမဟုတ် ကျောအလယ်လောက်ရှိတယ်ဆိုရင်အိပ်ရာမဝင်ခင် ဆံပင်ကိုစည်းတာဖြစ်ဖြစ် ၊ ပြေပြေလေး ထုံးထားတာပဲ ဖြစ်ဖြစ်လုပ်ပါ။ မဟုတ်ဘူးဆိုရင် ဆံပင်တွေရှုပ်ထွေးတာတွေ၊တစ်ခုခုနဲ့ညှိတာမျိုးရှိနိုင်ပါတယ်။ အဲ့လိုမလုပ်ထားဘူးဆိုရင် မနက်မိုးလင်းတာနဲ့ ရှုပ်ထွေးနေတဲ့ဆံပင်အထုံးတွေကိုဖြည်နေရတာနဲ့ သင့်အချိန်တွေဖြုန်းတီးသလိုဖြစ်ပါလိမ့်မယ်။

Source: Brightside